Wednesday, June 12, 2013

ILO ၏ မြန်မာအပေါ် ပိတ်ဆို့မှု ရုတ်သိမ်းပေးရေး အလားအလာ ကောင်းနေ

Photo: ILO ၏ မြန်မာအပေါ် ပိတ်ဆို့မှု ရုတ်သိမ်းပေးရေး အလားအလာ ကောင်းနေ
Wednesday, June 12, 2013

အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) မှ မြန်မာနိုင်ငံအပေါ် ချမှတ်ထား သည့် စီးပွားရေး ပိတ်ဆို့မှုများကို ရုတ်သိမ်းပေးရေးအတွက် မြန်မာ အစိုးရနှင့် အလုပ်သမား ကိုယ်စားလှယ် များက ယခု ကျင်းပဆဲ ဖြစ်သည့် ILO နှစ်ပတ်လည် ညီလာခံ၌ တင်ပြခဲ့သည့်အပေါ် အလားအလာ
ကောင်းနေကြောင်း ညီလာခံ တက်ရောက်နေသည့် မြန်မာ အလုပ်သမား ကိုယ်စားလှယ်များက အင်္ဂါနေ့တွင် မဇ္ဈိမကို ပြောဆိုလိုက်သည်။

ILO-1
ILO ညီလာခံကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာ မြို့၌ ဇွန်လ ၄ ရက်နေ့မှ စတင်ကျင်းပနေခြင်း ဖြစ်သည်။

“အခုထိတော့ အခြေအနေ ကောင်းတဲ့ပုံမှာ ရှိနေပါတယ်။ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား အားလုံးကလည်း ဒီအပေါ်မှာ သဘောထားတွေကလည်း ထပ်တူ ကျနေတဲ့ အနေအထား ရှိပါတယ်။ ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေး လိုက်ရင် ပြည်တွင်းမှာ အလုပ်အကိုင် ရရှိမှုတွေ ပိုများလာမယ်။ အလုပ်သမားတွေအတွက် ပိုပြီး ပြေလည်သွား မယ်လို့ ယူဆနေကြတယ်” ဟု ညီလာခံ တက်ရောက် နေသည့် ရန်ကုန် တက္ကသိုလ် ကျောင်းဆရာများ သမဂ္ဂမှ ဒေါက်တာ စိုင်းခိုင်မျိုးထွန်း က မဇ္ဈိမကို ပြောသည်။

ILO ၏ ပိတ်ဆို့မှု ဖြုတ်သိမ်းပေးရေးအတွက် ကနဦး သဘောထား ကောက်ယူ ဆွေးနွေးကြရာတွင် တရုတ်၊ အန္ဒိယ၊ ဂျပန်၊ သြစတေးလျား၊ အမေရိကန်၊ တောင်ကိုးရီးယား နိုင်ငံတို့မှ ဖြုတ်သိမ်းပေးရေးနှင့် ပတ်သက်၍ ထောက်ခံကြောင်း ဆွေးနွေးခဲ့ကြသည်။ ဥေ၇ာပကမဂ္ဂ (EU) ကမူ ဆက်လက်စောင့်ကြည့်
လေ့လာသွားမည့် အနေအထား၌ ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

“မနေ့က ဆိုင်ရာ နိုင်ငံအစိုးရတွေနဲ့ သဘောထားတွေ ပြောကြဆိုကြတယ်။ သမ္မတ ဦးသိန်းစိန်နဲ့ သမ္မတ အိုဘားမား မြန်မာနိုင်ငံမှာ တွေ့ခဲ့တုန်းကလည်း အိုဘားမားက ပိတ်ဆို့မှု ဖြုတ်ဖို့ ထောက်ခံထားတယ် ဆိုတဲ့အကြောင်းကိုလည်း ထည်သွင်း ပြောကြားသွားပါတယ်။ ပိတ်ဆို့မှုကတော့ ဖြုတ်ပေးမယ့် သဘော ရှိသွားပါပြီ။ အားလုံးရဲ့ သဘောတူညီချက်နဲ့” ဟု ဒေါ်က်တာ စိုင်းခိုင် မျိုးထွန်း က ဆက်ပြောသည်။

