Sunday, June 23, 2013

စာသင်ကျောင်းများ၌ အင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်ရိုးကို နှစ်ပြည့်သင်ရိုး အဖြစ် ပူးတွဲသင်ကြားနိုင်ရန် လားရှိုးခရိုင်ပညာရေးကော်မတီမှကြိုးစားနေ

Photo: စာသင်ကျောင်းများ၌ အင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်ရိုးကို နှစ်ပြည့်သင်ရိုး အဖြစ် ပူးတွဲသင်ကြားနိုင်ရန် လားရှိုးခရိုင်ပညာရေးကော်မတီမှကြိုးစားနေ
Sunday, June 23, 2013

လားရှိုးမြို့ပေါ်ရှိ အစိုးရ အထက်တန်း ကျောင်းများ၌ နိုင်ငံခြား အောင်လက်မှတ်ရ အင်္ဂလိပ်စာနှင့် ကွန်ပျူတာ ဘာသာရပ်ကို ကျောင်းဘာသာရပ်များတွင် နှစ်ပြည့်သင်ရိုးအဖြစ် ပူးတွဲသင်ကြားနိုင်ရန် သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု လားရှိုးခရိုင် ပညာရေးကော်မတီမှ သိရသည်။

၎င်းသင်ရိုးညွှန်းများကို ကျောင်းသင်ခန်းစာများတွင် ဖြည့်စွက်၍ နှစ်ပြည့်သင်ရိုးအဖြစ် ပူးတွဲသင်ကြားခြင်းဖြင့် ဒေသပညာရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရန်၊ ကျောင်းနေ ကလေးများအတွက် ဘ၀အသက်မွေးဝမ်းကြောင်း ခိုင်လုံသေချာစေရန်၊ ကျောင်းသားများ ယင်းဘာသာရပ်မျိုးကို ဈေးနှုန်းချိုသာစွာဖြင့် သင်ကြားခွင့် ရနိုင်စေရန်၊ ၎င်းကျောင်းမှဆရာ/မများကိုယ်တိုင် ပြန်လည် သင်ကြားပေး
ရမည် ဖြစ်သောကြောင့် သီးသန့်လစာရရှိစေပြီး ဆရာ/မများ၏ အသက်မွေးဝမ်းကြောင်းကို အထောက်အကူ ဖြစ်စေရန်တို့အတွက် ရည်ရွယ်ကြောင်း သိရသည်။

“အဓိက ပြောချင်တာကတော့ အင်္ဂလိပ်စာနဲ့ ကွန်ပျူတာစွမ်းရည်ဟာ အခွင့်အလမ်းတံခါးပေါက် အားလုံးကို ဖွင့်ပေးနိုင်သော သော့ချက်တခုဖြစ်တယ်”ဟု နိုင်ငံတကာ ပညာရေးအတိုင်ပင်ခံ ဦးဗိုလ်ဗိုလ်အောင်က ပြောကြားသည်။

အစိုးရ စာသင်ကျောင်းများ၌ နှစ်ပြည့်သင်ရိုးအဖြစ် သင်ကြားခွင့်ရပါက ပဉ္စမတန်းမှ ဒဿမတန်းအထိ သင်ကြားပေးပြီး တစ်နှစ်ကို ကျောင်းလခအနေဖြင့် ပဉ္စမတန်းကို တစ်လလျှင် ငါးထောင်သတ်မှတ်ကာ ဆင့်ကဲအတန်းစဉ်အလိုက် ငွေတစ်ထောင် တိုး၍ လက္ခံသင်ကြားသွားမည် ဖြစ်ကြောင်း၊ ၂၀၁၃ခုနှစ် ဇူလိုင်လတွင် တက္ကသိုလ်ဝင်တန်းဖြေဆို အောင်မြင်ပြီးသူကျောင်းသားများအတွက် အသက်မွေးဝမ်းကျောင်းကို အထောက်အကူ ဖြစ်စေပြီး အလုပ်အကိုင် သေချာပေါက် ရစေရန် Specialist Diploma in Tourlism and Hospitality (ခရီးသွားလုပ်ငန်းSingaporeDiploma)က လားရှိုးတက္ကသိုလ်နှင့် ပါရာဂွန်အင်တာနေရှင်နယ်တို့မှ ပူးတွဲဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း ဆက်လက် သိရသည်။

လားရှိုးခရိုင် ပညာရေး ကော်မတီမှ မူလစီစဉ် ဆောင်ရွက်ချက်အရ Cedar Academe Singaporeမှ အသစ်ရေးဆွဲ ထားသော English forAll နှင့် We get I.T သင်ရိုးကို အခြေခံ ပညာသင်ဆရာ/မ (၄၆)ဦးအား နိုင်ငံခြားသား ဆရာနှစ်ဦးမှ နည်းပြသင်တန်း ပို့ချပေးခဲ့ပြီး ၎င်းဆရာ/မများက နွေရာသီ ကျောင်းပိတ်ရက်များ၌ မြို့ပေါ်ရှိ နွေစင်တာလေးခုတွင် တက်ရောက်သူ သင်တန်းသား(၆၉၂)ဦးအား ပြန်လည်သင်ကြား ပို့ချခြင်းနှင့် အောင်လက်မှတ်များပါ ပေးအပ်ချီးမြှင့် နိုင်ခဲ့ကြသည်ဟုလည်း ၎င်းကော်မတီမှ သိရသည်။

