Tuesday, June 4, 2013

မလေးရှားနိုင်ငံ ဆာလာရမ်းဆေးရုံတွင် တက်ရောက်ကုသလျက်ရှိသော မြန်မာအလုပ်သမား သုံးဦး အခြေအနေ မစိုးရိမ်ရ

မေ ၃ဝ ရက်နှင့် ၃၁ ရက်က မလေးရှားနိုင်ငံ ဆာလာရမ်းနယ်မြေတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကြောင့် ဆာလာရမ်းဆေးရုံတွင် တက်ရောက် ကုသလျက်ရှိသော မြန်မာအလုပ်သမားများ ဖြစ်ကြသည့် ထွန်းမော်သိန်း၊ ကိုကိုမောင်နှင့် စောဘာဘလူးဂေးတို့သည် ဒဏ်ရာအခြေအနေ စိုးရိမ်စရာမရှိကြောင်း သိရသည်။ဇွန်လ ၃ ရက်နေ့ ညနေပိုင်းတွင် မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်လတ်နှင့် သံရုံး ဝန်ထမ်းများသည် အဆိုပါဒဏ်ရာရ မြန်မာအလုပ်သမားများအား သွားရောက်ကြည့်ရှုကာ ထောက်ပံ့ငွေ များ ပေးအပ်ခဲ့ကြောင်း၊ ယခင်ရက်များက အလားတူ ဒဏ်ရာများဖြင့် မြန်မာလူမျိုး (၅/၆) ဦးခန့် ဆေးရုံ တက်ရောက် ကုသခဲ့ကြောင်း၊ ၄င်းတို့မှာ ဒဏ်ရာသက်သာသဖြင့် ဆေးရုံမှ ဆင်းသွားခဲ့သည်ကို တာဝန်ကျ ဆရာဝန်ထံမှ သိရှိရကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းရရှိသည်ဟု ၂၀၁၃ ခုနှစ် ဇွန်လ ၄ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

Khit Lu Nge

No comments:

Post a Comment