Wednesday, September 18, 2013

အမြင်အားကောင်းစေမည့် အကျင့်ခုနှစ်ရပ်

အမြင်အာရုံကို ကောင်းမွန်အောင် ဂရုစိုက်ပေးတာက ဘဝ အရည်အသွေးကို တိုးတက် စေပါ တယ်။ အောက်ပါ အကျင့် ကောင်းတွေကို ထိန်းသိမ်းနေထိုင် တာကြောင့် အမြင်အာရုံ ကို ကောင်းမွန်စေ ပါတယ်။
(၁) မျက်စိကို နေကာမျက်မှန် ကာကွယ်ပါ
နေရောင်ခြည်ရဲ့ အန္တရာယ်ရှိတဲ့ ခရမ်းလွန် ရောင်ခြည်တွေဟာ မျက်စိကို ထိခိုက်မှု ဖြစ်စေပြီး အတွင်းတိမ် ရောဂါနဲ့ မက်ကူလာ ယိုယွင်းမှုတို့ ဖြစ်နိုင်ခြေမြင့် တက်စေပါတယ်။ နေရောင်ထဲတွင် ကြာ ကြာနေသူတွေ၊ အတွင်းတိမ် ခွဲစိတ်မှု ခံယူ ထားသူတွေနဲ့ ဆီးဆေး၊ တက်ထရာဆိုက် ကလင်းလို တချို့ဆေးတွေ မှီဝဲနေသူ တွေ အနေနဲ့ မျက်စိကို ခရမ်းလွန်ရောင်ခြည် နဲ့ မထိတွေ့သင့်ပါဘူး။ ဒါ့အပြင် နေကာ မျက်မှန်ဟာ ခရမ်းလွန်ရောင် ခြည်ဒဏ် ကြောင့် မျက်စိအမြင်အာရုံ မထိခိုက် အောင် ကာကွယ်ပေး ပါတယ်။
(၂) ဆေးလိပ်မသောက်ပါနှင့်
ဆေးလိပ်သောက်တာကြောင့် အ တွင်းတိမ်ရောဂါဖြစ်စေနိုင်သလို မက်ကူ လာယိုယွင်းပျက်စီးမှု ဖြစ်နိုင်တဲ့ အန္တရာယ် ကိုလည်း မြင့်တက်စေပါတယ်။ ဆေးလိပ် သောက်တဲ့သူတွေက ကျန်းမာရေးနဲ့ မညီ ညွတ်တဲ့ အစားအသောက်နဲ့ အရက် သောက်တဲ့အခါ အမြင်အာရုံဆုံးရှုံးစေနိုင် တဲ့ စက္ခုအာရုံကြောထိ ခိုက်မှု ကို ဖြစ်စေ နိုင်ပါတယ။် ဆေးလပ်သောက်တာကြောင့် မျက်စိခြောက်သွေ့မှုဖြစ်တတ်သူတွေမှာ မျက်စိ စပ်ဖျဉ်း ဖျဉ်းဖြစ်နိုင်ခြေ ပိုများပါ တယ်။
(၃) အယ်လ်ကိုဟော လျော့သောက်ပါ
အရက်သောက်တာကြောင့် မျက်စိ အပါအဝင် ခန္ဓာကိုယ်ကို ရေဓာတ်ခန်း ခြောက်မှုဖြစ်စေနိုင်ပါတယ်။ မျက်စိ ခြောက်သွေ့တဲ့ ဝေဒနာတွေက အရက် သောက်တဲ့အခါ ပိုဆိုးနိုင်ပါတယ်။ အရက် ကို ပမာဏ များများသောက်တာကြောင့် အာဟာရချို့တဲ့မှုပြဿနာတွေကို ဖြစ်စေ နိုင်ပြီး စက္ခုအာရုံကြော ဆိုင်ရာ ရောဂါကို ဖြစ်စေနိုင်ပါတယ်။
(၄) သွေးတွင်း သကြားဓာတ် ထိန်းချုပ်
