UWSA (၀)တပ်ဖွဲ့နှင့် NDAA (မိုင်းလား)အဖွဲ့တို့ အခုရက်ပိုင်းအတွင်းမှာ အဖွဲ့နှစ်ဖွဲ့ကြား ဖြစ် ပွားနေ သော ပြဿနာများကို ဖြေရှင်းရန်အတွက် နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံရန်ရှိသည်ဟု ဒေသခံ တစ်ဦးဖြစ် သော ဦးအိုက်ရီမှ ပြောပြပါသည်။
ဦးအိုက်ရီက ဆက်လက်ပြောကြားရာမှာ “UWSA (၀)တပ်ဖွဲ့က NDAA (မိုင်းလား) တပ်ဖွဲ့ကို သူ့ရဲ့ လက်အောက်ခံတပ်သဖွယ် သဘောထား လာတာကြောင့် NDAA(မိုင်းလား)တပ်ဖွဲ့ဝင်တွေအနေနဲ့ (၀)တပ်ဖွဲ့ တွေ ကို ဆန့်ကျင်တိုက်ခိုက်လိုပေမယ့် NDAA (မိုင်းလား)အဖွဲ့ခေါင်းဆောင် ပိုင်းတွေအနေနဲ့ (၀)တပ်ဖွဲ့က သူတို့ကို လာသတ်မှာကြောက်တာကြောင့် လက်အောက်ခံတပ်ဖွဲ့ဝင်တွေက (၀)တပ်ဖွဲ့တွေ ကို တိုက်ခိုက်တာ မျိုး မလုပ်အောင် မနည်းထိန်းနေရတယ်” လို့ ပြောကြားခဲ့ပါသည်။
(၀)တပ်ဖွဲ့ ဟာ သူ့ထက်ငယ်တဲ့ အဖွဲ့တွေကို အနိုင်ကျင့်ဗိုလ်ကျနေတာ အခုမှမဟုတ်ကြောင်း၊ အရင် ကလည်း အဲလိုပဲ ဗိုလ်ကျတဲ့ဖြစ်စဉ်တွေရှိခဲ့ ဖူးကြောင်း၊ SSPP၊ SSA(၀မ်ဟိုင်း) အဖွဲ့ဆိုရင်လည်း (၀)တပ်ဖွဲ့ ရဲ့ခိုင်းတာမှန်သမျှ လုပ်နေရကြောင်း၊ အခုအခါ SSA(၀မ်ဟိုင်း)အဖွဲ့ထဲ မှာ (၀)လူမျိုးတွေကို ရာထူးကြီးကြီး ပေးနေ ရကြောင်း၊ (၀)တပ်ဖွဲ့ရဲ့ရည် မှန်းချက် သည် သီးခြားလွတ်လပ်သော(၀)ပြည်နယ် အဖြစ် ရောက်ရှိအောင် လုပ် ဆောင်ဖို့ဖြစ်ကြောင်း၊ အခု(၀)အဖွဲ့က မြို့အဖြစ် တည်ဆောက် ထားတဲ့ ပန်းယန်းမြို့ဟာ အရင်က မိုင်းလင်း စော်ဘွား အုပ်ချုပ်ခဲ့တဲ့နယ်မြေဖြစ်ပြီး မိုင်းလင်းစော်ဘွားနယ်မြေ အားလုံးကို (၀)ပြည်နယ် အတွင်းပါအောင် လုပ်ဆောင်နေသည့်အပြင် တစ်ဖက်က လည်း မိုင်းလင်းစော် ဘွား တံဆိပ်တုံးကို လိုက်လံရှာဖွေလျက်ရှိကြောင်းနဲ့ တံဆိပ်တုံးရရှိရင် ဒေါ်လာ ၁ သန်းပေးမယ်လို့ (၀)အဖွဲ့နဲ့ နီးစပ်သူ အချို့က ပြောဆိုလျက်ရှိကြောင်း၊ မိုင်းလင်း တံဆိပ်တုံးရရှိပါက အဲဒီ တံဆိပ်တုံးကို အထောက် အထားပြုလုပ်ပြီး မိုင်းလင်းနယ်မြေအတွင်း ပါရှိတဲ့မြို့တွေကို (၀)သီးခြားလွတ်လပ်သောပြည် နယ် အဖြစ်ထူထောင် ဖို့တောင်းဆို သွားမှာဖြစ်ကြောင်း ထပ်မံပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး မိုင်းလင်းစော်ဘွားတံဆိပ်တုံးနဲ့ပတ်သက်လို့ မိုင်းလင်းစော် ဘွား ရဲ့ မွေးစားသား ဖြစ်တဲ့ SSA(၀မ်ဟိုင်း) အဖွဲ့ခေါင်းဆောင် ဦးပန်ဖက (၀)အဖွဲ့ရဲ့ လုပ်ဆောင်ချက်နဲ့ပတ်သက်ပြီး အကြီး အကျယ် ဒေါသထွက်လျက်ရှိပေမဲ့(၀)တပ်ဖွဲ့ကို လွန်ဆန်နိုင်ခြင်းမရှိတာကြောင့် တစ်ခြားနည်းလမ်းနဲ့ တုန့်ပြန်ဖို့အတွက် စဉ်းစားလျက်ရှိကြောင်း၊အခွင့်သာ ရင်တုန့်ပြန်မယ် လို့ပြောဆိုနေကြောင်း ဦးပန်ဖနဲ့နီး စပ်တဲ့ အသိုင်းအ၀ိုင်း ၏ ပြောပြချက် အရ ကြားသိရကြောင်း ဦးအိုက်ရီမှ ပြောဆိုသွားပါသည်။
စိုင်းမိန်း
မြန်မာပြည်သား
No comments:
Post a Comment