Wednesday, June 12, 2013

မြန်မာ့စီးပွားရေး ဘဏ်ခွဲ (မြစ်ကြီးနား)တွင် ရုံးဖွင့်ရက်တိုင်း ပင်စင် လစာများ ထုတ်ပေး လျက်ရှိ

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် မြန်မာ့စီးပွားရေးဘဏ်၌ တိုးမြှင့်ပင်စင်လစာစား အငြိမ်းစား ဝန်ထမ်းများ အတွက် ရုံးဖွင့်ရက်တိုင်း ပင်စင်လစာထုတ်ယူ နိုင်ကြောင်း အဆိုပါရုံးရှိတာဝန်ရှိသူတစ်ဦး ထံမှ သိရှိသည်။
မြစ်ကြီးနား မြို့နယ်အတွင်း မြို့ပြဝန်ထမ်း ၁၉၆၇ ဦး ၊ ကာကွယ်ရေး ဝန်ထမ်း ၂၆၄၅ ဦး၊ နိုင်ငံရေး ဝန်ထမ်း၂ဝ၁ ဦး တို့သည်စာရင်း ဇယားများ အရ ပင်စင်လစာ ထုတ်ယူ ခံစားနေပြီး တိုးမြှင့်ပင်စင် တွက်ချက် ပြီးစီးမှုမှာ ယနေ့အထိ မြို့ပြဝန်ထမ်း ၁၈၃၁ ဦး၊ ကာကွယ်ရေး ဝန်ထမ်း ၁၁၇ဝ ဦးနှင့် နိုင်ငံရေး ဝန်ထမ်း ၁၇ဝ ဦးတို့ ဖြစ်သည်။

အဆိုပါ အငြိမ်းစား ဝန်ထမ်းများ၏ အမည်စာရင်း ကိုလည်း မြစ်ကြီးနား ခရိုင် မြန်မာ့ စီးပွားရေး ဘဏ်ရုံး ပင်စင် ဌာနစိတ်၌ အများပြည်သူ သိရှိ ထုတ်ယူနိုင်ရန် ကြေညာ ထားပေးကြောင်း ဘဏ်ရုံး ပင်စင် ဌာနစိတ် တာဝန်ခံ တစ်ဦးထံမှ သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment