Wednesday, June 5, 2013

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အားလုံးမှ မူလတန်းကျောင်းသား အတွက် (၁)ဦးလျှင် (၁၀၀၀ိ-/)ကျပ်ထောက်ပံ့ကြေး မပေးနိုင်သေးဟုဆို

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တိုင်းတွင် ဖွင့်လှစ်ထားရှိသော အခြေခံပညာမူလတန်းကျောင်း များရှိ ကျောင်းသား/သူ ကလေးများအား တစ်ဦးလျှင် ကျပ်(၁၀၀၀ိ-/) တစ်ထောင် နှုံးဖြင့် နိုင်ငံတော် မှ ထောက်ပံ့မည် ဆိုသော ထောက်ပံ့ကြေးငွေအား ယနေ့အထိ မည်သည့်မြို့နယ်က အခြေခံပညာ မူလတန်းကျောင်းမျှမရရှိသေးကြောင်း အခြေခံပညာမူလတန်းကျောင်း များမှ ကျောင်းအုပ် ဆရာ/မ ကြီးများက သလ္လာဝတီတိုင်းမ် သို့ အတည်ပြု ပြောကြားခဲ့ပါတယ်။


"နိုင်ငံတော်က မူလတန်းကျောင်းသား/သူ တစ်ဦး မည်သူ့ကိုမဆို တစ်ဦး ကျပ်(၁၀၀၀ိ-/) တစ်ထောင် ထောက်ပံ့မယ်လို့ ပြောထားတော့ဟုတ်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ ငွေကတော့ ကျောင်းကို အခုချိန်ထိမရောက်လာသေး ပါဘူး။ တိုင်းပညာရေးရုံးကဘဲ မထုတ်ပေးသေးတာလား။တိုင်းပညာရေးရုံး ကိုရောက်နေပါလျှက်နဲ့ တိုင်းအဆင့်တာဝန်ရှိသူက ထုတ်မပေးဘဲထားသ လား ဒါမှ မဟုတ်ရင် နိုင်ငံတော် ကဘဲ ငွေချမပေးသေးတာလားတော့ မပြော တတ်သေးပါဘူး။

ကျောင်းအပ်နှံရေးနေ့မှာ ၀န်ကြီးချုပ် လှည့်လည်စစ်ဆေးမှာမို့ အမြင်တင့် အောင်ဆိုပြီး တစ်ချို့ ကျောင်းတွေက ကျောင်းရန်ပုံငွေက ဘဲဖြစ် ဖြစ် ဒါမှမဟုတ်ရင်လည်း ကျောင်းအုပ်တစ်ချို့က သူတို့ပိုင်ငွေကြေး တစ်ချို့ ကနေပြီး ခေတ္တစိုက်ပေးပြီး နောက်နေ့ပြန်တောင်းပြီး နိုင်ငံတော်ထံက တစ်ကယ်ရမှပြန်ပေးမယ်ဆိုပြီး ပြန်တောင်းထားရတာမျိုးတွေဖြစ်နေတယ်။" လို့ ကျောင်းအုပ်ဆရာ တစ်ဦးက ဆိုပါတယ်။

"ငွေတစ်ထောင် ဆိုတာကတော့ ဒီခေတ်ဒီအခါထဲမှာ တန်ကြေးတော့သိပ် ပြီးမရှိဘာဘူး။ ကလေးတွေကို လူကြီးလိုက်စစ်မှာမို့ဆိုပြီး ပြယုဒ်ကောင်း အောင်ဆိုပြီး ခေတ္တခဏစိုက်ပေးပြီး ထားတာကို ကလေးတွေ ဆိုတော့ နားမ လည်ကြ ဘူး။ ငွေရလို့ပျော်နေကြတယ်။ဘာဝယ်မယ် ညာဝယ်ပေါ့ ပျော်နေ ကြပါတယ်။ လာစစ်ဆေးတဲ့လူကြီးလည်း ကျောင်းထဲထွက်လို့ လမ်းမပေါ် ရောက်ခါစ ရှိပါသေးတယ်။ အတန်းပိုင် ဆရာ/မတွေက ပြန် တောင်းတော့ ကလေးတွေအနေနဲ့ စိတ်ထဲမှာ အားငယ်သွားနိုင်ပါတယ်။ တက်သစ်စ ကလေးတွေရဲ့ နုနယ်သေးတဲ့ စိတ်အာရုံ အများကြီးမဟုတ်ခဲ့ ရင်တောင် တစ်စိတ်တစ်ဒေသတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ အားငယ်မှုတွေ ကြုံတွေသွားကြမလွှဲပါဘူး။

ဒီခေတ်ထဲမှာ အမှန်ကို အမှန်တိုင်း အရှိကိုအရှိအတိုင်း ထားသင့်နေပါပြီ။ ဘာဖြစ်လည်းဗျာ အထက်ကငွေ ချမပေးသေးလို့ ထုတ်မပေးသေးဘူး အထက်ကနေပြီး ငွေချပေးမှထုတ်ပေးမယ်ပေါ့ လာစစ်တဲ့ လူကြီးမေးရင် လည်း အဲဒီအတိုင်းပြောလိုက် တင်ပြလိုက်ပါ လိမ်ချင်တဲ့ လူကြီးမျက်နှာလို မျက်နှာရ လုပ်ချင်တဲ့ တိုင်းအဆင့်လူကြီးတွေ ခိုင်းလို့ အောက်ကအငယ်တွေ ကလိုက်လုပ်တော့ ခေတ် ကပြောင်းဘို့ခက်နေတာပါ။ကိုယ်ဘက်ကသာ မှန် ကန်အောင်နေရင် ဘာမှကြောက်စရာမရှိတော့ဘူးလို့ ထင်ပါတယ်။ အခုတော့ လူကြီးကြိုက်လုပ်တော့ ကိုယ့်အပေါ် မှာ အထင်အမြင်လွဲတာတွေခံရတာပါ။ ကိုယ်ကဘဲ နိုင်ငံတော်ကထောက်ပံ့ငွေ ကို အလွဲသုံးစားလုပ်ချင်လို့ ပြန်တောင်းသလိုလို ဖြစ်တော့ ရှုပ်ကုန်တော့တာပါ။" မုံရွာမြို့မှ ကျောင်းသား မိဘများကဆိုပါတယ်။

ThanLarWaddy Times

No comments:

Post a Comment