Friday, August 30, 2013

ကွန်ဂိုတွင်သူပုန်များနှင့် ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွား

ကွန်ဂိုနိုင်ငံအရှေ့ပိုင်းရှိ သူပုန်များနှင့် တိုက်ခိုက်နေသည့် ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် တစ် ဦးကျဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရခဲ့သည်ဟု ကုလသမဂ္ဂအဖွဲ့မှ ပြောကြား လိုက်ကြောင်း သြဂုတ် ၂၉ ရက်က ဘီဘီစီသတင်းဌာနမှ ဖော်ပြထားသည်။



သို့သော် နယူးယောက်မြို့ရှိ ကုလပြောခွင့်ရပုဂ်္ဂိုလ် ဖာဟန်ဟက်မှသေဆုံးဒဏ်ရာရရှိ ခဲ့သူ များနှင့်သက် ဆိုင်သည့် အချက်အလက်အသေးစိတ်ကို ထုတ်ဖော်ပြောဆို သွားခဲ့ခြင်း မရှိပေ။
ကုလတပ်ဖွဲ့ဝင်များ အနေ ဖြင့် ကွန်ဂိုနိုင်ငံ၏ အရေးပါသောမြို့ကြီးတစ်မြို့ဖြစ်သည့် ဂိုမာ အနီးတွင်စခန်းချထားသည့် M23 သူပုန်များ အားတိုက်ခိုက်မောင်းထုတ်ရာတွင် ဟယ်လီကော်ပတာများ အသုံးပြုခဲ့သည်။
လွန်ခဲ့သော သတင်းပတ်အတွင်း တိုက်ခိုက်မှုများ၌ လူပေါင်း ၈၀ ကျော် သေဆုံး ခဲ့ပြီးဖြစ်သည်။သူပုန်များ ကဂိုမာမြို့အား ၂၀၁၂ ခုနှစ်တွင် သိမ်းပိုက်နိုင်ခဲ့သော်လည်း သံတမန်ရေးအရ ဖိအားပေးမှုများကြောင့် ဆုတ်ခွာခဲ့ကြသည်။ ကုလသမဂ္ဂကလည်း သူပုန် များနှင့် တိုက်ခိုက်အရေးယူရန်အတွက် သတ္ထုပေါကြွယ် ၀သည့်ကွန်ဂိုနိုင်သို့ တပ်မဟာ တစ်ခုစေလွှတ်ခဲ့သည်။ ပြင်သစ်ဘာသာဖြင့် အမည်ပေးထားသည့် Monusco ဟုခေါ်သော ကုလငြိမ်းချမ်းရေးတပ်ဖွဲ့များမှာ ကွန်ဂိုအစိုးရတပ် နှင့်ပူးပေါင်းကာ သူပုန်များအား တိုက်ခိုက်နေ ခြင်း ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment