Monday, June 10, 2013

ရတနာပုံ တယ်လီပို့ကို အများနှင့် သက်ဆိုင်သော ကုမ္ပဏီအဖြစ် ပြင်ဆင် ဖွဲ့စည်းပြီး နောက်သုံးလ အကြာတွင် ရှယ်ယာတစ်စုလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် စတင်ရောင်းချရန် စီစဉ်

Photo: ရတနာပုံ တယ်လီပို့ကို အများနှင့် သက်ဆိုင်သော ကုမ္ပဏီအဖြစ် ပြင်ဆင်
ဖွဲ့စည်းပြီး နောက်သုံးလ အကြာတွင် ရှယ်ယာတစ်စုလျှင် ကျပ်တစ်သောင်း
နှုန်းဖြင့် စတင်ရောင်းချရန် စီစဉ်
Monday, June 10, 2013

ရတနာပုံ တယ်လီပို့ကို အများနှင့် သက်ဆိုင်သော ကုမ္ပဏီအဖြစ် ပြင်ဆင်
ဖွဲ့စည်းပြီး နောက်သုံးလ အကြာတွင် ရှယ်ယာတစ်စုလျှင် ကျပ်တစ်သောင်း
နှုန်းဖြင့် မည်သူမဆို လွတ်လပ်စွာ ၀ယ်ယူနိုင်ရန် ရောင်းချပေးသွားမည် ဖြစ်
ကြောင်းသတင်း ရရှိသည်။ အစုရှယ်ယာပေါင်း တစ်ဘီလျံထိ ရောင်းချပေး
သွားမည်ဟုလည်း သိရသည်။

ရတနာပုံ တယ်လီပို့ကို အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်းရန်
 နိုင်ငံတကာ အတိုင်ပင်ခံ အဖွဲ့များကို ခေါ်ယူကာ စနစ်တကျ ဖွဲ့စည်း
သွားမည်ဖြစ်ကြောင်း သိရသည်။ ရှယ်ယာတစ်စုလျှင် ကျပ်တစ်သောင်းနှုန်း
ဖြင့် မည်သူမဆို လွတ်လပ်စွာ ၀ယ်ယူနိုင်မည်ဖြစ်ပြီး လူတစ်ဦး (သို့မဟုတ်) ကုမ္ပဏီတစ်ခု (သို့မဟုတ်) အဖွဲ့အစည်း တစ်ခုအနေဖြင့် အများဆုံး ၀ယ်ယူနိုင်မည့် ရှယ်ယာပမာဏမှာ ကျပ်သိန်းတစ်သောင်း ဖြစ်ကြောင်း သိရသည်။

ကျပ်သိန်း ၃၀၀၀ ဖိုး ရှယ်ယာဝယ်ယူသူ အနေဖြင့် ဒါရိုက်တာ အဖွဲ့ဝင်
 ဖြစ်လာနိုင်ပြီး နောက်ပိုင်းတွင် BOD အဖွဲ့ဝင်များကို မဲပေးစနစ်ဖြင့်
 ရွေးချယ်သွားမည်ဟု သိရသည်။

ရတနာပုံ တယ်လီပို့ အနေဖြင့် အများပိုင် ကုမ္ပဏီအဖြစ် ဖွဲ့စည်းပြီးနောက်
တွင် မိုဘိုင်းဖုန်းလုပ်ငန်း၊ အင်တာနက် ၀န်ဆောင်မှု လုပ်ငန်း၊ ဂြိုဟ်တု
ဆက်သွယ်ရေး၊ သုတေသနနှင့် ဖွံ့ဖြိုးရေး စသည့် လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်သွားမည်ဟု သိရသည်။

လက်ရှိတွင် ရတနာပုံ တယ်လီပို့မှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ၅၁ ရာခိုင်နှုန်းနှင့် ပုဂ္ဂလိက ကဏ္ဍက ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်သော ကုမ္ပဏီ တစ်ခုဖြစ်ပြီး လက်ရှိတွင် ဒေါ်လာ ၅၀၀ ဘီလျံခန့် တန်ဖိုးရှိကြောင်း သိရသည်။

ဖုန်းအော်ပရေတာ ကုမ္ပဏီ တစ်ခုအနေဖြင့် အပြိုင်လုပ်ကိုင်နေသော အခြားအော်ပရေတာ ကုမ္ပဏီတစ်ခုတွင် ရှယ်ယာပါဝင် နေခြင်းမျိုးမှာ မဖြစ်နိုင်ကြောင်း၊ ရတနာပုံ တယ်လီပို့မှာ အများပိုင် ကုမ္ပဏီ တစ်ခုအနေဖြင့်သာ ရပ်တည်သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးသောင်းတင်က ဇွန်လ ၁ ရက်က ပြောကြားခဲ့သေးသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ၀န်ဆောင်မှု ကိစ္စရပ်များ ဆောင်ရွက်ရန် ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီလေးခု ရှိမည်ဖြစ်ပြီး လက်ရှိတွင်
 မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ရတနာပုံ တယ်လီပို့တို့မှာ လုပ်ကိုင်
ခွင့်ရ ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီများအဖြစ် တည်ရှိနေကာ သီးခြားပုဂ္ဂလိက ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီနှစ်ခုကို ဇွန် ၂၇ ရက်တွင် ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။

