Wednesday, June 5, 2013

AIDS ထက် ပိုဆိုးသည့် ရောဂါတစ်မျိုး ဂျပန်တွင် ရှာဖွေတွေ့ရှိ

Photo: AIDS ထက် ပိုဆိုးသည့် ရောဂါတစ်မျိုး ဂျပန်တွင် ရှာဖွေတွေ့ရှိ
Wednesday, June 05, 2013

Gonorrheaခေါ် ဆေးဝါးဒဏ်ကို အံတုနိုင်သော ရောဂါပိုးသစ် တစ်မျိုးကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်သည် ကမ္ဘာပေါ်တွင် AIDSကြောင့် သေဆုံးသူ အရေအတွက်ကို ကျော်လွန်သွားစေနိုင်ကြောင်း ပညာရှင်များက သတိပေးခဲ့သည်။ 

လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများအနက် AIDSထက် ပိုဆိုးသည့် ရောဂါတစ်မျိုးကို ဂျပန်တွင် ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ရောဂါကို ဖြစ်ပွားစေသော ရောဂါပိုးသည် လက်ရှိ အစွမ်းထက်သည့် ကူးစက်ရောဂါ တိုက်ဖျက်ဆေးများကို ကောင်းစွာ ခံနိုင်ရည် ရှိနေကြောင်း သုတေသီများက ပြောကြားခဲ့သည်။ Gonorrheaခေါ် ဆေးဝါးဒဏ်ကို အံတုနိုင်သော ရောဂါပိုးသစ် တစ်မျိုးကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်သည် ကမ္ဘာပေါ်တွင် AIDSကြောင့် သေဆုံးသူ အရေအတွက်ကို ကျော်လွန်သွားစေနိုင်ကြောင်း ပညာရှင်များက သတိပေးခဲ့သည်။

လတ်တလောတွင် အမေရိကန် လွှတ်တော်၌ အဆိုပါ ပိုးကို တိုက်ဖျက်နိုင်မည့် ဆေးဝါးသစ် သုတေသနပြု ဖော်ထုတ်ရန် ဒေါ်လာ (၅၄)သန်း ရန်ပုံငွေ ခွင့်ပြုရေးအတွက် တောင်းဆိုမှုများ ပြုလုပ်နေရသည်။ "ဒီပိုးရဲ့ အကျိုးဆက်က အချိန်တိုလေး အတွင်းမှာတင် AIDSထက် ပိုဆိုးလိမ့်မယ်။ ဒီဘက်တီးရီးယား ပိုးမွှားရဲ့ ထိခိုက်မှုက ပိုပြင်းထန်တယ်။ လူတွေကိုလည်း ပိုပြီးမြန်မြန် ကူးစက်စေနိုင်တယ်"ဟု အဆိုပါ ပိုးမွှားနှင့် ပတ်သက်ပြီး လေ့လာနေသည့် ဆရာဝန် တစ်ဦးဖြစ်သော အလန်ခရစ္စတန်ဆန်က ပြောကြားခဲ့သည်။ H041ဟု Codeသတ်မှတ်ထားသော Gonorrheaကို (၂၀၀၉)ခုနှစ်က ဂျပန်ရှိ လိင်လုပ်သား တစ်ဦးထံတွင် စတင် တွေ့ရှိခဲ့သည်။

ထိုစဉ်ကတည်းက ဆေးဝါးဒဏ် ခံနိုင်သည့် စူပါရောဂါပိုး တစ်မျိုးအဖြစ် ပညာရှင်များက အသိအမှတ် ပြုလာကြသည်။ (၂၀၁၁)ခုနှစ်၊ မေလတွင်မူ ဟာဝိုင်ယီတွင် အခြားတစ်ဦး၌လည်း ယင်းပိုးမွှား ကူးစက်နေကြောင်း တွေ့ရှိလာသည်။ ယင်းဘက်တီးရီးယားသည် အမျိုးသမီးများ၏ သန္ဓေတည်မှု ဖြစ်စဉ်ကိုလည်း အမှားအယွင်းများ ဖြစ်အောင် နှောင့်ယှက်နိုင်သည့် အခြေအနေမျိုး ရှိကြောင်း ပညာရှင်များက ယူဆထားသည်။  အဆိုပါ ပိုးမွှား၏ ပျံ့နှံ့မှုသည် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားနှင့် နော်ဝေးနိုင်ငံတို့သို့လည်း ရောက်ရှိနေပြီဟု ယုံကြည်ရသည်။ AIDSရောဂါကြောင့် နှစ်စဉ် လူပေါင်း သန်း(၃၀)မျှ သေဆုံးလျှက် ရှိနေပြီး ယခု စူပါပိုးမွှားသည့် H041သည်လည်း အလားတူ ဆိုးရွားလှသည့် အကျိုးဆက်များ ဖြစ်လာစေနိုင်ပြီး အန္တရာယ် ကြီးလွန်းကြောင်း ပညာရှင်များက ဝန်ခံထားသည်။ 

Planet.com.mm
Gonorrheaခေါ် ဆေးဝါးဒဏ်ကို အံတုနိုင်သော ရောဂါပိုးသစ် တစ်မျိုးကြောင့် ဖြစ်ပေါ်လာသည့် အကျိုး ဆက်သည် ကမ္ဘာပေါ်တွင် AIDSကြောင့် သေဆုံးသူ အရေအတွက်ကို ကျော်လွန်သွားစေနိုင်ကြောင်း ပညာရှင်များက သတိပေးခဲ့သည်။

လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများအနက် AIDSထက် ပိုဆိုးသည့် ရောဂါတစ်မျိုးကို ဂျပန်တွင် ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ရောဂါကို ဖြစ်ပွားစေသော ရောဂါပိုးသည် လက်ရှိ အစွမ်း ထက်သည့် ကူးစက်ရောဂါ တိုက်ဖျက်ဆေးများကို ကောင်းစွာ ခံနိုင်ရည် ရှိနေကြောင်း သုတေသီ များက ပြောကြားခဲ့သည်။ Gonorrheaခေါ် ဆေးဝါးဒဏ်ကို အံတုနိုင်သော ရောဂါပိုးသစ် တစ်မျိုးကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်သည် ကမ္ဘာပေါ်တွင် AIDSကြောင့် သေဆုံးသူ အရေအတွက် ကို ကျော်လွန်သွားစေနိုင်ကြောင်း ပညာရှင်များက သတိပေးခဲ့သည်။

လတ်တလောတွင် အမေရိကန် လွှတ်တော်၌ အဆိုပါ ပိုးကိုတိုက်ဖျက်နိုင်မည့် ဆေးဝါးသစ် သုတေသနပြု ဖော်ထုတ်ရန် ဒေါ်လာ (၅၄)သန်း ရန်ပုံငွေ ခွင့်ပြုရေးအတွက် တောင်းဆို မှုများ ပြုလုပ်နေရ သည်။ "ဒီပိုးရဲ့ အကျိုးဆက်က အချိန်တိုလေး အတွင်းမှာတင် AIDS ထက် ပိုဆိုးလိမ့်မယ်။ ဒီ ဘက်တီးရီးယား ပိုးမွှားရဲ့ ထိခိုက်မှုက ပိုပြင်းထန်တယ်။ လူတွေကိုလည်း ပိုပြီးမြန်မြန် ကူးစက်စေနိုင်တယ်"ဟု အဆိုပါ ပိုးမွှားနှင့် ပတ်သက်ပြီး လေ့လာနေသည့် ဆရာဝန် တစ်ဦးဖြစ်သော အလန်ခရစ္စတန်ဆန်က ပြောကြားခဲ့သည်။ H041ဟု Codeသတ်မှတ်ထားသော Gonorrheaကို (၂၀၀၉)ခုနှစ်က ဂျပန်ရှိ လိင်လုပ်သား တစ်ဦးထံတွင် စတင် တွေ့ရှိခဲ့သည်။

ထိုစဉ်ကတည်းက ဆေးဝါးဒဏ် ခံနိုင်သည့် စူပါရောဂါပိုး တစ်မျိုးအဖြစ် ပညာရှင်များက အသိအမှတ် ပြုလာ ကြသည်။ (၂၀၁၁)ခုနှစ်၊ မေလတွင်မူ ဟာဝိုင်ယီတွင် အခြားတစ်ဦး၌လည်း ယင်းပိုးမွှား ကူးစက်နေကြောင်း တွေ့ရှိလာသည်။ ယင်းဘက်တီးရီးယားသည် အမျိုးသမီးများ၏ သန္ဓေတည်မှု ဖြစ်စဉ် ကိုလည်း အမှားအယွင်းများ ဖြစ်အောင် နှောင့်ယှက်နိုင်သည့် အခြေအနေမျိုး ရှိကြောင်း ပညာရှင်များက ယူဆထားသည်။ အဆိုပါ ပိုးမွှား၏ ပျံ့နှံ့မှုသည် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုး နီးယားနှင့် နော်ဝေးနိုင်ငံတို့သို့လည်း ရောက်ရှိနေပြီဟု ယုံကြည်ရသည်။ AIDSရောဂါကြောင့် နှစ်စဉ် လူပေါင်း သန်း(၃၀)မျှ သေဆုံးလျှက် ရှိနေပြီး ယခု စူပါပိုးမွှားသည့် H041သည်လည်း အလားတူ ဆိုးရွားလှသည့် အကျိုးဆက်များ ဖြစ်လာစေနိုင်ပြီး အန္တရာယ် ကြီးလွန်းကြောင်း ပညာရှင်များက ဝန်ခံထားသည်။

Planet.com.mm 
 

No comments:

Post a Comment