Sunday, June 9, 2013

တကျော့ပြန် ကချင်စစ် (၂) နှစ်ပြည့် အထိမ်းအမှတ် လွမ်းသူပန်းခွေချ

Photo
မြန်မာနိုင်ငံ၊ ကချင်ဒေသအတွင်း တကျော့ပြန် ဖြစ်ပွားနေသော စစ်ပွဲများမှာ ယနေ့တွင် (၂) နှစ်ပြည့်ခဲ့ပြီး တိုင်းရင်းသား ညီအကိုမောင်နှမများနှင့် နှစ်ဖက်သောစစ်သည်များအားရည်စူး၍ လွမ်းသူပန်းခွေချခြင်းနှင့် ငြိမ်းချမ်းရေးဆုတောင်း မေတ္တာ ပို့ခြင်းများကို ငြိမ်းချမ်းရေး လှုပ်ရှားသောအဖွဲ့များက ပြုလုပ်ကြောင်း သိရသည်။ ယနေ့နံနက် (၉း၃၀) နာရီတွင် လွမ်းသူပန်းခွေများ၊ ပန်းခြင်းများ၊ ပန်းစည်းများအား မြို့တော်ခန်းမရှေ့တွင် လက်ခံခဲ့ပြီး အခမ်းအနားကျင်းပမည့် အလုံမြို့နယ်၊ သစ်တောလမ်း၊ ဇောတနာရာမ စာသင်တိုက် သို့ မေတ္တာပို့ ဆုတောင်းကာ စီတန်း လမ်းလျှောက်၍ ပို့ဆောင်ခဲ့ကြသည်။

ဲမြန်မာ့ခေတ်

No comments:

Post a Comment