Monday, June 17, 2013

ကျပ် ၁၅၀၀ တန် တန်ဖိုးနည်းဖုန်း ပြည်တွင်းပြည်ပသို့ လွယ်ကူစွာ ခေါ်ဆိုနိုင်

ပြည်သူများ အလွယ်တကူ ဆက်သွယ်နိုင်ရန်အတွက် တန်ဖိုးနည်းဖုန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် တစ်လလျှင် အလုံးရေ သုံးသိန်းခွဲအား အချိုးကျ ကျပ် ၁၅၀၀ နှုန်း သတ်မှတ်ကာ မဲစနစ်ဖြင့်
စနစ်တကျ ရောင်းချပေးခဲ့ရာ အခြေခံလူတန်းစားများ အနေဖြင့် ဆက်သွယ်မှုကဏ္ဍတွင် အဆင်ပြေ ချောမွေ့စေခဲ့သည်။ ၁၅၀၀ တန် တန်ဖိုးနည်းဖုန်းများမှာ 800 MHz ဖုန်း အမျိုးအစားဖြစ်ပြီး မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းနှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတို့ ပူးပေါင်းဆောင် ရွက်၍ ပြည်သူများ အဆင်ပြေ ချောမွေ့စေရန် ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။ လိုအပ်သော စက်ပစ္စည်းများ ဒေသအလိုက် တပ်ဆင်ပြီးပါက GSM နှင့် 450 MHz အမျိုးအစား တယ်လီဖုန်း များကိုလည်း ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။ လိုအပ်ချက်များ ပြည့်စုံပါက မဲစနစ်ဖြင့် မဟုတ်ဘဲ လွတ်လပ်စွာ ဝယ်ယူနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။ ယခုအခါတွင် မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း (MECT) မှ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEAGAMES Promotion) ကို ဂုဏ်ပြုသောအားဖြင့် အာဆီယံ ၁၀ နိုင်ငံကို ပြည်တွင်းခေါ်ဆိုခအတိုင်း ခေါ်ဆိုနိုင်ပြီဟု သိရသဖြင့် ဇွန် ၁၅ ရက် နံနက်ပိုင်းက ထိုင်းနိုင်ငံရှိ မိတ်ဆွေတစ်ဦးနှင့် မလေးရှားနိုင်ငံရှိ မိတ်ဆွေတစ်သီးထံသို့ စမ်းသပ်ခေါ်ဆိုကြည့်ရာ ခေါ်ဆိုရလွယ်ကူပြီး အသံကြည်လင် ပြတ်သားမှုရှိကြောင်း သိရသည်။ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း နေထိုင်သူ အများစုသည် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံများသို့ အများဆုံး သွားရောက် အလုပ်လုပ်ကိုင်သူများရှိရာ ယခုအခါတွင် တန်ဖိုးနည်း ကျပ် ၁၅၀၀ တန် တယ်လီဖုန်းများဖြင့် နိုင်ငံခြားတွင် ရောက်ရှိနေသူများထံ ဒေသအတွင်း ကျန်ရှိသော မိသားစု များက အချိန်နှင့် တစ်ပြေးညီ အလွယ်တကူ ဆက်သွယ်မှုများ ရရှိသဖြင့် ဝမ်းမြောက် ဝမ်းသာရှိကြောင်းနှင့် ခေါ်ဆိုလိုပါက နိုင်ငံ code ရှေ့မှ 0100 ခံပြီး ခေါ်ဆိုနိုင်ကြောင်း သိရသည်။ အာဆီယံနိုင်ငံအလိုက် ခေါ်ဆိုလိုပါက- Singapore – 010065xxxxx၊ Malaysia – 010060xxxxx၊ Thailand – 010066xxxxx၊ Brunei – 0100673xxxx၊ Indonesia – 010062xxxxx၊ Laos – 0100856xxxxx၊ Vietnam – 010084xxxxx၊ Cambodia – 0100855xxxxx၊ Philippines – 010063xxxxxx စသည်ဖြင့် ခေါ်ဆိုနိုင်ပါကြောင်း အများပြည်သူ ဝန်ဆောင်မှု မီဒီယာအဖြစ် သတင်းကောင်းပါး တင်ပြလိုက်ပါသည်ဟု ၂၀၁၃ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ထုတ် ကြေးမုံ သတင်း စာတွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

No comments:

Post a Comment