Saturday, June 1, 2013

အုပ်စုဖွဲ့ ပြိုင်ကားမောင်း လူသတ်မှုတွင်ပါဝင်သူ သိန်းတစ်ရာဖြင့် အာမခံရ

Photo: အုပ်စုဖွဲ့ ပြိုင်ကားမောင်း လူသတ်မှုတွင်ပါဝင်သူ သိန်းတစ်ရာဖြင့် အာမခံရ 
Saturday, June 1, 2013

ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရား လမ်းမပေါ် နှင်းဆီကုန်း ဘိုးဘွားရိပ်သာ ရှေ့ရှိ ဟာမစ်တစ် ကားမှတ်တိုင်တွင် ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၃ ရက်ညက ဖြစ်ပွား ခဲ့သည့် ပြိုင်ကားနှင့် လူတစ်စု၏ အုပ်စုဖွဲ့ လူသတ်မှုမှ တရားခံဟု ယူဆရသူ တစ်ဦး ဖြစ်သည့် မအိန္ဒြာချိုအား ငွေကျပ်သိန်း ၁၀၀ တန် ခံဝန်ကို ဝန်ခံသူ နှစ်ဦးဖြင့် အာမခံ ခွင့်ပေး လိုက်ကြောင်း ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံး ထံမှ စုံစမ်း သိရှိရသည်။

တရားလိုပြ သက်သေ စစ်ဆေးဆဲ အဆင့်တွင် မအိန္ဒြာချိုမှာ ကိုယ်ဝန် ရှိနေပြီး ကျန်းမာရေး ချို့တဲ့ လွန်းသူ ဖြစ်သဖြင့် အင်းစိန် ထောင်တွင်း မွေးဖွားပါက အသက် အန္တရာယ် ရှိသောကြောင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ-၄၉၇( ၁ )အရ အချုပ်မှ အာမခံခွင့် လျှောက်ထားခဲ့ ကြောင်း၊ ထိုသို့ လျှောက်ထားဆဲ ကာလ အတွင်း ထပ်မံစစ်ဆေးခဲ့ရာ ကလေးမှာ အသက်မရှိကြောင်း စစ်ဆေးတွေ့ရှိရ၍ အင်းစိန်ဆေးရုံသို့ တင်ပို့ကုသလျက် ရှိကြောင်း အဆိုပါတရားရုံးထံမှ သိရှိရသည်။

ထိုအမျိုး သမီးသည် ရန်ကုန် အင်းစိန် အကျဉ်းထောင်မှ ဆရာဝန်၏ ဆေးလက်မှတ် ထောက်ခံချက် အရ ကိုယ်ဝန်ဆောင် အမျိုးသမီးဖြစ်ပြီး ပြင်ပမှ ဆေးကုသခွင့်ခံယူရမည့် လူနာဖြစ်ခြင်း၊ စွဲဆိုထား သောပြစ်မှု မှာ သေဒဏ်၊ တစ်သက် တစ်ကျွန်းဒဏ်စီရင်ထိုက်သည့် ပြစ်မှု မဟုတ်ခြင်း ယင်းအပြင် အာမခံပေးခွင့် မရသည့် ပြစ်မှုတွင် အာမခံ ပေးသင့်မပေးသင့်ကို အခြေအနေ အရပ်ရပ်ပေါ် မူတည်၍ အချုပ်လွတ် ထုချေလွာတင်နိုင်သည်ဟု ပြစ်မှု ဆိုင်ရာကျင့်ထုံး ဥပဒေ၄၉၇( ၁ )တွင် ပြဋ္ဌာန်းထားခြင်းတို့ကြောင့် ကန့်ကွက်ရန် မရှိကြောင်း နိုင်ငံတော်ကိုယ်စား လိုက်ပါဆောင်ရွက်သည့် ဒုတိယ ခရိုင်ဥပဒေ အရာရှိ က လျှောက်လဲခဲ့ သည်။

