Wednesday, June 12, 2013

လေကြောင်း စုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့ ကော့သောင်းသို့ထွက်ခွာ

မော်လမြိုင်-ကော့သောင်း ခရီးစဉ် ပြေးဆွဲနေသော မြန်မာ့လေကြောင်းပိုင် ခရီးသည်တင်လေယာဉ် ဇွန်လ ၁၀ ရက်နေ့က ပြေးလမ်းချော်မှုနှင့် ပတ်သက်၍ စစ်ဆေးရန် လေကြောင်း စုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့ သည် ဇွန်လ ၁၁ ရက်နေ့တွင် ကော့သောင်းမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားခဲ့ကြောင်း မြန် မာ့လေကြောင်း ရုံးချုပ်ထံမှ စုံစမ်းသိရသည်။

ို့ဆောင်ရေးဝန်ကြီးဌာနမှ ဖွဲ့စည်းပေးသော စုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့ တွင် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအောက်ရှိ လေကြောင်းသိပ္ပံ ကျောင်းအုပ်ကြီး ဦးသန်းမင်းက ဥက္ကဋ္ဌအဖြစ် ဦးဆောင် ကာ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဋ္ဌာနမှ အဖွဲ့ဝင်တစ်ဦးနှင့် မြန့်မာ့လေကြောင်းမှ အဖွဲ့ဝင် တစ်ဦးတို့ လိုက်ပါသွားကြောင်း မြန်မာ့လေကြောင်း အထွေထွေမန်နေဂျာ ဦးသန်းထွဋ်က ပြော ကြား သည်။

"မနေ့က ခုံရုံးဖွဲ့ပြီး ကော့သောင်းကိုသွားတာ ရာသီဥတုမကောင်းလို့ လေယာဉ်ဆင်းဖို့ အဆင် မပြေလို့ ပြန် လာတာ။ ဒီနေ့နေ့လယ် မှာ မြန်မာ့လေကြောင်း ခရီးစဉ်နဲ့ ထွက်တယ်" ဟု ၎င်းက ဆိုသည်။

ယင်း စုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့နှင့်အတူ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးရန် မြန် မာ့လေကြောင်း မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးသန်းထွန်း၊ မြန်မာ့အာမခံ ကိုယ်စားလှယ် များနှင့် မြန် မာ့လေကြောင်း အင်ဂျင်နီယာဌာနမှ အင်ဂျင်နီယာခြောက်ဦးတို့ လိုက်ပါသွားကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ခရီးသည် ၅၃ ဦး၊ လေယာဉ်မှူး လေယာဉ်မောင် လေယာဉ်မယ် လေး ဦးနှင့် လေယာဉ်တာဝန်ကျ ရဲနှစ်ဦးပါသော မြန်မာ့လေကြောင်းပိုင် တရုတ်နိုင်ငံထုတ် MA 60 ၊ HY AIT လေယာဉ် သည် ကော့သောင်းလေ ယာဉ်ကွင်းသို့ ဆင်းသက်စဉ် ရှေ့ဘီး အတင်အချ ဟိုက်ဒရောလစ်စက် မကောင်းသဖြင့် ပြေးလမ်းအပြင်ဘက် ပေ ၂၀၀ ခန့်ချော်ကာ လေယာဉ် ခြံစည်းရိုး အပြင်ဘက် ချုံတောသို့ တိုးဝင်ခဲ့မှု ဖြစ်ပွားခဲ့သော် လည်း လေယာဉ်ပေါ် လိုက်ပါလာသူများကို ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း မြန်မာ့လေကြောင်းရုံးထံမှ သိရသည်။

မေလအတွင်းက မိုင်းဆတ် လေယာဉ်ကွင်းသို့ ဆင်းသက် သည့် မြန်မာလေကြောင်းပိုင် လေယာဉ် လမ်းချော်မှုနှင့်ပတ်သက်၍လည်း အဆိုပါ ဝန်ကြီးဌာနက စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ကာ ယနေ့အထိ စုံစမ်း စစ်ဆေးလျက်ရှိသည်။
The Voice Weekly

No comments:

Post a Comment