Wednesday, June 26, 2013

လွှတ်တော် အစည်းအဝေးများ ပထမနေ့တွင် မေးခွန်း ၁၅ ခု မေးမြန်းခြင်း၊ အဆိုသုံးခုနှင့် ဥပဒေကြမ်း အသစ်လေးခု တင်သွင်းခြင်းများ ပြုလုပ်

perliment-june26
ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ခန်းမမြင်ကွင်းကို ဇွန် ၂၅ ရက်က တွေ့ရ စဉ် (ဓာတ်ပုံ-ငြိမ်းဇော်လင်း)
လွှတ်တော်အစည်းအဝေးများ ပထမနေ့တွင် မေးခွန်း ၁၅ ခု မေးမြန်းခြင်း၊ အဆိုသုံးခုနှင့် ဥပဒေကြမ်း
အသစ်လေးခု တင်သွင်းခြင်းများ ပြုလုပ်ခဲ့သည်။
ပြည်သူ့လွှတ်တော်မှ မေးခွန်း ၁၀ ခု မေးမြန်းခဲ့ပြီး အမျိုးသားလွှတ်တော် မှ မေးခွန်းငါးခု မေးမြန်း ခဲ့ခြင်း ဖြစ်သည်။ ပြည်သူ့လွှတ်တော်မှ မေးမြန်းခဲ့သည့် မေးခွန်းများတွင် နိုင်ငံတော်မှ ချပေးသည့် ရန်ပုံငွေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသော ကုမ္ပဏီများ က ဆောင်ရွက်သော လုပ်ငန်းများနှင့်ပတ်သက်ပြီး မည်ကဲ့သို့ ကြီးကြပ်ဆောင်ရွက်သည်နှင့် စပ်လျဉ်း သည့် မေးခွန်းကို မေးမြန်းခဲ့ရာ အစိုးရအဖွဲ့မှ တာဝန်ရှိသူက ကုမ္ပဏီများ မလုပ်နိုင်သည့် ကိစ္စများကို ၀န်ကြီးဌာနမှ ပေါင်းစပ်လုပ်ကိုင် ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
ထို့ပြင် လယ်ယာမြေများတွင် အမှန်တကယ် လိုအပ်၍ သုံးစွဲရန်နှင့် သုံးစွဲလျက်ရှိသော မြေများအား အသုံးပြုရန် (လန-၃၉) လျှောက်ထားရရှိနိုင်မှုနှင့် စပ်လျဉ်းသည့် မေးခွန်းနှင့် ပတ်သက်၍ အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက လယ်ယာမြေများကို အခြားမြေအဖြစ် အသုံးပြုနိုင်ရန် ပြဋ္ဌာန်း ဥပဒေများနှင့် အညီ လျှောက်ထားနိုင်ကြောင်း ပြန်လည်ဖြေကြားသည်။
ထို့နောက် ဥပဒေကြမ်း အသစ်လေးခုအနက် တစ်ခုဖြစ်သည့် တောင်သူလယ်သမား၏ အကျိုးစီးပွား မြှင့် တင်ရေး ဥပဒေကြမ်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီက တင်သွင်းခဲ့သည်။
အမျိုးသား လွှတ်တော်တွင် မေးခွန်းငါးခု မေးမြန်းခဲ့ပြီး "ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းကောက် သုံးမှု ထိန်းချုပ်ရေး ဥပဒေကို တိကျစွာ လိုက်နာကျင့်သုံးရေးအတွက် လိုအပ်သော အစီအမံများနှင့် အရေးယူ ဆောင်ရွက်သွားရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆို၊ တစ်ခုတည်းသော အမျိုးသားစီးပွားရေးဝင်ပေါက် (National Single Window) တည်ထောင် ထားရန် ပြည်ထောင်စု အစိုးရအားတိုက်တွန်းကြောင်းအဆိုနှင့် ဆည်ရေပေးဝေနိုင်သည့် မြေဧရိယာများ လျော့နည်း သတ်မှတ် ဖော်ပြချက်များအပေါ် လယ်ယာကိန်းဂဏန်းများမှန်ကန်စေရေး ပြန်လည် စိစစ် ရန်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုသဘောတူညီချက် ရယူထုတ်ပြန်သွားရန် ပြည်ထောင်စု အစိုးရ အား တိုက်တွန်းကြောင်း အဆိုများကို တင်သွင်းခဲ့သည်။

From...EMG

No comments:

Post a Comment