eleven media group
ရတနာပုံ တယ်လီပို့ကို အများနှင့် သက်ဆိုင်သော ကုမ္ပဏီအဖြစ် ပြင်ဆင်ဖွဲ့စည်းပြီး နောက်သုံးလအကြာ တွင် ရှယ်ယာ တစ်စုလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် မည်သူမဆို လွတ်လပ်စွာ ၀ယ်ယူနိုင်ရန် ရောင်းချပေး သွားမည် ဖြစ်ကြောင်းသတင်း ရရှိသည်။ အစုရှယ်ယာပေါင်း တစ်ဘီလျံထိ ရောင်းချပေးသွားမည်ဟုလည်း သိရသည်။

ရတနာပုံ တယ်လီပို့ကို အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်းရန် နိုင်ငံတကာ အတိုင်ပင်ခံအဖွဲ့များ ကို ခေါ်ယူကာ စနစ်တကျဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။ ရှယ်ယာတစ်စုလျှင် ကျပ်တစ်သောင်းနှုန်း ဖြင့် မည်သူမဆို လွတ်လပ်စွာ ၀ယ်ယူနိုင်မည်ဖြစ်ပြီး လူတစ်ဦး (သို့မဟုတ်) ကုမ္ပဏီတစ်ခု (သို့မဟုတ်) အဖွဲ့အစည်း တစ်ခုအနေဖြင့် အများဆုံး ၀ယ်ယူနိုင်မည့် ရှယ်ယာပမာဏမှာ ကျပ်သိန်းတစ်သောင်း ဖြစ်ကြောင်း သိရသည်။

ကျပ်သိန်း ၃၀၀၀ ဖိုး ရှယ်ယာဝယ်ယူသူအနေဖြင့် ဒါရိုက်တာ အဖွဲ့ဝင် ဖြစ်လာနိုင်ပြီး နောက်ပိုင်းတွင် BOD အဖွဲ့ဝင်များကို မဲပေးစနစ်ဖြင့် ရွေးချယ်သွားမည်ဟု သိရသည်။

ရတနာပုံ တယ်လီပို့ အနေဖြင့် အများပိုင် ကုမ္ပဏီအဖြစ် ဖွဲ့စည်းပြီးနောက်တွင် မိုဘိုင်းဖုန်းလုပ်ငန်း၊ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်း၊ ဂြိုဟ်တု ဆက်သွယ်ရေး၊ သုတေသနနှင့် ဖွံ့ဖြိုးရေး စသည့် လုပ်ငန်း များကို လုပ်ကိုင်ဆောင်ရွက်သွားမည်ဟု သိရသည်။

လက်ရှိတွင် ရတနာပုံတယ်လီပို့မှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ၅၁ ရာခိုင်နှုန်းနှင့် ပုဂ္ဂလိက ကဏ္ဍက ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်သော ကုမ္ပဏီ တစ်ခုဖြစ်ပြီး လက်ရှိတွင် ဒေါ်လာ ၅၀၀ ဘီလျံခန့် တန်ဖိုးရှိကြောင်း သိရသည်။

ဖုန်းအော်ပရေတာ ကုမ္ပဏီ တစ်ခုအနေဖြင့် အပြိုင်လုပ်ကိုင်နေသော အခြားအော်ပရေတာ ကုမ္ပဏီတစ်ခု တွင် ရှယ်ယာပါဝင် နေခြင်းမျိုးမှာ မဖြစ်နိုင်ကြောင်း၊ ရတနာပုံတယ်လီပို့မှာ အများပိုင် ကုမ္ပဏီ တစ်ခုအနေဖြင့်သာ ရပ်တည်သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးသောင်းတင်က ဇွန်လ ၁ ရက်က ပြောကြားခဲ့သေးသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဝန်ဆောင်မှုကိစ္စရပ်များ ဆောင်ရွက်ရန် ဆက်သွယ်ရေးအော်ပရေတာ ကုမ္ပဏီလေးခု ရှိမည်ဖြစ်ပြီး လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံတယ်လီပို့တို့မှာ လုပ်ကိုင်ခွင့်ရ ဆက်သွယ်ရေးအော်ပရေတာကုမ္ပဏီများအဖြစ် တည်ရှိနေကာ သီးခြားပုဂ္ဂလိက ဆက်သွယ်ရေးအော်ပရေတာ ကုမ္ပဏီနှစ်ခုကို ဇွန် ၂၇ ရက်တွင် ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။

eleven media group

No comments:

Post a Comment