Friday, July 26, 2013

စပိန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ရထားလမ်းချော် ၈၀ ဦးသေ


စပိန်နိုင်ငံ ​​အနောက်မြောက်ပိုင်းမှာ ​​မနေ့က ​ရထားလမ်းချော်မှု ​​ဖြစ်ပွားတဲ့အတွက် ​​အနည်းဆုံး ​​လူ အယောက်ပေါင်း ​၈၀ ​သေဆုံးပြီးနောက် ​သေဆုံးသူတွေအတွက် ​သုံးရက်ကြာ ​ဝမ်းနည်းပူဆွေးတဲ့ ​အခမ်း အနားပြုလုပ်နေကြပါတယ်။
စပိန်နိုင်ငံ ​​မဲဒရစ်မြို့နဲ့ ​​ဖာရိုးလ်ကြားရှိ ​​ဆန်တီရေးဂို ​​ဒီ ​​ကွန်ပိုစ်စတယ်လာ ​​မြို့နားမှာ ​​ရထားလမ်းချော် ခဲ့တာဖြစ် ပြီး ​​ရထားဘူတာမဆိုက်ခင်လေးမှာ ​​လမ်းချော်ခဲ့တာဖြစ်ပါတယ်။
လူ ​၈၀ ​သေဆုံးတဲ့အပြင် ​အတော်များများလည်း ​ဒဏ်ရာ ​ရရှိခဲ့ပါတယ်။
မျက်မြင်သက်သေတွေရဲ့ ​​အဆိုအရ ​​ရထားအောက်မှာ ​​ပိမိသူတွေ၊ ​​သေဆုံးသူတွေ ​​အမြောက်အများရှိပြီး ​​ရထားထဲကနေ ​​အခိုးအငွေ့တွေ ​​ထွက်လာတာကို ​​မြင်ရတယ်လို့လည်း ​​ဆိုပါတယ်။
ရထားက ​​အရှိန်နဲ့ ​​ပြေးနေတုန်း ​​အကွေ့တစ်ခုအရောက်မှာ ​​လမ်းချော်သွားပုံ ​​ဖြစ်တယ်လို့ ​​ခရီးသည် တစ်ဦးက ​​ပြောပါတယ်။ ​​နောက်မျက်မြင်သက်သေတစ်ဦးကတော့ ​​ရထားလမ်းမချော်ခင် ​​ပေါက်ကွဲသံ တစ်ခု ​​ကြားခဲ့ရတယ်လို့ ​​ဆိုပါတယ်။
လူအမြောက်အများသေဆုံးရတဲ့ ​ရထားလမ်းချော်မှု ​ဘာကြောင့်ဖြစ်ရသလဲဆိုတာကို ​စုံစမ်းဖို့ ​စပိန်အစိုးရက ​အဖွဲ့နှစ်ဖွဲ့ဖွဲ့ပြီး ​စုံစမ်းနေပြီလို့ ​သိရပါတယ်။ ​ခုလောလောဆယ် ​ရထားဒရိုင်ဘာ တစ်ယောက်ကို ​ဆေးရုံမှာ ​ထိန်းသိမ်းထားပြီးနောက် ​တရားရေးဆိုင်ရာ ​စုံစမ်းရေးအဖွဲ့နဲ့ ​ရထားမတော်မဆဖြစ်မှုကော်မရှင်ရဲ့ ​စုံစမ်းစစ်ဆေးရေးအဖွဲ့တို့ ​ပူးပေါင်းပြီးတော့ ​စုံစမ်းစစ်ဆေး မှုတွေ ​ပြု လုပ်နေကြောင်း ​သိရပါတယ်။
စပိန်နိုင်ငံမှာ ​ခရစ်ယာန်ဘာသာတွေက ​​ရဟန်းန္တာ ​​စိန်ဂျိမ်းစ်အတွက် ​​ကျင်းပတဲ့ ​​ပွဲတော်ကြီး ​​မစခင် တစ်ရက်မှာ ​​အခင်းဖြစ်ပွားခဲ့တာလည်း ​​ဖြစ်ပါတယ်။

ABC Radio

No comments:

Post a Comment