Monday, June 3, 2013

အစိုးရငြိမ်း ချမ်းရေးအဖွဲ့နှင့် ကေအိုင်အို အကြား ယူဆချက် ကွဲလွဲမှုများ ရှိနေ

Photo: အစိုးရငြိမ်းချမ်းရေးအဖွဲ့နှင့် ကေအိုင်အိုအကြား ယူဆချက်ကွဲလွဲမှုများရှိနေ

ဇွန်လ ၃ ရက် ၂၀၁၃ 

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနှင့် ကေအိုင်အိုငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ကြား ပြီးခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ယူဆချက် ကွဲလွဲမှုများရှိနေကြောင်း ကချင်ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG)မှ အဖွဲ့ဝင်တစ်ချို့၏ သုံးသပ်ပြောကြားချက်များအရ သိရသည်။

“အမှန်ကတော့ ဒီလိုမျိုး တောက်လျှောက်ဆွေးနွေးမှုတွေမှာ ဗိုလ်ချုပ်ဂွမ်မော်တို့ဘက်က နိုင်ငံရေးဆွေးနွေးမှုကို အရင်ဆွေးနွေးမယ်။ အပစ်အခတ်ရပ်စဲရေးက နောက်မှဆွေးနွေးမယ်ပေါ့။ ဒါပေမယ့် အစိုးရက အပစ်အခတ်ရပ်စဲရေးကို အရင်ဆွေးနွေးပြီးမှ နိုင်ငံရေးဆွေးနွေးပွဲလုပ်မယ်ဆိုပြီး ဖြစ်နေတာပါ”ဟု PCG အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးလမိုင်ခွန်ဂျာက ပြောကြားသည်။

ငြိမ်းချမ်းရေး ဆွေးနွေးမှုကာလအတွင်း အပစ်အခတ် ရပ်စဲမည်မဟုတ်ဟူသည့် ကိစ္စအား ကချင်လူထုအနေဖြင့် သဘောတူညီမှုများ ရရှိထားကြောင်း အပစ်အခတ်ရပ်စဲရေးသည် အချိန်မရွေးရပ်စဲနိုင်ကြောင်း နှင့် နိုင်ငံရေး ဆွေးနွေးမှုကိုသာ အရင်ဆွေးနွေးသင့်ကြောင်း ကေအိုင်အို ဒုစစ်ဦးချုပ် ဗိုလ်ချုပ် ဆွမ်လွတ်ဂွမ်မော်၏ ပြောကြားချက်များအရ သိရသည်။

“ဆိုလိုချင်တာကတော့ အပစ်အခတ်ရပ်စဲရေးကို အရင်လက်မှတ်ရေးထိုးလည်း နောက်ပိုင်းအပစ်အခတ်တွေ ထပ်ဖြစ်ရင် ဘယ်သူတာဝန်ယူမလဲဆိုတာမျိုးကို ဗိုလ်ချုပ်ဂွမ်မော်က ပြောတယ်ပေါ့။ အဲဒါကြောင့် နိုင်ငံရေးကိုဆွေးနွေးမယ် ပြီးမှ အပစ်အခတ်ရပ်ရေး ဆွေးနွေးမယ်ပေါ့။ အဲဒီ လိုမျိုး အပစ်အခတ်ရပ်စဲရေးမှာလည်း နှစ်ဖက်ကယုံကြည်ရတဲ့ လူတွေရွေးချယ်ပြီး နှစ်ဖက်တပ်တွေမှာ တပ်တွင်းစောင့်ကြည့် ကြီးကြပ်ရေးအဖွဲ့ ထားရှိတဲ့အခါ အပစ်အခတ်ကိစ္စက ပြီးသွားမှာပါ”ဟု PCG အဖွဲ့မှ ဦးဆမ်အောင်က ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဇွန်လကုန် သို့မဟုတ် ဇူလိုင်လတွင်းတွင် တိုင်းရင်းသားလက်နက်ကိုင်များ အားလုံးပါဝင်သည့် တိုင်းရင်းသားညီလာခံ တစ်ခုပြုလုပ်မည်ဖြစ်ကြောင်း ကေအိုင်အိုအဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ၏ ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားမှုများရှိ ခဲ့ ကြောင်း သိရသည်။

လက်ရှိအချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုသည် ပမာဏအဆင့်သာ ရှိ နေသေးကြောင်း ကေအိုင်အိုနှင့် အစိုးရငြိမ်းချမ်းရေးအဖွဲ့တို့၏ ငြိမ်းချမ်းရေးဆွေးနွေးမှုသို့ တက်ရောက်လာသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အချို့၏ သုံးသပ်ပြောကြားချက်အရ သိရသည်။

မြန်မာ့ခေတ်
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနှင့် ကေအိုင်အိုငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ကြား ပြီးခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ယူဆချက် ကွဲလွဲမှုများရှိေ နကြောင်း ကချင်ငြိမ်းချမ်းေ ရး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG)မှ အဖွဲ့ဝင်တစ်ချို့၏ သုံးသပ်ပြောကြားချက်များအရ သိရသည်။ “အမှန်ကတော့ ဒီလိုမျိုး တောက်လျှောက်ဆွေးနွေးမှုတွေမှာ ဗိုလ်ချုပ်ဂွမ်မော်တို့ ဘက်က နိုင်ငံရေးေ ဆွးနွေးမှု ကို အရင်ဆွေးနွေးမယ်။ အပစ်အခတ်ရပ်စဲရေးက နောက်မှဆွေးနွေးမယ်ပေါ့။ ဒါပေမယ့် အစိုးရက အပစ်အခတ်ရပ်စဲရေးကို အရင်ဆွေးနွေးပြီးမှ နိုင်ငံရေးဆွေးနွေးပွဲလုပ်မယ်ဆိုပြီး ဖြစ်နေတာပါ”ဟု PCG အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးလမိုင်ခွန်ဂျာက ပြောကြားသည်။

ငြိမ်းချမ်းရေး ဆွေးနွေးမှုကာလအတွင်း အပစ်အခတ် ရပ်စဲမည်မဟုတ်ဟူသည့် ကိစ္စအား ကချင်လူထု အနေဖြင့် သဘောတူညီမှုများ ရရှိထားကြောင်း အပစ်အခတ်ရပ်စဲရေးသည် အချိန်မရွေးရပ် စဲနိုင်ကြောင်း နှင့် နိုင်ငံရေး ဆွေးနွေးမှုကိုသာ အရင်ဆွေးနွေးသင့်ကြောင်း ကေအိုင်အို ဒုစစ်ဦးချုပ် ဗိုလ်ချုပ် ဆွမ်လွတ်ဂွမ်မော်၏ ပြောကြားချက်များအရ သိရသည်။

“ဆိုလိုချင်တာကတော့ အပစ်အခတ်ရပ်စဲရေးကို အရင်လက်မှတ်ရေးထိုး လည်း နောက်ပိုင်း အပစ်အခတ်တွေ ထပ်ဖြစ်ရင် ဘယ်သူတာဝန်ယူမလဲဆိုတာမျိုးကို ဗိုလ်ချုပ်ဂွမ်မော်က ပြောတယ်ပေါ့။ အဲဒါကြောင့် နိုင်ငံရေးကိုဆွေးနွေးမယ် ပြီးမှ အပစ်အခတ်ရပ်ရေး ဆွေးနွေးမယ်ပေါ့။ အဲဒီ လိုမျိုး အပစ်အခတ်ရပ်စဲရေးမှာလည်း နှစ်ဖက်ကယုံကြည်ရတဲ့ လူတွေရွေးချယ်ပြီး နှစ်ဖက်တပ်တွေမှာ တပ်တွင်းစောင့်ကြည့် ကြီးကြပ်ရေးအဖွဲ့ ထားရှိတဲ့အခါ အပစ်အခတ်ကိစ္စက ပြီးသွားမှာပါ”ဟု PCG အဖွဲ့မှ ဦးဆမ်အောင်က ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဇွန်လကုန် သို့မဟုတ် ဇူလိုင်လတွင်းတွင် တိုင်းရင်းသား လက်နက်ကိုင်များ အားလုံးပါဝင်သည့် တိုင်းရင်းသားညီလာခံ တစ်ခုပြုလုပ်မည်ဖြစ်ေ ကြာင်း ကေ အိုင်အိုအဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ၏ ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားမှုများရှိ ခဲ့ ကြောင်း သိရသည်။

လက်ရှိအချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုသည် ပမာဏ အဆင့်သာ ရှိ နေသေးကြောင်း ကေအိုင်အိုနှင့် အစိုးရငြိမ်းချမ်းရေးအဖွဲ့တို့၏ ငြိမ်းချမ်းရေးဆွေးနွေးမှုသို့ တက်ရောက်လာသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အချို့၏ သုံးသပ်ပြောကြားချက်အရ သိရသည်။

မြန်မာ့ခေတ်

No comments:

Post a Comment