မြန်မာနိုင်ငံတွင်း အဓမ္မ လုပ်အားပေး ခိုင်းစေမှု၊ ကလေးလုပ်သား အသုံးပြုမှုများ ပပျောက်သွားခြင်း မရှိသေးသော်လည်း တိုးတက်သည့် လက္ခဏာရပ်များ ရှိလာခြင်းအပေါ် နိုင်ငံများမှ အသိအမှတ်ပြုကြောင်း အလုပ်သမား ကိုယ်စားလှယ်အဖြစ် တက်ရောက်နေသည့် ဒေါ်သန်းသန်းဌေး က ပြောသည်။

“မြန်မာနိုင်ငံ အနေနဲ့ တိတိကျကျ လိုက်လံ လုပ်ဆောင်ဖို့ ကျန်နေတာ နှစ်ချက် ရှိပါတယ်။ အဓမ္မ လုပ်အားပေး ခိုင်းစေမှုနဲ့ ကလေးလုပ်သား အသုံးပြုမှုကို ပပျောက်အောင် လုပ်ဆောင်ဖို့ လိုနေပါသေးတယ်။ နိုင်ငံတကာ အမြင်ကတော့ ဆက်လက် လုပ်ဆောင်ဖို့ လိုပေမယ့် လောလောဆယ်မှာ အပြုသဘော တိုးတက်မှုတွေ ရှိနေလို့ အခြေအနေကောင်းကို စဉ်းစားပေးတဲ့ သဘောပါပဲ” ဟု မဇ္ဈိမကို ပြောသည်။

၁၉၉၆ ခုနှစ်များ နောက်ပိုင်း၌ မြန်မာနိုင်ငံတွင်း အဓမ္မ လုပ်အားပေး စေခိုင်းမှုများ၊ ပေါ်တာ ဆွဲခြင်းများ၊ လူသား မိုင်းရှင်း ကိရိယာ အဖြစ် အသုံးပြုခြင်း စသည့် တိုင်ကြားမှုများကို ILO မှ အများအပြား လက်ခံရရှိခဲ့ပြီးနောက် ကျွမ်းကျင် စုံစမ်းစစ်ဆေးရေး ကော်မရှင်တဖွဲ့ ဖွဲ့စည်းခဲ့သည်။ မြန်မာနိုင်ငံတွင်း၌ ILO ပြဋ္ဌာန်းချက် အမှတ် (၂၉) အဓမ္မ လုပ်အားခိုင်းစေမှုများ ကျူးလွန်မှု ရှိနေသည်ဟု ၁၉၉၉ ခုနှစ်တွင် ILO ကော်မရှင်မှ လေ့လာတွေ့ရှိခဲ့ပြီးနောက် ILO ၏ အရေးယူမှု ဥပဒေ ပုဒ်မ (၃၃) အရ အရေးယူခဲ့သည်။

ILO ၏ စီးပွားရေး ပိတ်ဆို့မှုကို ၂၀၀၀ ခုနှစ်၌ စတင်ခဲ့ခြင်း ဖြစ်ပြီး ပိတ်ဆို့မှု ရုပ်သိမ်း သင့်မသင့် တရားဝင် ဆုံးဖြတ်ချက်ကိုမူ လာမည့် သောကြာနေ့၌ ဆုံးဖြတ်ကြမည် ဖြစ်ကြောင်း သိရသည်။

အရေးယူ ပိတ်ဆို့ထားမှုကြောင့် စီးပွားရေး ရင်းနှီးမြှုပ်နှံမှု အားလုံး ပိတ်ဆို့ရေး၊ ILO ၏ နည်းစနစ် ပိုင်းဆိုင်ရာ အကူအညီပံ့ပိုးပေးမှု ရပ်ဆိုင်းရေး၊ မြန်မာနိုင်ငံ အနေဖြင့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှ လွဲ၍ ကျန်သည့် ဆွေးနွေးပွဲများ တက်ရောက်ခွင့် မရှိခြင်း စသည့် ပိတ်ဆို့မှုများဒဏ်ကို ခါးခါးသီးသီး ခံစားခဲ့ရသည်။

၂၀၁၂ မြန်မာ နိုင်ငံရေး ပြုပြင် ပြောင်းလဲရေး တိုးတက်မှုများကြောင့် ILO ၏ အရေးယူ ပိတ်ဆို့ထားမှုအား ၁ နှစ် ဆိုင်းငံ့ရန် ပြန်လည် သဘောထားခဲ့သည်။

