အာဆင်နယ်ကနေ ပြောင်းသွားပြီးတဲ့နောက်မှာလန်ဒန်ကို မမေ့ပါဘူး ဆိုတဲ့ အွန်နရီဟာ ခုတော့ နယူးယောက်ကို ခင်တွယ်လိုက်ပုံများ တက်တူးနဲ့သက်သေပြခဲ့သလိုပါ။ အွန်နရီထိုးခဲ့တဲ့ မင်ကြောင်ရုပ်ကတော့
နည်းပညာတွေအရ မင်ကြောင်ရုပ်တွေကို ဖျက်လို့ရပေမယ့် အချိန်၊ ငွေ၊ ခံစားမှု
အားလုံးထည့်ဝင်ရတဲ့ တက်ထူးထိုးခြင်းဟာ အစကတည်းက ဖျက်ဖို့ထိုးတာ
မဟုတ်တာတော့ သေချာပါတယ်။ ဒါဆိုရင် အာဆင်နယ်နဲ့ လန်ဒန်ကို ချစ်တယ် ဆိုပြီး
ပြောခဲ့တဲ့ အွန်နရီရဲ့ ရင်ထဲမှာ နယူးယောက်ဟာ
ရှင်ဘုရင်ဖြစ်လာခဲ့ဖွယ်ရှိနေပါတယ်။ ဒါပေမယ့် အွန်နရီကို တက်တူးထိုးပေးတဲ့
ပညာရှင်ဟာ နယူးယောက်မှာတော့ အောင်မြင်မှု ထုနဲ့ထည် ရထား သူဖြစ်ပြီး
ဘန်ဘန်တက်တူးခန်းမှာ ရီဟားနား၊ အဒဲလ်၊ ဂျက်စတင်ဘီဘာတို့လို
နာမည်ကျော်တွေလည်း အရုပ်တင်ခဲ့ပါသေးတယ်။
ရိုးရာလေး
No comments:
Post a Comment