Monday, July 1, 2013

နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားကုမ္ပဏီများ အခက်တွေ့နေ....

နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည့်နိုင်ငံခြားကုမ္ပဏီများ အခက်တွေ့နေ သည်ဟု (၈၈)မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမာကီးက ပြောကြားသည်။
ထိုသို့ပြောကြားရာတွင် ကိုမာကီးက ၎င်းတို့အဖွဲ့ သွားရောက်ခဲ့သောအင်္ဂလန်ခရီးစဉ်သည် မဟာ ခရီးစဉ်တစ်ခုဖြစ်ကြောင်း၊ ထိုခရီးစဉ်အတောအတွင်း Asia House, Business and Policy Programming အဖွဲ့အစည်း၏ စီစဉ်ပေးမှုနှင့်အတူ နာမည်ကျော်ကုမ္ပဏီများ ဖြစ်ကြသည့် VodafoneGroup, Standard Chartered Bank, UK Trade & Investment,Matheson & CO ကုမ္ပဏီလီမိတက်နှင့်အတူ နိုင်ငံတကာတွင် လူ့အခွင့်အရေးနှင့် စီးပွားရေးဆိုင်ရာပညာရှင်များ ၊ လူ့ စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးမှ အဖွဲ့အစည်းများ၊ အင်္ဂလန်တွင် ရှိသော ဗမာကောင်စီ ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး နိုင်ငံခြား ကုမ္ပဏီများက မြန်မာနိုင်ငံ၏ နိုင်ငံရေး မတည် ငြိမ်မှုပြဿနာ ၊မြေယာနှင့် ပတ်သက်သောဥပဒေ၊ လူမျိုးရေးပဋိပက္ခအကြောင်းများကို မေးမြန်း ခဲ့ကြကြောင်းသိရသည်။

မြေယာနှင့်ပတ်သက်သော ဥပဒေကိုမေးမြန်းရာတွင်လည်း ၎င်းတို့ကုမ္ပဏီ အနေနှင့်မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမှုပြုလုပ်လိုကြောင်း၊ အကယ်၍ ရင်းနှီးမြှုပ်နှံပါက အခြေခံအဆောက် အဦ များ ကို ဒေါ်လာ သန်းပေါင်းများစွာ ကုန်ကျခံတည်ဆောက်ရမည်ဖြစ်ကြောင်း၊ မိမိတို့ အကုန်ကျခံ တည်ဆောက်ထားသော အဆောက်အဦများကို ပြန်လည်သိမ်းပိုက်မည်ဆိုပါက ဆုံးရှုံး နစ်နာမှု များကြီး မားလာမည်ဖြစ် သည့်အတွက် အဆိုပါအခြေ အနေက မိမိတို့အနေနှင့်စိုးရိမ်နေပါကြောင်း ၊ မြန်မာနိုင်ငံ ၏ မြေယာပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ဥပဒေကမည်သည့် အတိုင်းအတာအထိ အကာအကွယ်ပေး ထားခြင်းကို သိရှိလိုပါကြောင်း နိုင်ငံခြားကုမ္ပဏီကြီးများက အဓိကထားမေးမြန်းသွားခဲ့သည်ဟု ကိုမာကီး ကပြောကြားခဲ့သည်။

SkyNet TV Browser

No comments:

Post a Comment