Wednesday, June 26, 2013

“ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီ လိင်ကိစ္စဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရ”

“ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီ လိင်ကိစ္စဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရ”

အီတလီ #Italy နိုင်ငံမှ တရားရုံး တစ်ခုသည် အသက်မပြည့်သည့် မိန်းကလေး တစ်ဦးကို အခကြေးငွေပေး၍ လိင်ဆက်ဆံခဲ့ကြောင်း ပြစ်မှုထင်ရှားခြင်းအတွက် ဝန်ကြီးချုပ်ဟောင်း ဆီလ်ဗီယို ဘာလူစကိုနီကို #Berlusconi ထောင်ဒဏ် (၇)နှစ် ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရှိရသည်။ 

အီတလီ၏ အကြွယ်ဝဆုံး စာရင်းဝင် ဘီလျံနာ သူဌေးကြီး တစ်ဦးဖြစ်ပြီး နာမည်ကျော် အေစီမီလန် ဘောလုံးအသင်း၏ ပိုင်ရှင်လည်းဖြစ်သော ဘာလူစကိုနီအား တနင်္လာနေ့က အဆိုပါ ပြစ်ဒဏ် စီရင် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ဘာလူစကိုနီသည် လတ်တလောတွင် ပြစ်ဒဏ် ချမှတ်ခြင်း ခံထားရသည့်တိုင် ထောင်ဒဏ်ကိုမူ ချက်ချင်း အကျုံးဝင် ကျခံရဦးမည် မဟုတ်ဟုလည်း သိရသည်။
အီတလီ #Italy နိုင်ငံမှတရားရုံးတစ်ခုသည် အသက်မပြည့်သည့် မိန်းကလေးတစ်ဦးကို အခကြေးငွေပေး၍ လိင်ဆက်ဆံခဲ့ကြောင်း ပြစ်မှုထင်ရှားခြင်းအတွက် ဝန်ကြီးချုပ်ဟောင်း ဆီလ်ဗီယို ဘာလူစကိုနီကို #Berlusconi ထောင်ဒဏ် (၇)နှစ် ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရှိရသည်။

အီတလီ၏ အကြွယ်ဝဆုံး စာရင်းဝင် ဘီလျံနာ သူဌေးကြီး တစ်ဦးဖြစ်ပြီး နာမည်ကျော် အေစီမီလန် ဘော လုံးအသင်း၏ ပိုင်ရှင်လည်းဖြစ်သော ဘာလူစကိုနီအား တနင်္လာနေ့က အဆိုပါ ပြစ်ဒဏ် စီရင် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ဘာလူစကိုနီသည် လတ်တလောတွင် ပြစ်ဒဏ် ချမှတ်ခြင်း ခံထားရသည့်တိုင် ထောင်ဒဏ်ကိုမူ ချက်ချင်း အကျုံးဝင် ကျ ခံရဦးမည် မဟုတ်ဟုလည်း သိရသည်။
 
From...Myawady News

No comments:

Post a Comment