Saturday, July 27, 2013

ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် ယာဉ်မတော်တဆမှုကြောင့် ခုနစ်လအတွင်း ၈၄ ဦးအထိ သေဆုံး

ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် ယာဉ်မတော်တဆမှုများကြောင့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီမှ ဇူလိုင် လ နှောင်းပိုင်းအထိ ခုနှစ်လတာ ကာလအတွင်း သေဆုံးသူ ၈၄ ဦးထိ ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ ထုတ်ပြန်ချက်များအရ သိရသည်။
၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ ဇူလိုင် ၂၄ ရက်အထိ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ယာဥင်္ မတော် တဆမှု စုစုပေါင်း ၁၄၆ မှုရှိခဲ့ပြီး၊ ဒဏ်ရာရရှိသူ ၄၂၉ ဦး၊ သေဆုံးသူ ၈၄ ဦး ရှိခဲ့ကြောင်း သိရသည်။
အမြန်လမ်းပေါ် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူမှာ ဖေဖော်ဝါရီလ တစ်လတည်းတွင်ပင် ၂၅ ဦးထိ ရှိခဲ့ပြီး၊ မေလ ၂၅ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သော မန်းရွှေမြို့တော် ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုတွင် သေဆုံးသူ ၁၁ ဦးထိ ရှိခဲ့သည်။
အဆိုပါ အမြန်လမ်းမကြီးသည် စတင်ဖွင့်လှစ်သည့် ၂၀၀၉ ခုနှစ် မတ်လမှ ယခုအချိန်ထိ ယာဉ်မတော် တဆမှု ၅၀၀ နီးပါး ဖြစ်ပွားခဲ့ပြီး ခရီးသည် သေဆုံးသူ ၂၅၀ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၈၀၀ ကျော်အထိ ရှိလာပြီဖြစ်သည်။ ၎င်းလမ်းမသည် တစ်နိုင်ငံလုံး ဟိုင်းဝေးလမ်းအရှည် စုစုပေါင်း၏ ၁ ဒသမ ၈၅ ရာခိုင်နှုန်းသာ ရှိသော်လည်း လူသေဆုံးမှုနှုန်းမှာ ၁၃ ဒသမ ၅၄ ရာခိုင်နှုန်းအထိ ရှိနေကြောင်း သိရ သည်။

EMG

No comments:

Post a Comment