Monday, June 3, 2013

အလုပ်သမားများ လူမှုဖူလုံရေး အာမခံကတ်ပြားထားရန်အတွက် ရန်ကုန်တိုင်းအတွင်း စက်ရုံများ စစ်ဆေးရန်ရှိ

Photo: အလုပ်သမားများ လူမှုဖူလုံရေး အာမခံကတ်ပြားထားရန်အတွက် ရန်ကုန်တိုင်းအတွင်း စက်ရုံများ စစ်ဆေးရန်ရှိ

ဇွန်လ ၃ ရက် ၂၀၁၃ 

အလုပ်သမားတိုင်း လူမှုဖူလုံရေး အာမခံကတ်ပြားများထားပေးရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများကို နိုဝင်ဘာလတွင် စတင်စစ်ဆေးသွားမည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှုးချုပ် ဦးယုလွင်အောင်က မဇ္စျိမကိုပြောသည်။

အဆိုပါ အာမခံကတ်ပြားများ၏ အချက်အလက်များကို ယခုနောက်ပိုင်းတွင် ကွန်ပျူတာစနစ်ဖြင့် မှတ်တမ်း တင်သွားနိုင်ရန်အတွက်လည်း ဆောင်ရွက်ထားပြီး၊ ဝန်ထမ်းများကိုလည်း သင်တန်းများ ပေးနေပြီဖြစ်သည်။

လူမှုဖူလုံရေး စီမံကိန်းသစ် အကောင်အထည်ဖော်ရာတွင် အရေးကြီးဆုံးလုပ်ငန်းဖြစ်သည့် လူမှုဖူလုံရေး အာမခံကတ်ပြားများ ထုတ်လုပ်နိင်ရေးအတွက် အာမခံအလုပ်သမားများ၏ ကိုယ်ရေးအချက်အလက်များကို အလုပ်ရှင်များမှတစ်ဆင့် စုစည်းကောက်ခံသွားမည်ဖြစ်သည်။ သို့ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်တိုင်း တွင်ရှိနေသည့် လူမှုဖူလုံရေးအဖွဲ့နှင့် အကျုံးဝင်သော စက်ရုံ၊ အလုပ်ရုံများ၊ စက်မှုဇုန်များရှိ လုပ်ငန်းခွင်များ အရောက် စစ်ဆေးသွားမည်ဟုလည်း ဦးယုလွင်အောင်က ပြောသည်။

''အာမခံကတ် ထားပေးရမယ်ပုံစံမျိုးနဲ့ ဖိအားပေးတဲ့ပုံစံမျိုး ဝင်စစ်လို့တော့ မရသေးဘူး၊ အလုပ်ရှင်တွေကို လူမှုဖူလုံရေး အာမခံစနစ်အကြောင်းကို ပညာပေးတဲ့ပုံစံနဲ့ ဖောင်တွေပေးသွားမှာပါ၊ ရန်ကုန်မှာ အလုပ်သမား အနည်းဆုံးရှိတဲ့ မြို့ နယ် တွေကိုအရင်စစ်ဆေးသွားမှာပါ'' ဟု ၎င်းက ပြောသည်။

အလုပ်ရှင်များဘက်မှ အလုပ်သမားဦးရေကို ထိမ်ချန်ထားခြင်း၊ အလုပ်သမား လစာအချက်အလက်များ မမှန်ကန်ခြင်းများကြောင့် ကာယကံရှင်အလုပ်သမား၏ လူမှုဖူလုံရေးဆိုင်ရာ အကျိုးခံစားခွင့်များ ဆုံးရှုံးနစ်နာခြင်းများ ဖြစ်ပေါ်ပါက သက်ဆိုင်ရာအလုပ်ရှင်ကို ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု လည်း ဦးယုလွင်အောင်က ပြောသည်။

Mizzima
အလုပ်သမားတိုင်း လူမှုဖူလုံရေး အာမခံကတ်ပြားများထားပေးရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများကို နိုဝင်ဘာလတွင် စတင်စစ်ဆေးသွားမည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှုးချုပ် ဦးယုလွင်အောင်က မဇ္စျိမကိုပြောသည်။ အဆိုပါ အာမခံကတ်ပြားများ၏ အချက်အလက်များကို ယခုနောက်ပိုင်းတွင် ကွန်ပျူတာစနစ်ဖြင့် မှတ်တမ်း တင်သွားနိုင်ရန်အတွက်လည်း ဆောင်ရွက်ထားပြီး၊ ဝန်ထမ်းများကိုလည်း သင်တန်းများ ပေးနေပြီဖြစ်သည်။

လူမှုဖူလုံရေး စီမံကိန်းသစ် အကောင်အထည်ဖော်ရာတွင် အရေးကြီးဆုံးလုပ်ငန်းဖြစ်သည့် လူမှုဖူလုံရေး အာမခံကတ်ပြားများ ထုတ်လုပ်နိင်ရေးအတွက် အာမခံအလုပ်သမားများ၏ ကိုယ်ရေးအချက် အလက် များကို အလုပ်ရှင်များမှတစ်ဆင့် စုစည်းကောက်ခံသွားမည်ဖြစ်သည်။ သို့ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်တိုင်း တွင်ရှိနေသည့် လူမှုဖူလုံရေးအဖွဲ့နှင့် အကျုံးဝင်သော စက်ရုံ၊ အလုပ်ရုံများ၊ စက်မှုဇုန်များရှိ လုပ်ငန်းခွင်များ အရောက် စစ်ဆေးသွားမည်ဟုလည်း ဦးယုလွင်အောင်က ပြောသည်။

''အာမခံကတ် ထားပေးရမယ်ပုံစံမျိုးနဲ့ ဖိအားပေးတဲ့ပုံစံမျိုး ဝင်စစ်လို့တော့ မရသေးဘူး၊ အလုပ်ရှင်တွေကို လူမှုဖူလုံရေး အာမခံစနစ်အကြောင်းကို ပညာပေးတဲ့ပုံစံနဲ့ ဖောင်တွေပေးသွားမှာပါ၊ ရန်ကုန်မှာ အလုပ် သမား အနည်းဆုံးရှိတဲ့ မြို့ နယ် တွေကိုအရင်စစ်ဆေးသွားမှာပါ'' ဟု ၎င်းက ပြောသည်။

အလုပ်ရှင်များဘက်မှ အလုပ်သမားဦးရေကို ထိမ်ချန်ထားခြင်း၊ အလုပ်သမား လစာအချက်အလက်များ မမှန်ကန်ခြင်းများကြောင့် ကာယကံရှင်အလုပ်သမား၏ လူမှုဖူလုံရေးဆိုင်ရာ အကျိုးခံစားခွင့်များ ဆုံးရှုံး နစ်နာခြင်းများ ဖြစ်ပေါ်ပါက သက်ဆိုင်ရာအလုပ်ရှင်ကို ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု လည်း ဦးယုလွင်အောင်က ပြောသည်။

Mizzima

No comments:

Post a Comment