Wednesday, October 2, 2013

လိုအပ်လျှင် စစ်မှုမထမ်းမနေရစနစ် အကောင်အထည်ဖော်မည်ဟုဆို

Photo: လိုအပ်လျှင် စစ်မှုမထမ်းမနေရစနစ် အကောင်အထည်ဖော်မည်ဟုဆို
Wednesday, October 2, 2013

နိုင်ငံအတွင်း လုံခြုံရေးအခြေအနေအရ လိုအပ်လာပါက အခြေခံဥပဒေ ပုဒ်မ ၃၄၀ ပြဋ္ဌာန်းချက်နှင့်အညီ ပြည်သူအားလုံးပါဝင်သည့်  စစ်မဟာ ဗျူဟာ ကို တိတိကျကျ အကောင်အထည်ဖော် ဆောင်ရွက် သွား မည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့် က အောက်တိုဘာ ၁ ရက်တွင် ပြုလုပ် သည့် ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။

ပြည်သူအားလုံးပါဝင်သည့် စစ်မဟာဗျူဟာဆိုသည်မှာ စစ်မှုမထမ်း မနေရစနစ်ကိုဆိုလိုကြောင်း တပ်မတော်သားကိုယ်စားလှယ်တစ်ဦးက အဓိပ္ပာယ်ဖွင့်ဆိုပြသည်။

တပ်မတော်သည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေး တွင် ပြည်သူ တစ်ရပ်လုံး ပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိသည်။ တပ်မတော်၏ ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်ရမည်ဟု အခြေခံ ဥပဒေ ပုဒ်မ ၃၄၀ တွင် ဖော်ပြထားသည်။

ရွှေပြည်သာမဲဆန္ဒနယ်မှ ဦးတင်မောင်ဦးက နိုင်ငံအတွင်း မိမိတို့၏ ဆန္ဒ အလျောက် စစ်မှုထမ်းလိုသည့်သူများ နည်းပါးလာပါက တပ်မတော် အင်အားတောင့်တင်းစေရန် မည်ကဲ့သို့ဆောင်ရွက်ရန် ရှိပါသနည်း ဟူသည့် မေးခွန်းကို ဗိုလ်ချုပ်ကျော်ညွန့်က ထိုကဲ့သို့ ဖြေကြားခြင်းဖြစ်သည်။
““စွန့်လွှတ်စွန့်စားသူတွေ နည်းပါးလာရင်၊ မျိုးချစ်စိတ်နည်းပါးလာသူတွေ များလာရင် တပ်မတော်ဟာ အင်အားနည်းပါးလာနိုင်ပါတယ်။ တရားဥပဒေ စိုးမိုးမှုကို ထိပါးမှုများလာရင် ဒီမိုကရေစီနိုင်ငံတော် ထူထောင်မှုကို ထိခိုက် လာနိုင်တဲ့ အပြင် ပိုဆိုးလာရင် လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကိုပါ ထိပါးလာနိုင်တာ တွေ့ရပါတယ်”” ဟု ဦးတင်မောင်ဦးက ဆိုသည်။

နိုင်ငံတော်တွင် အခက်အခဲအတားအဆီးများ ဖြစ်ပေါ်လာပါက တပ်မတော် မှသာ အစဉ်အမြဲ အကူအညီပေးခဲ့ခြင်းဖြစ်ပြီး တရားဥပဒေစိုးမိုးရေးကိစ္စ ရပ်များကို တပ်မတော်မှလွဲ၍ မည်သည့်ပုဂ္ဂိုလ် မည်သည့်ပါတီ မှ ဖြေ ရှင်းဆောင် ရွက်နိုင်ခြင်းမရှိကြောင်း ၎င်းကပြောသည်။ သို့သော် လက်ရှိ မြန် မာ့ တပ်မတော် တွင် တပ်သားဦးရေ လေးသိန်းနှင့် ငါးသိန်းကြား ရှိနိုင်ပြီး ကမ္ဘာပေါ်တွင် စစ်သည်အင်အားအများဆုံး စာရင်း တွင် အဆင့်  ၉ (သို့မဟုတ်) ၁၀ ၀န်းကျင် ရှိနိုင်ကြောင်း စစ်ဘက်ရေး ရာကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

လတ်တလောအခြေအနေအရ စစ်မှုမထမ်းမနေရစနစ်ကဲ့သို့ ပြည်သူ အားလုံး ပါဝင်သည့် တပ်မတော်စနစ်ကို ကျင့်သုံးရန် မလိုအပ်သေးသဖြင့် ကိုယ်တိုင်ခံယူချက်၊ ယုံကြည်ချက်၊ ၀ါသနာအလျောက် စစ်မှု ထမ်းဆောင်ခြင်း ကိုသာ ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယ၀န်ကြီးက ဆိုသည်။ တပ်မတော်သို့ ၀င်ရောက်ကာ တာဝန်ထမ်းဆောင်လိုပါက အသက် ၁၈ နှစ်ပြည့်ပြီး ၂၅ နှစ် ထက် မကြီးသူ၊ မျက်မြင် ၁၃ ချက် နှင့် ပြည့် စုံပြီး ဆေးအဆင့် က အဆင့်ရှိကာ ကိုယ်တိုင်ဆန္ဒပြုသူများ ကိုသာ စစ်မှုထမ်းဥပဒေနှင့်အညီ တပ်မတော်သို့ ၀င်ရောက်စစ်မှုထမ်း တာဝန်ထမ်းဆောင်စေကြောင်း ဗိုလ်ချုပ်ကျော်ညွန့်က ပြောသည်။

ယခင်အစိုးရလက်ထက်က စစ်မှုမထမ်းမနေရ ဥပဒေကို ပြဋ္ဌာန်း ထားခြင်း ရှိသော်လည်း ယခုအချိန်အထိ ဥပဒေအရ ကျင့်သုံးဆောင်ရွက်ခြင်း မရှိသေးပေ။

7Day Daily

နေပြည်တော်တွင် ကျင်းပခဲ့သော (၆၈) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား ဓာတ်ပုံ - ငြိမ်းချမ်းနိုင်/အီးပီအေ

နိုင်ငံအတွင်းလုံခြုံရေးအခြေအနေအရ လိုအပ်လာပါက အခြေခံဥပဒေပုဒ်မ ၃၄၀ ပြဋ္ဌာန်းချက်နှင့် အညီ ပြည် သူအားလုံးပါဝင်သည့်  စစ်မဟာဗျူဟာကို တိတိကျကျ အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့် က အောက်တိုဘာ ၁ ရက်တွင် ပြုလုပ် သည့် ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။
ပြည်သူအားလုံးပါဝင်သည့် စစ်မဟာဗျူဟာဆိုသည်မှာ စစ်မှုမထမ်း မနေရစနစ်ကိုဆိုလိုကြောင်း တပ်မတော်သားကိုယ်စားလှယ်တစ်ဦးက အဓိပ္ပာယ်ဖွင့်ဆိုပြသည်။

တပ်မတော်သည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေး တွင် ပြည်သူ တစ်ရပ်လုံး ပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိသည်။ တပ်မတော်၏ ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်ရမည်ဟု အခြေခံ ဥပဒေ ပုဒ်မ ၃၄၀ တွင် ဖော်ပြထားသည်။

ရွှေပြည်သာမဲဆန္ဒနယ်မှ ဦးတင်မောင်ဦးက နိုင်ငံအတွင်း မိမိတို့၏ ဆန္ဒ အလျောက် စစ်မှုထမ်းလို သည့်သူများ နည်းပါးလာပါက တပ်မတော် အင်အားတောင့်တင်းစေရန် မည်ကဲ့သို့ဆောင်ရွက်ရန် ရှိပါသနည်း ဟူသည့် မေးခွန်းကို ဗိုလ်ချုပ်ကျော်ညွန့်က ထိုကဲ့သို့ ဖြေကြားခြင်းဖြစ်သည်။
““စွန့်လွှတ်စွန့်စားသူတွေ နည်းပါးလာရင်၊ မျိုးချစ်စိတ်နည်းပါးလာသူတွေ များလာရင် တပ်မတော်ဟာ အင်အားနည်းပါးလာနိုင်ပါတယ်။ တရားဥပဒေ စိုးမိုးမှုကို ထိပါးမှုများလာရင် ဒီမိုကရေစီနိုင်ငံတော် ထူထောင်မှုကို ထိခိုက် လာနိုင်တဲ့ အပြင် ပိုဆိုးလာရင် လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကိုပါ ထိပါးလာနိုင်တာ တွေ့ရပါတယ်”” ဟု ဦးတင်မောင်ဦးက ဆိုသည်။

နိုင်ငံတော်တွင် အခက်အခဲအတားအဆီးများ ဖြစ်ပေါ်လာပါက တပ်မတော် မှသာ အစဉ်အမြဲ အကူအညီပေးခဲ့ခြင်းဖြစ်ပြီး တရားဥပဒေစိုးမိုးရေးကိစ္စ ရပ်များကို တပ်မတော်မှလွဲ၍ မည်သည့်ပုဂ္ဂိုလ် မည်သည့်ပါတီ မှ ဖြေ ရှင်းဆောင် ရွက်နိုင်ခြင်းမရှိကြောင်း ၎င်းကပြောသည်။ သို့သော် လက်ရှိ မြန် မာ့ တပ်မတော် တွင် တပ်သားဦးရေ လေးသိန်းနှင့် ငါးသိန်းကြား ရှိနိုင်ပြီး ကမ္ဘာပေါ်တွင် စစ်သည်အင်အားအများဆုံး စာရင်း တွင် အဆင့်  ၉ (သို့မဟုတ်) ၁၀ ၀န်းကျင် ရှိနိုင်ကြောင်း စစ်ဘက်ရေး ရာကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

လတ်တလောအခြေအနေအရ စစ်မှုမထမ်းမနေရစနစ်ကဲ့သို့ ပြည်သူ အားလုံး ပါဝင်သည့် တပ်မတော်စနစ်ကို ကျင့်သုံးရန် မလိုအပ်သေးသဖြင့် ကိုယ်တိုင်ခံယူချက်၊ ယုံကြည်ချက်၊ ၀ါသနာအလျောက် စစ်မှု ထမ်းဆောင်ခြင်း ကိုသာ ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယ၀န်ကြီးက ဆိုသည်။ တပ်မတော်သို့ ၀င်ရောက်ကာ တာဝန်ထမ်းဆောင်လိုပါက အသက် ၁၈ နှစ်ပြည့်ပြီး ၂၅ နှစ် ထက် မကြီးသူ၊ မျက်မြင် ၁၃ ချက် နှင့် ပြည့် စုံပြီး ဆေးအဆင့် က အဆင့်ရှိကာ ကိုယ်တိုင်ဆန္ဒပြုသူများ ကိုသာ စစ်မှုထမ်းဥပဒေနှင့်အညီ တပ်မတော်သို့ ၀င်ရောက်စစ်မှုထမ်း တာဝန်ထမ်းဆောင်စေကြောင်း ဗိုလ်ချုပ်ကျော်ညွန့်က ပြောသည်။

ယခင်အစိုးရလက်ထက်က စစ်မှုမထမ်းမနေရ ဥပဒေကို ပြဋ္ဌာန်း ထားခြင်း ရှိသော်လည်း ယခုအချိန်အထိ ဥပဒေအရ ကျင့်သုံးဆောင်ရွက်ခြင်း မရှိသေးပေ။

7Day Daily

No comments:

Post a Comment