အင်းစိန် ထောင်ဆေးရုံမှ ဒေါက်တာ အောင်ကိုဦးက လူနာ၏ကိုယ်ဝန်မှာ ၁၆ ပတ်ကျော်နှင့် ၁၇ ပတ်ကြားသန္ဓေသားရှိနေ ပြီး အင်းစိန်ထောင်တွင် မွေးဖွားချိန်ထိ ကုသမှုခံယူရန် မသင့်တော်ကြောင်း၊ ယခု ချိန်မှစ၍ ကုသခြင်းမပြုပါက ကလေးနှင့် မိခင်၏ အသက်အန္တရာယ်ကို ထိခိုက်နိုင် ကြောင်း အဆိုပါ တရားရုံးတွင် ထွက်ဆိုခဲ့သည်ဟု သိရှိရသည်။

အဆိုပါဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၃ ရက် ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ကမ္ဘာအေးဘုရားလမ်းပေါ် ဟာမစ်တစ် မှတ်တိုင်၌ လူငယ်ငါးဦးပါ ပြိုင်ကားတစ်စီး စတန့်ထွင် မောင်းနှင်နေ ခဲ့ ရာမှ ကားပျက်၍ ရပ်ထားစဉ် သေဆုံးသူ ရဲကျော်သူနှင့် သူငယ်ချင်း သုံးဦးက အနီးမှ သီချင်းဆို၍ ဖြတ်လျှောက် သွား သောကြောင့် ပြိုင်ကားမောင်း သူများက မကျေနပ်၍ မေးမြန်းခဲ့ ရာ သေဆုံးသူကို ရဲကျော်သူက ပြန်လည်တောင်းပန် ခဲ့သော်လည်း ပြိုင်ကားနှင့် အဖွဲ့မှ လူတစ်ဦးက အနီးရှိ သောက်ရေ အိုးဖြင့် ဦးခေါင်းကို ရိုက်ခဲ့ပြီး ခိုက်ရန်ဖြစ်ပွား နေစဉ် နောက်ထပ် လူလေးဦးခန့် ထပ်မံရောက် လာကာ ရဲကျော်သူကို ဝိုင်းဝန်း ကန်ကျောက်ခဲ့ ကြောင်း မျက်မြင်တွေ့ရှိသူ အသက် ၃၀ ကျော်အရွယ် အမျိုးသား တစ်ဦး၏ ပြောကြား ချက်အရ သိရသည်။ 
The Voice
ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရား လမ်းမပေါ် နှင်းဆီကုန်း ဘိုးဘွားရိပ်သာ ရှေ့ရှိ ဟာမစ်တစ် ကားမှတ်တိုင်တွင် ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၃ ရက်ညက ဖြစ်ပွား ခဲ့သည့် ပြိုင်ကားနှင့် လူတစ်စု၏ အုပ်စုဖွဲ့ လူသတ်မှုမှ တရားခံဟု ယူဆရသူ တစ်ဦး ဖြစ်သည့် မအိန္ဒြာချိုအား ငွေကျပ်သိန်း ၁၀၀ တန် ခံဝန်ကို ဝန်ခံသူ နှစ်ဦးဖြင့် အာမခံ ခွင့်ပေး လိုက်ကြောင်း ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံး ထံမှ စုံစမ်း သိရှိရသည်။


တရားလိုပြ သက်သေ စစ်ဆေးဆဲ အဆင့်တွင် မအိန္ဒြာချိုမှာ ကိုယ်ဝန် ရှိနေပြီး ကျန်းမာရေး ချို့တဲ့ လွန်းသူ ဖြစ်သဖြင့် အင်းစိန် ထောင်တွင်း မွေးဖွားပါက အသက် အန္တရာယ် ရှိသောကြောင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ-၄၉၇( ၁ )အရ အချုပ်မှ အာမခံခွင့် လျှောက်ထားခဲ့ ကြောင်း၊ ထိုသို့ လျှောက်ထားဆဲ ကာလ အတွင်း ထပ်မံစစ်ဆေးခဲ့ရာ ကလေးမှာ အသက်မရှိကြောင်း စစ်ဆေးတွေ့ရှိရ၍ အင်းစိန်ဆေးရုံသို့ တင်ပို့ကုသလျက် ရှိကြောင်း အဆိုပါတရားရုံးထံမှ သိရှိရသည်။

