Saturday, August 24, 2013

ရထားမရပ်မီခုန်ချသဖြင့် ခြေချော်ကာ ရထားတိုက်မိသေဆုံး

၂၃.၈.၂၀၁၃ ရက်နေ့ ၁၆၅၀ အချိန် သန်လျင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သန်လျင်မြို့နယ်၊ မြို့ဟောင်းအရှေ့ရပ်ကွက်၊ အောင်သုခဘူတာအနီး၊ မိုင်တိုင်အမှတ် (၁၄/၇-၈)ရှေ့တွင် ကားရထားပေါ်မှ
လူတစ်ဦးပြုတ်ကျသေဆုံးနေကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ မြ၀င်း၊၄၁ နှစ် ၊မြို့ဟောင်း အရှေ့ရပ်ကွက်၊ သန်လျင်မြို့နေသူဖြစ်ပြီး ဦးခေါင်းနောက်စေ့ကွဲဒဏ်ရာ၊ ၀ဲ/ယာ လက်ဖ၀ါး ပြတ်ရှ ဒဏ်ရာနှင့် လက်ဖျံရိုးကျိုးပဲ့၊ သွေးထွက်ပေါက်ပြဲဒဏ်ရာတို့ဖြင့် သေဆုံးနေသည် ကိုစစ်ဆေးတွေ့ရှိ ရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် သန်လျင်အုတ်ဖိုစုဘူတာမှ အောင်သုခဘူတာသို့ ကားရထား၏ ဒုတိယတွဲမှ လိုက်ပါစီးနင်းခဲ့ရာ အောင်သုခဘူတာအနီးအရောက်တွင် ရထားမရပ်မီအောက်သို့ ခုန်ဆင်းစဉ် ခြေချော် ကျပြီး ကားရထားနှင့်တိုက်မိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် သန်လျင်မြို့မ ရဲစခန်း သေ မှုသေခင်း အမှတ်စဉ် ၂၁/၂၀၁၃ ဖြင့်ရေးဖွင့်ကာစုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိုပါသည်။

Yangon Police

No comments:

Post a Comment