Tuesday, September 10, 2013

"ဘုရားရှိခိုးရသော အကျိုး (၁၇) ပါး"

Photo: Tuesday, September 10, 2013

တန်းတူတွေ့လျှင် မေတ္တာဝင်
မဝင်နိုင်က ပြိုင်တတ်တယ်။
ပြိုင်မည့်အစား မေတ္တာပွား
စိတ်ထားပြုပြင် ပြောင်းပါ့မယ်။

နိမ့်တူတွေ့လျင် ကရုဏာဝင်
မဝင်နိုင်က နိုင်တတ်တယ်။
နိုင်မည့်အစား ကရုဏာပွား
စိတ်ထားပြုပြင် ပြောင်းပါမယ်။

မြင့်သူတွေလျှင် မုဒိတာဝင်
မဝင်နိုင်က ရွဲ့တတ်တယ်။
ရွဲ့မည့်အစား မုဒိတာပွား
စိတ်ထားပြုပြင် ပြောင်းပါ့မယ်။

မိုက်သူတွေ့လျှင် ဥပေက္ခာဝင်
မဝင်နိုင်က မဲ့တတ်တယ်။
မဲ့မည့်အစား ဥပေက္ခာပွား
စိတ်ထားပြုပြင် ပြောင်းပါ့မယ်။

စိတ်ကိုလည်းပြင် ရုပ်လည်းပြင်
ပြင်ဆင်တိုင်းရ ပြုတိုင်းလှ
သုခနိဗ္ဗာန် တိုင်လိမ့်မယ်။
သုခနိဗ္ဗာန် တိုင်လိမ့်မယ်။

နှလုံးသားအာဟာရ
၁။ သူတစ်ပါးတို့  ရှိခိုးခံထိုက်ခြင်း။
၂။ စိတ်၏ ရဲရင့် တည်ကြည်ခြင်း။
၃။ သေသည်၏ အခြားမဲ့၌ သုဂတိဘ၀ကို ရခြင်း။
၎။ နောင်ဘုရားနှင့် တွေ့ သည့်အခါ သစ္စာလေးပါးကို သိလွယ်ခြင်း။
၅။ အမျိုးမြတ်ခြင်း။
၆။ သူတစ်ပါးတို့ ၏ အရိုအသေအပြုကို ခံရခြင်း။
၇။ ချီးမွမ်းထိုက်သော ကိုယ်အဂါင်္နှင့် ပြည့်စုံခြင်း။
၈။ အဆင်းလှခြင်း။
၉။ ကိုယ်အနံ့ မွှေးခြင်း။
၁၀။ ခံတွင်းအနံ့ မွှေးခြင်း။
၁၁။ ကြီးကျယ်သော ဥာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၂။ နက်နဲသော ဥာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၃။ ထက်သော ဥာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၄။ လျင်မြန်သော ဥာဏ်နှင့် ပြည့်စုံရခြင်း။
၁၅။ ရွှင်သော ဥာဏ်နှင့် ပြည့်စုံရခြင်း။
၁၆။ ဆန်းကြယ်သော ဥာဏ်ပညာနှင့် ပြည့်စုံရခြင်း။
၁၇။ စကားကောင်းကို ဆိုနိုင်ခြင်း။

Special credit - အနှိုင်းမဲ့စာတိုပေစများ

No comments:

Post a Comment