IHS Jame’s Defence Weekly မှ 25 Jun 2013 ရက်စွဲပါ “ Independent report confirm UWSA helicopter sighting “ သတင်းကို အကျဉ်းချုပ်ဘာသာပြန်ဆိုသည်။)
မြန်မာနိုင်ငံ၏ အစိုးရမဟုတ်သော အကြီးဆုံးလက်နက်ကိုင်အဖွဲ့UWSA ( ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မ တော်) က တရုတ်နိုင်ငံထံမှ ပို့ဆောင်ရေးရဟတ်ယာဉ်များအား လက်ခံထားရှိကြောင်း ဖော်ပြခဲ့သည့် IHS Jame’s Defence Weekely၏ အစီရင်ခံစာကို မြန်မာနိုင်ငံ အရှေ့မြောက်ဒေသ ရှမ်းပြည်နယ်မှ လွပ်လပ်သော ဒေသခံသတင်းအရင်း အမြစ်များ က အတည်ပြုလိုက်ပါသည်။
နိုင်ငံတကာ အသိအမှတ်ပြု မြန်မာ့ရေးရာ ကျွမ်းကျင်သူ ဘာတစ်လ် လင့်တနာ၏ ဇွန် ၂၅ရက်စွဲပါ Asiam Times online မှ သတင်းဆောင်းပါးတွင် Mil Mi – 17 Hip အလတ်စား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် နှစ်စင်းသည် တရုတ် နယ်စပ် နှင့်မဝေးသော အရှေ့မြောက် ဝတောင်တန်းပေါ်ရှိ ပန်းဝါမြို့အနီးမှ မန်နမ်ဆိုင်တွင် လတ်တလော အခြေစိုက်ထားပြီး စူးစမ်းထောက်လှမ်းသော မျက်လုံးများ၏ ရန်မှ ဖုံးကွယ်ထားသည်ဟု ၎င်းနယ်မြေနှင့် နီးစပ်သော သတင်းရင်းမြစ်များကို ကိုးကား၍ ရေးသားဖော်ပြ ထား သည်။
Posted From Dawnmanhon
No comments:
Post a Comment