ထွန်းထွန်း

မြန်မာ့ခေတ်
လားရှိုးမြို့ပေါ်ရှိ အစိုးရ အထက်တန်း ကျောင်းများ၌ နိုင်ငံခြား အောင်လက်မှတ်ရ အင်္ဂလိပ်စာနှင့် ကွန်ပျူတာ ဘာသာရပ်ကို ကျောင်းဘာသာရပ်များတွင် နှစ်ပြည့်သင်ရိုးအဖြစ် ပူးတွဲသင်ကြားနိုင်ရန် သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု လားရှိုးခရိုင် ပညာရေးကော်မတီမှ သိရသည်။
၎င်းသင်ရိုးညွှန်းများကို ကျောင်းသင်ခန်းစာများတွင် ဖြည့်စွက်၍ နှစ်ပြည့်သင်ရိုးအဖြစ် ပူးတွဲ သင်ကြားခြင်းဖြင့် ဒေသပညာရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရန်၊ ကျောင်းနေ ကလေးများ အတွက်   ဘ၀အသက်မွေးဝမ်းကြောင်း ခိုင်လုံသေချာစေရန်၊ ကျောင်းသားများ ယင်းဘာသာ ရပ်မျိုး ကို ဈေးနှုန်းချိုသာစွာဖြင့် သင်ကြားခွင့် ရနိုင်စေရန်၊ ၎င်းကျောင်းမှဆရာ/မများကိုယ်တိုင် ပြန်လည် သင်ကြားပေးရမည် ဖြစ်သောကြောင့် သီးသန့်လစာရရှိစေပြီး ဆရာ/မများ၏ အသက်မွေးဝမ်းကြောင်းကို အထောက်အကူ ဖြစ်စေရန်တို့အတွက် ရည်ရွယ်ကြောင်း သိရသည်။

“အဓိက ပြောချင်တာကတော့ အင်္ဂလိပ်စာနဲ့ ကွန်ပျူတာစွမ်းရည်ဟာ အခွင့်အလမ်းတံခါးပေါက် အားလုံးကို ဖွင့်ပေးနိုင်သော သော့ချက်တခုဖြစ်တယ်”ဟု နိုင်ငံတကာ ပညာရေးအတိုင်ပင်ခံ ဦးဗိုလ်ဗိုလ်အောင် က ပြောကြားသည်။

အစိုးရ စာသင်ကျောင်းများ၌ နှစ်ပြည့်သင်ရိုးအဖြစ် သင်ကြားခွင့်ရပါက ပဉ္စမတန်းမှ ဒဿမတန်းအထိ သင်ကြားပေးပြီး တစ်နှစ်ကို ကျောင်းလခအနေဖြင့် ပဉ္စမတန်းကို တစ်လလျှင် ငါးထောင်သတ်မှတ်ကာ ဆင့်ကဲအတန်းစဉ်အလိုက် ငွေတစ်ထောင် တိုး၍ လက္ခံသင်ကြားသွားမည် ဖြစ်ကြောင်း၊ ၂၀၁၃ခုနှစ် ဇူလိုင်လတွင် တက္ကသိုလ်ဝင်တန်းဖြေဆို အောင်မြင်ပြီးသူကျောင်းသားများအတွက် အသက်မွေးဝမ်းကျောင်း ကို အထောက်အကူ ဖြစ်စေပြီး အလုပ်အကိုင် သေချာပေါက် ရစေရန် Specialist Diploma in Tourlism and Hospitality (ခရီးသွားလုပ်ငန်းSingaporeDiploma)က လားရှိုးတက္ကသိုလ်နှင့် ပါရာဂွန်အင်တာနေရှင် နယ်တို့မှ ပူးတွဲဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း ဆက်လက် သိရသည်။

လားရှိုးခရိုင် ပညာရေး ကော်မတီမှ မူလစီစဉ် ဆောင်ရွက်ချက်အရ Cedar Academe Singaporeမှ အသစ်ရေးဆွဲ ထားသော English forAll နှင့် We get I.T သင်ရိုးကို အခြေခံ ပညာသင်ဆရာ/မ (၄၆)ဦးအား နိုင်ငံခြားသား ဆရာနှစ်ဦးမှ နည်းပြသင်တန်း ပို့ချပေးခဲ့ပြီး ၎င်းဆရာ/မ များက နွေရာ သီ ကျောင်းပိတ်ရက်များ၌ မြို့ပေါ်ရှိ နွေစင်တာလေးခုတွင် တက်ရောက်သူ သင်တန်းသား (၆၉၂) ဦးအား ပြန်လည်သင်ကြား ပို့ချခြင်းနှင့် အောင်လက်မှတ် များပါ ပေးအပ် ချီးမြှင့် နိုင်ခဲ့ကြသည်ဟုလည်း ၎င်းကော် မတီမှ သိရသည်။

ထွန်းထွန်း

မြန်မာ့ခေတ်

No comments:

Post a Comment