ထိုအမျိုး သမီးသည် ရန်ကုန် အင်းစိန် အကျဉ်းထောင်မှ ဆရာဝန်၏ ဆေးလက်မှတ် ထောက်ခံချက် အရ ကိုယ်ဝန်ဆောင် အမျိုးသမီးဖြစ်ပြီး ပြင်ပမှ ဆေးကုသခွင့်ခံယူရမည့် လူနာဖြစ်ခြင်း၊ စွဲဆိုထား သောပြစ်မှု မှာ သေဒဏ်၊ တစ်သက် တစ်ကျွန်းဒဏ်စီရင်ထိုက်သည့် ပြစ်မှု မဟုတ်ခြင်း ယင်းအပြင် အာမခံပေးခွင့် မရသည့် ပြစ်မှုတွင် အာမခံ ပေးသင့်မပေးသင့်ကို အခြေအနေ အရပ်ရပ်ပေါ် မူတည်၍ အချုပ်လွတ် ထုချေလွာတင်နိုင်သည်ဟု ပြစ်မှု ဆိုင်ရာကျင့်ထုံး ဥပဒေ၄၉၇( ၁ )တွင် ပြဋ္ဌာန်းထားခြင်းတို့ကြောင့် ကန့်ကွက် ရန် မရှိကြောင်း နိုင်ငံတော်ကိုယ်စား လိုက်ပါဆောင်ရွက်သည့် ဒုတိယ ခရိုင်ဥပဒေ အရာရှိ က လျှောက်လဲခဲ့ သည်။

အင်းစိန် ထောင်ဆေးရုံမှ ဒေါက်တာ အောင်ကိုဦးက လူနာ၏ကိုယ်ဝန်မှာ ၁၆ ပတ်ကျော်နှင့် ၁၇ ပတ်ကြားသန္ဓေသားရှိနေ ပြီး အင်းစိန်ထောင်တွင် မွေးဖွားချိန်ထိ ကုသမှုခံယူရန် မသင့်တော်ကြောင်း၊ ယခု ချိန်မှစ၍ ကုသခြင်းမပြုပါက ကလေးနှင့် မိခင်၏ အသက်အန္တရာယ်ကို ထိခိုက်နိုင် ကြောင်း အဆိုပါ တရားရုံးတွင် ထွက်ဆိုခဲ့သည်ဟု သိရှိရသည်။

အဆိုပါဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၃ ရက် ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ကမ္ဘာအေးဘုရားလမ်းပေါ် ဟာမစ်တစ် မှတ်တိုင်၌ လူငယ်ငါးဦးပါ ပြိုင်ကားတစ်စီး စတန့်ထွင် မောင်းနှင်နေ ခဲ့ ရာမှ ကားပျက်၍ရပ်ထားစဉ် သေဆုံးသူ ရဲကျော်သူနှင့် သူငယ်ချင်း သုံးဦးက အနီးမှ သီချင်း ဆို၍ ဖြတ်လျှောက် သွား သောကြောင့် ပြိုင်ကားမောင်း သူများက မကျေနပ်၍ မေးမြန်းခဲ့ ရာ သေဆုံးသူကို ရဲကျော်သူက ပြန်လည်တောင်းပန် ခဲ့သော်လည်း ပြိုင်ကားနှင့် အဖွဲ့မှ လူတစ်ဦးက အနီးရှိ သောက်ရေ အိုးဖြင့် ဦးခေါင်းကို ရိုက်ခဲ့ပြီး ခိုက်ရန်ဖြစ်ပွား နေစဉ် နောက်ထပ် လူလေးဦးခန့် ထပ်မံရောက် လာကာ ရဲကျော်သူကို ဝိုင်းဝန်း ကန်ကျောက်ခဲ့ ကြောင်း မျက်မြင်တွေ့ရှိသူ အသက် ၃၀ ကျော်အရွယ် အမျိုးသား တစ်ဦး၏ ပြောကြား ချက်အရ သိရသည်။ 
The Voice

No comments:

Post a Comment