ထို့ပြင် ၂၀၁၂ ဧပြီလတွင်း ရေးထိုးခဲ့သည့် ILO အုပ်ချုပ်ရေးအဖွဲ့နှင့် မြန်မာအစိုးရတို့အကြား သဘောတူချက် တွင် ရှေ့သုံးနှစ်တာ အတွင်း အဓမ္မ လုပ်အားခိုင်းစေခြင်း လုံးဝ ပပျောက်ရန် သဘောတူထားကြသည်။

“သုံးနှစ်အတွင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှု လုံးဝ ပပျောက်စေရမယ် ဆိုပြီး စစ်တပ်ဘက်မှာ ဆိုရင် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် လက်မှတ်ထိုးခဲ့တယ်။ ဒီနှစ်မှာတော့ အမှန်တကယ် တိုးတက်မှုတွေ
ဖြစ်လာတယ်။ နိုင်ငံရေးအရ ပွင့်လင်းလာတဲ့ အခြေအနေ တရပ် ဖြစ်လာတယ်။ နိုင်ငံတကာကလည်း
တောင်းဆိုလာတာက အာဆီယံ ဥက္ကဋ္ဌလည်း ဖြစ်တော့မယ် ဆိုတော့ မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့ထား ရှိမယ့် အစား ဖွင့်ပေးလိုက်ပြီးတော့ နိုင်ငံတကာ အသိုင်းအဝန်း ကြားထဲမှာ ဒီမိုကရေစီ ရှင်သန်ခွင့်ကို
ပေးဖို့ဆိုပြီး တနှစ်တာ ပိတ်ဆို့မှုကို ILO က ဆိုင်းငံ့ခဲ့တာပါ” ဟု မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားများ အဖွဲ့ချုပ် (AFFM) မှ အတွင်းရေးမှူး ဦးဇာနည်သွေး က ပြောသည်။

ယခု ILO အစည်းအဝေးသို့ မြန်မာအစိုးရ ကိုယ်စားလှယ်များအဖြစ် အလုပ်သမား ဒု-ဝန်ကြီး ဦးမြင့်သိန်းနှင့် ဦးမျိုးအောင် တို့လည်း တက်ရောက်ကြကာ လက်ရှိ မြန်မာအစိုးရ လုပ်ဆောင်ချက်များ ဖြစ်သည့် အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်နိုင်ရေး၊ အောက်ခြေပိုင်း အုပ်ချုပ်ရေး ယန္တရား ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ လုပ်ဆောင်ချက်များကို တင်ပြခဲ့ပြီး ILO မှလည်း ၎င်းတင်ပြချက်များကို အသိအမှတ် ပြုခဲ့ကြောင်း ဒေါက်တာ စိုင်းခိုင် မျိုးထွန်း က ပြောသည်။

ILO ညီလာခံအား တရားဝင် မြန်မာနိုင်ငံမှ အလုပ်သမား ကိုယ်စားလှယ် အဖြစ် မြန်မာ နိုင်ငံ တောင်သူ လယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားများ အဖွဲ့ချုပ် (AFFM) ၏ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဌေး မှ Quota (ခွဲတန်း)ရရှိခဲ့ပြီး အကြံပေး အဖွဲ့ဝင်များအဖြစ် ရန်ကုန် တက္ကသိုလ် ကျောင်းဆရာများ သမဂ္ဂမှ ကိုယ်စားလှယ် ဒေါက်တာ စိုင်းခိုင် မျိုးထွန်း၊ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (FTUM) (ယခင် FTUB) မှ ဦးသန်းဆွေတို့ သုံးဦး တက်ရောက်ခဲ့သည်။

ILO ညီလာခံအား တရားဝင် တက်ရောက်နိုင်ရန် ဒေါ်သန်းသန်းဌေးသည် မြန်မာနိုင်ငံ၏ ပထမဆုံးသော လွတ်လပ်သည့် တရားဝင် အလုပ်သမား ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်း ခံရသူလည်း ဖြစ်ကာ ဧပြီလ ၂၉ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပသော မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမားဖိုရမ် (Forum) အစည်းအဝေးမှ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ILO နှစ်ပတ်လည် ညီလာခံအား ဇွန်လ ၄ ရက်နေ့ ကတည်းက စတင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး ဇွန်လ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့ အထိသည် မြန်မာနိုင်ငံအရေး ဆွေးနွေးရန် အထူးနေ့များအဖြစ် သတ်မှတ်ထားကြောင်း တက်ရောက်နေကြသည့် မြန်မာကိုယ်စားလှယ်များမှထံမှ သိရှိရသည်။

Mizzima News
အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) မှ မြန်မာနိုင်ငံအပေါ် ချမှတ်ထား သည့် စီးပွားရေး ပိတ်ဆို့မှုများကို ရုတ်သိမ်းပေးရေးအတွက် မြန်မာ အစိုးရနှင့် အလုပ်သမား ကိုယ်စားလှယ် များက ယခု ကျင်းပဆဲ ဖြစ်သည့် ILO နှစ်ပတ်လည် ညီလာခံ၌ တင်ပြခဲ့သည့်အပေါ် အလားအလာကောင်းနေကြောင်း ညီလာခံ တက်ရောက်နေသည့် မြန်မာ အလုပ်သမား ကိုယ်စားလှယ်များက အင်္ဂါနေ့တွင် မဇ္ဈိမကို ပြောဆို လိုက်သည်။
ILO-1
ILO ညီလာခံကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာ မြို့၌ ဇွန်လ ၄ ရက်နေ့မှ စတင်ကျင်းပနေခြင်း ဖြစ်သည်။ “အခုထိတော့ အခြေအနေ ကောင်းတဲ့ပုံမှာ ရှိနေပါတယ်။ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား အားလုံး ကလည်း ဒီအပေါ်မှာ သဘောထားတွေကလည်း ထပ်တူ ကျနေတဲ့ အနေအထား ရှိပါတယ်။ ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေး လိုက်ရင် ပြည်တွင်းမှာ အလုပ်အကိုင် ရရှိမှုတွေ ပိုများလာမယ်။ အလုပ်သမားတွေအတွက် ပိုပြီး ပြေလည်သွားမယ်လို့ ယူဆနေကြတယ်” ဟု ညီလာခံတက်ရောက်နေသည့် ရန်ကုန် တက္ကသိုလ် ကျောင်းဆရာများ သမဂ္ဂမှ ဒေါက်တာ စိုင်းခိုင်မျိုးထွန်း က မဇ္ဈိမကို ပြောသည်။

ILO ၏ ပိတ်ဆို့မှု ဖြုတ်သိမ်းပေးရေးအတွက် ကနဦး သဘောထား ကောက်ယူ ဆွေးနွေးကြရာတွင် တရုတ်၊ အန္ဒိယ၊ ဂျပန်၊ သြစတေးလျား၊ အမေရိကန်၊ တောင်ကိုးရီးယား နိုင်ငံတို့မှ ဖြုတ်သိမ်းပေးရေးနှင့် ပတ်သက် ၍ ထောက်ခံကြောင်း ဆွေးနွေးခဲ့ကြသည်။ ဥေ၇ာပကမဂ္ဂ (EU) ကမူ ဆက်လက်စောင့်ကြည့် လေ့လာသွား မည့် အနေအထား၌ ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

“မနေ့က ဆိုင်ရာ နိုင်ငံအစိုးရတွေနဲ့ သဘောထားတွေ ပြောကြဆိုကြတယ်။ သမ္မတ ဦးသိန်းစိန်နဲ့ သမ္မတ အိုဘားမား မြန်မာနိုင်ငံမှာ တွေ့ခဲ့တုန်းကလည်း အိုဘားမားက ပိတ်ဆို့မှု ဖြုတ်ဖို့ ထောက်ခံထားတယ် ဆိုတဲ့ အကြောင်းကိုလည်း ထည်သွင်း ပြောကြားသွားပါတယ်။ ပိတ်ဆို့မှုကတော့ ဖြုတ်ပေးမယ့် သဘော ရှိသွား ပါပြီ။ အားလုံးရဲ့ သဘောတူညီချက်နဲ့” ဟု ဒေါ်က်တာ စိုင်းခိုင် မျိုးထွန်း က ဆက်ပြောသည်။

မြန်မာနိုင်ငံတွင်း အဓမ္မ လုပ်အားပေး ခိုင်းစေမှု၊ ကလေးလုပ်သား အသုံးပြုမှုများ ပပျောက်သွားခြင်း မရှိသေးသော်လည်း တိုးတက်သည့် လက္ခဏာရပ်များ ရှိလာခြင်းအပေါ် နိုင်ငံများမှ အသိအမှတ်ပြုကြောင်း အလုပ်သမား ကိုယ်စားလှယ်အဖြစ် တက်ရောက်နေသည့် ဒေါ်သန်းသန်းဌေး က ပြောသည်။

“မြန်မာနိုင်ငံအနေနဲ့ တိတိကျကျ လိုက်လံလုပ်ဆောင်ဖို့ ကျန်နေတာ နှစ်ချက် ရှိပါတယ်။ အဓမ္မ လုပ်အားပေး ခိုင်းစေမှုနဲ့ ကလေးလုပ်သား အသုံးပြုမှုကို ပပျောက်အောင် လုပ်ဆောင်ဖို့ လိုနေပါသေး တယ်။ နိုင်ငံတကာအမြင်ကတော့ ဆက်လက်လုပ်ဆောင်ဖို့ လိုပေမယ့် လောလောဆယ်မှာ အပြုသဘော တိုးတက်မှုတွေ ရှိနေလို့ အခြေအနေကောင်းကို စဉ်းစားပေးတဲ့ သဘောပါပဲ” ဟု မဇ္ဈိမကို ပြောသည်။

၁၉၉၆ ခုနှစ်များ နောက်ပိုင်း၌ မြန်မာနိုင်ငံတွင်း အဓမ္မ လုပ်အားပေး စေခိုင်းမှုများ၊ ပေါ်တာ ဆွဲခြင်းများ၊ လူသား မိုင်းရှင်းကိရိယာအဖြစ်အသုံးပြုခြင်း စသည့် တိုင်ကြားမှုများကို ILO မှ အများအပြား လက်ခံ ရရှိခဲ့ပြီးနောက် ကျွမ်းကျင်စုံစမ်းစစ်ဆေးရေး ကော်မရှင်တဖွဲ့ ဖွဲ့စည်းခဲ့သည်။ မြန်မာနိုင်ငံတွင်း၌ ILO ပြဋ္ဌာန်းချက် အမှတ် (၂၉) အဓမ္မ လုပ်အားခိုင်းစေမှုများ ကျူးလွန်မှု ရှိနေသည်ဟု ၁၉၉၉ ခုနှစ်တွင် ILO ကော်မရှင်မှ လေ့လာတွေ့ရှိခဲ့ပြီးနောက် ILO ၏ အရေးယူမှု ဥပဒေ ပုဒ်မ (၃၃) အရ အရေးယူခဲ့သည်။

ILO ၏ စီးပွားရေး ပိတ်ဆို့မှုကို ၂၀၀၀ ခုနှစ်၌ စတင်ခဲ့ခြင်း ဖြစ်ပြီး ပိတ်ဆို့မှု ရုပ်သိမ်း သင့်မသင့် တရားဝင် ဆုံးဖြတ်ချက်ကိုမူ လာမည့် သောကြာနေ့၌ ဆုံးဖြတ်ကြမည် ဖြစ်ကြောင်း သိရသည်။

အရေးယူ ပိတ်ဆို့ထားမှုကြောင့် စီးပွားရေး ရင်းနှီးမြှုပ်နှံမှု အားလုံး ပိတ်ဆို့ရေး၊ ILO ၏ နည်းစနစ် ပိုင်းဆိုင် ရာ အကူအညီပံ့ပိုးပေးမှု ရပ်ဆိုင်းရေး၊ မြန်မာနိုင်ငံ အနေဖြင့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှ လွဲ၍ ကျန်သည့် ဆွေးနွေးပွဲများ တက်ရောက်ခွင့် မရှိခြင်း စသည့် ပိတ်ဆို့မှုများဒဏ်ကို ခါးခါးသီးသီး ခံစားခဲ့ရ သည်။

၂၀၁၂ မြန်မာ နိုင်ငံရေး ပြုပြင် ပြောင်းလဲရေး တိုးတက်မှုများကြောင့် ILO ၏ အရေးယူ ပိတ်ဆို့ထားမှုအား ၁ နှစ် ဆိုင်းငံ့ရန် ပြန်လည် သဘောထားခဲ့သည်။

ထို့ပြင် ၂၀၁၂ ဧပြီလတွင်း ရေးထိုးခဲ့သည့် ILO အုပ်ချုပ်ရေးအဖွဲ့နှင့် မြန်မာအစိုးရတို့အကြား သဘော တူချက်တွင် ရှေ့သုံးနှစ်တာအတွင်း အဓမ္မလုပ်အားခိုင်းစေခြင်း လုံးဝပပျောက်ရန် သဘောတူထားကြ သည်။

