Monday, June 17, 2013

ကာဗွန်ထုတ်လွှတ်မှု လျှော့ချရန် စက်မှုလုပ်ငန်းများအား တရုတ် အစိုးရညွှန်ကြား

လာမည့် ၂၀၁၇ ခုနှစ်တွင် လေထုအတွင်းသို့ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ ထုတ်လွှတ်နေမှုကို ၃၀ ရာခိုင်နှုန်းအထိ လျှော့ချရမည်ဖြစ်ကြောင်း တရုတ်အစိုးရက နိုင်ငံတွင်းရှိ စက်မှုလုပ်ငန်း အလုပ်ရုံများအား
ဇွန် ၁၅ ရက်တွင် အမိန့်အာဏာ ထုတ်ပြန်ခဲ့သည်။ ယခု ထုတ်ပြန်လိုက်သော အမိန့်အာဏာကြောင့် စက်မှုလုပ်ငန်း ကုမ္ပဏီများအနေဖြင့် ၄င်းတို့၏ စက်ရုံများမှ ကာဗွန် ထုတ်လွှတ်မှုကို လျှော့ချရန် အပူတပြင်း လုပ်ဆောင် ရတော့မည်ဖြစ်သည်။ သို့သော် အစိုးရ၏ ထုတ်ပြန်ချက်တွင်မူ မည်သည့် စက်မှုလုပ်ငန်းဟူ၍ တိတိကျကျ ပါရှိခြင်း မရှိသော်လည်း ယခုနှစ် အစောပိုင်းကာလက ၀န်ကြီးများ စုံညီစည်းဝေးပွဲတစ်ရပ် အရ သံမဏိစက်ရုံ၊ စတီးစက်ရုံ၊ ဘိလပ်မြေ စက်ရုံနှင့် ရေနံချက် စက်ရုံ တို့ ဖြစ်နိုင်ဖွယ် ရှိကြောင်း အစိုးရ တာဝန်ရှိသူများ၏ အဆိုအရ သိရသည်။ (အင်တာနက်)

No comments:

Post a Comment