Wednesday, July 24, 2013

အမေရိကန် နိုင်ငံထုတ် တာလတ်ပစ် ဒုံးကျည်များ ဝယ်ယူရန် တောင်ကိုရီး ယား ကြိုးပမ်း

Photo: အမေရိကန် နိုင်ငံထုတ် တာလတ်ပစ် ဒုံးကျည်များ ဝယ်ယူရန် တောင်ကိုရီး ယား ကြိုးပမ်း
Wednesday, July 24, 2013 

တောင်ကိုရီးယား နိုင်ငံသည် အမေရိကန် နိုင်ငံ၏ Raytheon ကုမ္ပဏီထုတ် ခေတ်မီဝေဟင်မှ ဝေဟင်ပစ် တာလတ်ပစ် AIM-120C-7 ဒုံးကျည်များ ဝယ်ယူရရှိရေး အတွက် ကြိုးပမ်း ဆောင်ရွက်လျက်
ရှိကြောင်း ဇူလိုင် ၂၃ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။ အမေရိကန်ဒေါ်လာ ၄၅၂ သန်း တန်ဖိုးရှိ ဒုံးကျည် ရောင်းချပေးရေး ဆိုင်ရာ သဘောတူညီချက်တွင် ဆက်စပ် ပစ္စည်းများ ရောင်းချပေးရေးလည်း ပါဝင်ကြောင်း အမေရိကန် နိုင်ငံ ကာကွယ်ရေးဆိုင်ရာ လြုံခုံရေး ပူးပေါင်း ဆာင်ရွက်မှု အဖွဲ့က ပြောကြားခဲ့သည်။ တောင်ကိုရီးယား နိုင်ငံအနေဖြင့် အဆိုပါ ဒုံးကျည်များကို ၎င်း၏ KF-16နှင့် F-15K လေယာဉ်များတွင် တပ်ဆင် အသုံးပြုနိုင်မည် ဖြစ်ပြီး ဒေသတွင်း ကျူးကျော်ရန်စမှုကို ကာကွယ်ဟန့် တား နိုင် သည့်စွမ်းရည်ကို အာမခံချက် ပေးနိုင်ရုံသာမက အမေရိကန် တပ်ဖွဲ့ဝင်များနှင့် အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုများကိုလည်း ပိုမိုခိုင်မာစေမည် ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံသည် အဆိုပါ ဒုံးကျည်ပေါင်း ၂၇ဝ စင်း ခန့် ဝယ်ယူရန် ဆန္ဒရှိနေသည့် အပြင် ဒုံးကျည်များ ထည့်သွင်း သိမ်းဆည်းနိုင်သည့် ကွန်တိန်နာများ၊ ဒုံးကျည်နှင့် ပတ်သက်သည့် အထောက်အကူ ပစ္စည်းနှင့် စမ်းသပ်ရေး ပစ္စည်းများ၊ အပိုပစ္စည်းနှင့် ပြင်ဆင်ရေး ကိရိယာများ၊ တပ်ဖွဲ့ဝင်များအား လေ့ကျင့်ပေးရေးနှင့် လေ့ကျင့်ရေး ပစ္စည်းများ၊ နည်းပညာပိုင်း ဆိုင်ရာ အချက်အလက်များကိုလည်း အထောက်အပံ့ ရရှိရန် အဆိုပြု ကမ်းလှမ်းထားကြောင်း သိရသည်။

မြ၀တီ
တောင်ကိုရီးယား နိုင်ငံသည် အမေရိကန် နိုင်ငံ၏ Raytheon ကုမ္ပဏီထုတ် ခေတ်မီဝေဟင်မှ ဝေဟင်ပစ် တာလတ်ပစ် AIM-120C-7 ဒုံးကျည်များ ဝယ်ယူရရှိရေး အတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း ဇူလိုင် ၂၃ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။ အမေရိကန်ဒေါ်လာ ၄၅၂ သန်း တန်ဖိုးရှိ ဒုံးကျည် ရောင်းချပေးရေးဆိုင်ရာ သဘောတူညီချက်တွင် ဆက်စပ်ပစ္စည်းများ ရောင်း ချပေးရေးလည်း ပါဝင်ကြောင်း အမေရိကန် နိုင်ငံ ကာကွယ်ရေးဆိုင်ရာ လြုံခုံရေး ပူးပေါင်း ဆာင်ရွက်မှု အဖွဲ့က ပြော ကြားခဲ့သည်။ တောင်ကိုရီးယား နိုင်ငံအနေဖြင့် အဆိုပါ ဒုံးကျည်များကို ၎င်း၏ KF-16နှင့် F-15K လေယာဉ်များတွင် တပ်ဆင် အသုံးပြုနိုင်မည် ဖြစ်ပြီး ဒေသတွင်း ကျူးကျော်ရန်စမှုကို ကာကွယ် ဟန့်တား နိုင်သည့်စွမ်းရည်ကို အာမခံချက် ပေးနိုင်ရုံသာမက အမေရိကန် တပ်ဖွဲ့ဝင်များနှင့် အပြန် အလှန် ပူးပေါင်း ဆောင်ရွက်မှုများကိုလည်း ပိုမိုခိုင်မာစေမည် ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံသည် အဆိုပါ ဒုံးကျည်ပေါင်း ၂၇ဝ စင်း ခန့် ဝယ်ယူရန် ဆန္ဒရှိနေသည့် အပြင် ဒုံးကျည်များ ထည့်သွင်း သိမ်းဆည်းနိုင်သည့် ကွန်တိန်နာများ၊ ဒုံးကျည်နှင့် ပတ်သက်သည့် အထောက် အကူ ပစ္စည်းနှင့် စမ်းသပ်ရေး ပစ္စည်းများ၊ အပိုပစ္စည်းနှင့် ပြင်ဆင်ရေးကိရိယာများ၊ တပ်ဖွဲ့ဝင် များအား လေ့ကျင့်ပေးရေးနှင့် လေ့ကျင့်ရေး ပစ္စည်းများ၊ နည်းပညာပိုင်းဆိုင်ရာအချက်အလက်များ ကိုလည်း အထောက်အပံ့ ရရှိရန် အဆိုပြု ကမ်းလှမ်းထားကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment