Wednesday, June 26, 2013

အဆိပ်သင့်လူနာ ၁၀၀၀ လျှင် လူဦးရေ ၃၀ ကျော် သေဆုံးနေပြီး ပိုးသတ်ဆေး အဆိပ်သင့်ခြင်းကြောင့် သေဆုံးသူ အများဆုံးဖြစ်

Yangonhospital-june26
အဆိပ်သင့်လူနာများ တက်ရောက်ကုသလေ့ရှိသည့် ရန်ကုန်တိုင်းဒေသကြီးရှိ အထွေထွေရော ဂါကု ဆေးရုံကြီး (အင်းစိန်)ကို တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)
ပြည်သူ့ဆေးရုံများတွင် ကုသမှု လာရောက်ခံယူသည့် လတ်တလော အဆိပ်သင့်လူနာ ၁၀၀၀ လျှင်
လူဦးရေ ၃၀ ကျော် သေဆုံးနေပြီး ပိုးသတ်ဆေး အဆိပ်သင့်ခြင်းကြောင့် အများဆုံး ဖြစ်နေကြောင်း "ဆေးရုံကြီးများတွင် တက်ရောက်ကုသမှု ခံယူခဲ့သည့် လတ်တလော အဆိပ်သင့် လူနာများ၏ အခြေ အနေ လေ့လာဆန်းစစ်ခြင်း အစီရင်ခံစာ" အရ သိရသည်။
ယင်းအစီရင်ခံစာကို ပြည်သူ့ဆေးရုံကြီးများဖြစ်သည့် ရန်ကုန်ကလေးဆေးရုံကြီး၊ ရန်ကုန်အနောက် ပိုင်း ဆေးရုံကြီး၊ အထွေထွေရောဂါကု ဆေးရုံကြီး (အင်းစိန်၊ ပုသိမ်၊ မြစ်ကြီးနား၊ ဘားအံ၊ ဟားခါး၊ မော်လမြိုင်၊ လားရှိုး၊ ပြည်)၊ တောင်ကြီးမြို့ စ၀်စံထွန်း ဆေးရုံကြီး၊ စစ်ကိုင်း၊ တောင်ငူ၊ သာယာဝတီ၊ မအူပင်၊ မိတ္ထီလာ၊ မှော်ဘီမြို့များရှိ ပြည်သူ့ဆေးရုံများနှင့် မန္တလေး သင်ကြားရေး ဆေး ရုံကြီး ခုတင် ၃၀၀ တို့တွင် တက်ရောက်ဆေးကုသမှု ခံယူခဲ့သည့် အဆိပ်သင့်လူနာ ၁၂၆၁ ဦးအား လေ့လာခဲ့ခြင်းဖြစ်ပြီး ယင်းတို့အနက် အမျိုးသား ၅၈၄ ဦး၊ အမျိုးသမီး ၆၇၇ ဦး ပါဝင်ကြောင်း သိရသည်။
အဆိပ်သင့် လူနာများအနက် ပိုးသတ်ဆေး အဆိပ်သင့်ခြင်းကြောင့် သေဆုံးမှုနှုန်းမှာ စုစုပေါင်း လူနာဦးရေ၏ ၅၈ ဒသမ ၁ ရာခိုင်နှုန်းဖြင့် အများဆုံးရှိနေပြီး အခြားအဆိပ်သင့်ခြင်းကြောင့် ၂၃ ဒသမ ၃ ရာခိုင်နှုန်း၊ ဓာတုအဆိပ် သင့်ခြင်းကြောင့် ၁၁ ဒသမ ၆ ရာခိုင်နှုန်းနှင့် ဆေးဝါးအဆိပ် သင့်ခြင်းကြောင့် ၆ ဒသမ ၉ ရာခိုင်နှုန်းတို့ရှိကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
ပိုးသတ်ဆေး အဆိပ်သင့်မှုများတွင် Organophosphare ဆေး၊ အင်းဆက်ပိုးသတ်ဆေးနှင့် ကြွက်သတ်ဆေးများကြောင့် သေဆုံးမှု အများဆုံးဖြစ်ပြီး ဓာတုအဆိပ် သင့်မှုတွင် ရေနံနှင့် ရေနံ ထွက်ပစ္စည်း၊ Acid/Alkali၊ Carbonmonoxide နှင့် Spirit များကြောင့် သေဆုံးကြကြောင်း အစီရင် ခံစာတွင် ဖော်ပြထားချက်အရ သိရသည်။

From...EMG

No comments:

Post a Comment