Wednesday, June 5, 2013

မြန်မာ၊အင်ဒိုနီးရှား၊ ဖိလပ်ပိုင်နှင့် ကမ္ဘောဒီးယားတို့ အာဆီယံဒေသတွင်း လွတ်လပ်စွာသွားလာခွင့်ဗီဇာ သဘာတူညီမှုရရှိ

မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့ အာဆီယံဒေသတွင်း လွတ်လပ်စွာ သွားလာခွင့် ဗီဇာ သဘာတူညီမှုကို ယနေ့ နေပြည်တော်တွင် ကျင်းပလျှက်ရှိသော အရှေ့အာရှ ကမ္ဘာ့စီးပွားရေးဖိုရမ် တွင် လတ်မှတ်ရေးထိုး ခဲ့သည်။

ကမ္ဘာလှည့်ခရီးသွားလာရေးဆိုင်ရာဝန်ကြီးများသည် ဒေသတွင်း လွတ်လပ် စွာသွားလာခွင့် smart ဗီဇာစနစ်အတွက် အတူပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

နေပြည်တော်တွင် ကျင်းပလျှက်ရှိသော အရှေ့အာရှ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို
ယခုလ ၅ ရက်နေ့မှ ၇ ရက်ထိ ကျင်းပမည်ဖြစ်ပြီး အခမ်းအနားသို့ နိုင်ငံပေါင်း ၅၅ နိုင်ငံမှ ပါဝင်တက်ရောက်သူ ၉၀၀ ကျော်ရှိကြောင်း ဖိုရမ်ထုတ်ပြန်ချက်အရသိရသည်။

PN-018
 
Popular Myanmar News Journal

No comments:

Post a Comment