“သုံးနှစ်အတွင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှု လုံးဝ ပပျောက်စေရမယ် ဆိုပြီး စစ်တပ်ဘက်မှာ ဆိုရင် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် လက်မှတ်ထိုးခဲ့တယ်။ ဒီနှစ်မှာတော့ အမှန်တကယ် တိုးတက် မှုတွေ ဖြစ်လာတယ်။ နိုင်ငံရေးအရ ပွင့်လင်းလာတဲ့ အခြေအနေ တရပ် ဖြစ်လာ တယ်။ နိုင်ငံတကာ ကလည်း တောင်းဆိုလာတာက အာဆီယံ ဥက္ကဋ္ဌလည်း ဖြစ်တော့မယ် ဆိုတော့ မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့ထား ရှိမယ့် အစား ဖွင့်ပေးလိုက်ပြီးတော့ နိုင်ငံတကာ အသိုင်းအဝန်း ကြားထဲမှာ ဒီမိုကရေစီ ရှင်သန်ခွင့်ကို ပေးဖို့ဆိုပြီး တနှစ်တာ ပိတ်ဆို့မှုကို ILO က ဆိုင်းငံ့ခဲ့တာပါ” ဟု မြန်မာနိုင်ငံ တောင်သူလယ် သမားနှင့် စိုက်ပျိုးရေး အလုပ်သမားများ အဖွဲ့ချုပ် (AFFM) မှ အတွင်းရေးမှူး ဦးဇာနည်သွေး က ပြောသည်။

ယခု ILO အစည်းအဝေးသို့ မြန်မာအစိုးရ ကိုယ်စားလှယ်များအဖြစ် အလုပ်သမား ဒု-ဝန်ကြီး ဦးမြင့်သိန်းနှင့် ဦးမျိုးအောင် တို့လည်း တက်ရောက်ကြကာ လက်ရှိ မြန်မာအစိုးရ လုပ်ဆောင်ချက်များ ဖြစ်သည့် အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်နိုင်ရေး၊ အောက်ခြေပိုင်း အုပ်ချုပ်ရေး ယန္တရား ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ လုပ်ဆောင်ချက်များကို တင်ပြခဲ့ပြီး ILO မှလည်း ၎င်းတင်ပြချက်များကို အသိအမှတ် ပြုခဲ့ကြောင်း ဒေါက် တာ စိုင်းခိုင် မျိုးထွန်း က ပြောသည်။

ILO ညီလာခံအား တရားဝင် မြန်မာနိုင်ငံမှ အလုပ်သမား ကိုယ်စားလှယ် အဖြစ် မြန်မာ နိုင်ငံ တောင်သူ လယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားများ အဖွဲ့ချုပ် (AFFM) ၏ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဌေး မှ Quota (ခွဲတန်း)ရရှိခဲ့ပြီး အကြံပေးအဖွဲ့ဝင်များအဖြစ် ရန်ကုန်တက္ကသိုလ် ကျောင်းဆရာများ သမဂ္ဂမှ ကိုယ်စားလှယ် ဒေါက်တာ စိုင်းခိုင် မျိုးထွန်း၊ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (FTUM) (ယခင် FTUB) မှ ဦးသန်းဆွေတို့ သုံးဦး တက်ရောက်ခဲ့သည်။

ILO ညီလာခံအား တရားဝင် တက်ရောက်နိုင်ရန် ဒေါ်သန်းသန်းဌေးသည် မြန်မာနိုင်ငံ၏ ပထမဆုံးသော လွတ်လပ်သည့် တရားဝင် အလုပ်သမား ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်း ခံရသူလည်း ဖြစ်ကာ ဧပြီလ ၂၉ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပသော မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားဖိုရမ် (Forum) အစည်း အဝေး မှ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ILO နှစ်ပတ်လည် ညီလာခံအား ဇွန်လ ၄ ရက်နေ့ ကတည်းက စတင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး ဇွန်လ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့ အထိသည် မြန်မာနိုင်ငံအရေး ဆွေးနွေးရန် အထူးနေ့များအဖြစ် သတ်မှတ် ထားကြောင်း တက်ရောက်နေကြသည့် မြန်မာကိုယ်စားလှယ်များမှထံမှ သိရှိရသည်။
Mizzima News

No comments:

Post a Comment