ၾသစေၾတးလ် လက္ရွိအာဏာရအစိုးရက ၾသစေၾတးလ် ပင်မကုန်းမြေ နင်းပြီးသား ခိုလှုံခွင့်တောင်း လို သူတွေရဲ့ ရပိုင်ခွင့်တွေကို ပလပ်ဖျက်သိမ်း လိုက်တဲ့အပေါ် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာအေဂျင် စီဖြစ်တဲ့ UNHCR က ဝေဖန်လိုက်ပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်ကပဲ သြစတြေးလျအစိုးရက လူဝင်မှုဆိုင်ရာဥပဒေ အပြောင်းအလဲလုပ်ခဲ့ရာမှာ သြစတြေးလျ ပင်မကုန်းမြေရောက်ပြီးသား ဒုက္ခသည်တွေကို ရပိုင်ခွင့်လျော့ချခဲ့တာနဲ့ပတ်သက်ပြီး UNHCR က သြစတြေးလျအစိုးရအနေနဲ့ ဒီလိုလုပ်ဆောင်လိုက်ရုံနဲ့ ခံယူရမယ့် တာဝန်တွေ ကို ခေါင်းရှောင်လို့တော့ မရ နိုင် သေးဘူးလို့ ပြောလိုက် တာ ဖြစ်ပါတယ်။
သြစတြေးလျအစိုးရအနေနဲ့ အခုလိုလူဝင်မှု ဥပဒေပြုလိုက်တာဟာနိုင်ငံတကာ ဥပဒေတွေအရ လိုက်နာ ရမှာဖြစ်တဲ့ တာဝန်ယူမှုနဲ့ သဟာဇာတလည်း မဖြစ်လှဘူးလို့ UNHCR က Babar Baloch က ဝေဖန် လိုက်ပါတယ်။ခိုလှုံခွင့်တောင်းလိုသူ အမျိုးသမီးကို လုံခြုံရေးအရ စိတ်ချရသူလို့ သြစတြေးလျ ထောက် လှမ်းရေးတွေ ပြန်သတ်မှတ်သြစတြေးလျနိုင်ငံ ထောက်လှမ်းရေး တွေက လုံခြုံရေး စိတ်မချရဘူးလို့ ဆုံးဖြတ်ခဲ့တဲ့အတွက် သြစတြေးလျနိုင်ငံမှာ နေထိုင်ခွင့်မရတဲ့ သီရီလင်္ကာ အမျိုးသမီးတစ်ဦးကို ခုအခါမှာ လုံခြုံစိတ်ချရသူလို့ ပြန်လည် သတ်မှတ်ပေးတဲ့အတွက် အလားတူ အခြေအနေမှာ ရှိနေသူတွေ အတွက် မျော်လင့်ချက်တခု တိုးလာပါတယ်။
ယခင်က လက်နက်ကိုင်အဖွဲ့အစည်း တခုခုနဲ့ ဆက်စပ်ဖူးတဲ့ သူတွေ အခုတော့ သြစတြေးလျနိုင်ငံမှာ ဒုက္ခသည်ခံယူဖို့ ရောက်ရှိလာသူတချို့ကို သြစတြေးလျ ထောက်လှမ်းရေးအဖွဲ့ကနေ သြစတြေးလျနိုင်ငံ ရဲ့ လုံခြုံရေးအတွက် စိတ်မချရသူတွေလို့ သတ်မှတ်တဲ့အတွက် ဒုက္ခသည် စစ်မှန် တာတောင် နေထိုင် ခွင့်မရတဲ့ သူတွေရှိနေပါတယ်။
သီရိလင်္ကာနိုင်ငံက အသက် ၄၁ နှစ်အရွယ် မိုနိုကာလာဂျယ်နာဒါဆန်ရဲ့ အမျိုးသားဟာ တာမီးလ်ကျားသူပုန်အဖွဲ့ဝင်ဖြစ်ခဲ့တဲ့အတွက် သူ့ကို သြစတြေးလျ လုံခြုံရေးအတွက် စိတ်မချရသူလို့ ယူဆပြီး နေထိုင်ခွင့် မပေးခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် အဆိုပါ အမျိုးသမီးရဲ့ ခင်ပွန်းသည် ကွယ်လွန်ပြီး အမျိုးသမီးကိုယ်တိုင် သူပုန်အဖွဲ့မှာ တက်ကြွ ပါဝင်တာတွေ မရှိခဲ့တာကို တွေ့ရှိတဲ့အတွက် ခုအခါမှာ လုံခြုံရေးစိတ်ချရသူလို့ သြစတြေးလျထောက် လှမ်းရေးအဖွဲ့က ပြန်ပြောင်း သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
အဆိုပါ အမျိုးသမီးဟာ ခုအခါမှာ သြစတြေးလျနိုင်ငံ မှာ နေထိုင်ခွင့်ရဖို့ အတွက် လျောက် လွှာနောက် တကြိမ် တင်ထားပြီလို့လည်း လူဝင်မှုကြီးကြပ်ရေးဌာနက အတည်ပြု ပြော ဆိုခဲ့ပါတယ်။
သြစတြေးလျနိုင်ငံမှာ လုံခြုံရေး စိတ်မချရသူလို့ သတ်မှတ်ခံရသူလူပေါင်း ၅၄ ယောက် ရှိနေတဲ့အတွက် သူတို့ကိုလည်း အလားတူပြန်ပြောင်းသတ်မှတ်ကြဖို့ လိုလားနေကြပါတယ်။
ABC Radio Australia

No comments:
Post a Comment