အဆီဓာတ်နဲ့ သကြားဓာတ်များတဲ့ အစာတွေကို စားတာကြောင့် သွေးတွင်း သကြားဓာတ် အတက်အ ကျဖြစ်စေတဲ့ အန္တရာယ်ကို မြင့်တက်စေပြီး ဆီးချိုရောဂါကို ဖြစ်စေနိုင်ပါတယ်။ ဆီးချိုရောဂါ ရှိရင် သွေး တွင်း သကြားဓာတ်ကို တည် ငြိမ်အောင် မထိန်းနိုင်တဲ့အခါ အတွင်း တိမ်ရောဂါနဲ့ ရေတိမ်ရောဂါအပြင် ဆီးချို ကြောင့် မျက်စိအာရုံခံလွှာရောင်ရမ်းမှုတို့ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်း သကြားဓာတ် ထိန်းချုပ်နိုင်မယ့် အစာ တွေကို စားသင့်ပါတယ်။
(၅) သွေးဖိအားနှင့် ကိုလက်စရောကို ပုံမှန်ထိန်းပါ
သွေးတိုးတာကြောင့် မျက်စိအာရုံခံ လွှာရောင်ရမ်းမှု ဖြစ်စေနိုင်ပြီး ကုသမှု မ ခံယူရင် မျက်စိမမြင်နိုင်တဲ့ အထိ ဖြစ်စေ နိုင်ပါတယ်။ သွေးတိုးတာကြောင့် မျက်စိ မှာ အာရုံခံလွှာရောင်ရမ်းတာ၊ ရေတိမ် ဖြစ်တာနဲ့ မက်ကူလာယိုယွင်းပျက်စီးတာ တို့ကို ဖြစ်စေနိုင်ပါတယ်။ သွေးတွင်းကို လက်စထရော များတဲ့ အပြင် သွေး တိုးတာ ကြောင့် လေဖြတ်နိုင်တဲ့ အန္တရာယ်ကို လည်း မြင့်တက်စေ ပါတယ်။
(၆) အင်တီအောက်ဆီဒင့် များသော အစာကိုစားပါ
အင်တီအောက်ဆီးဒင့်ပါတဲ့ အစား အသောက်တွေကို စားတာကြောင့် မက် ကူလာယိုယွင်းမှု ဖြစ်နိုင်ခြေကို ၂၅ ရာခိုင်နှုန်း နှေးကွေးစေပါတယ်။ အင်တီအောက် ဆီးဒင့်ဟာ အတွင်း တိမ်ဖြစ်နိုင်ခြေကို လည်း လျော့ကျ စေပါတယ်။ ဗီတာမင်အေဟာ မျက်စိအာရုံခံလွှာကျန်းမာရေး အတွက် အရေးပါပြီး အရောင်နဲ့ ညဘက်မမြင် တာတို့ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ လူတင်နဲ့ ဇီဇန်သင်းတို့လို အာဟာရ ဓာတ် တွေဟာ မက်ကူလာ ယိုယွင်းမှု မဖြစ်အောင် ကာကွယ်ပေးသလို အိုမီဂါ ၃ ဖက်တီး အက်စစ်ဟာ မျက်စိခြောက်သွေ့မှု နဲ့ မျက် စိစွန်တာ မဖြစ်အောင် ကာကွယ်ပေးပါ တယ်။
(၇) မျက်စိကို ပုံမှန်စစ်ဆေးမှု ခံယူပါ
ပုံမှန် မျက်စိစစ်ဆေးမှု ခံယူတာဟာ မျက်စိကျန်းမာရေးကို ကောင်းမွန်စေပါ တယ်။ မျက်စိကို စစ်ဆေး တာကြောင့် မျက်စိရောဂါတွေအပြင် ခန္ဓာကိုယ်ရော ဂါတွေကိုလည်း သိရှိနိုင်လို့ပါ။
ကြယ်စင်
Good Healths

No comments:

Post a Comment