Wednesday, June 12, 2013

မြန်မာနိုင်ငံ အတွင်း လျှပ်စစ် ဓာတ်အား ပူးပေါင်း ထုတ်လုပ် မည့် ပြည်ပ ကုမ္ပဏီ များ အ တွက် စံနှုန်း များ ရေးဆွဲ

မြန်မာနိုင်ငံတွင်း လျှပ်စစ်ဓာတ်အား ပူးပေါင်းထုတ်လုပ်မည့် ပြည်ပကုမ္ပဏီများအတွက် စံနှုန်းများ ရေး ဆွဲနေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့လျှပ်စစ်နှင့် စက်မှုဝန်ကြီးဦးဥာဏ်ထွန်းဦးထံမှ သိရ သည်။
ယင်းအပြင် ရန်ကုန်မြို့အတွင်းရှိ စက်မှုဇုန်များအား လျှပ်စစ်ဓာတ်အား ပေးနိုင်ရေးအတွက် လာရောက် ရင်းနှီး မြှုပ်နှံရန်အတွက် ဆွေးနွေးလျက်ရှိသော ကိုရီးယား၊ ဂျပန်အပြင် အမေရိကန်မှလည်း လာရောက်နိုင်ကြောင်း ဦးဥာဏ်ထွန်းဦး၏ ပြောကြားချက်အရ သိရသည်။

"လုပ်နိုင်တဲ့ ဘယ်ကုမ္ပဏီမဆို လာရောက်ဆွေးနွေး နိုင်ပါတယ်။ ဒီအတွက်လည်း မြှုပ်နှံ မယ့် ပြည်ပ ကုမ္ပဏီတွေ အတွက် စံနှုန်း၊ မူဘောင်ကို ပြည်ထောင်စု ၀န်ကြီးကို တင်ပြထားပြီးပါပြီ" ဟု ဆိုသည်။

ပြည်ပကုမ္ပဏီမှ စက်မှုဇုန်များအား လျှပ်စစ်ဓာတ်အား ဖြန့်ဝေမည်ဆိုပါက ဓာတ်အားခမှာ နှစ်ဆခန့် တက်သွားမည် ဖြစ်သော်လည်း ၂၄ နာရီ လျှပ်စစ်မီးအပြည့်အ၀ရရှိရန် ဆောင်ရွက်ပေးရမည် ဆိုသည့် မူဘောင် ပါရှိမည်ဖြစ်ကြောင်း သိရသည်။

စက်မှုဇုန်အလိုက် လျှပ်စစ်ဓာတ်အားကို ပြည်ပ ကုမ္ပဏီများနှင့် ပူးပေါင်းကာ ထုတ်လုပ်နိုင်သည် ဆိုသော် လည်း လျှပ်စစ်ဓာတ်အား ထုတ်ယူရာ၌ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး မည်သည့်အရာကို အသုံးပြုမည်ကို တိတိကျကျ မသတ်မှတ် ရသေးကြောင်း သိရသည်။

လာမည့်နှစ်များတွင် စက်မှုဇုန်များ လျှပ်စစ်မီး ပျက်တောက်သွားခြင်း မရှိစေရန် နိုင်ငံခြား ကုမ္ပဏီများနှင့် ပူးပေါင်းရခြင်းဖြစ်ကြောင်း ဦးဥာဏ်ထွန်းဦး၏ ပြောကြားချက်အရ သိရသည်။
EMG

No comments:

Post a Comment