Monday, October 28, 2013

လူ ၇၉ ဦးသတ်မှုဖြင့် အဖမ်းခံခဲ့ရသည့် လူငယ်တစ်ဦး

အသက် ၂၀ အရွယ်ရှိ ဂျူအန်ပက်ဘလိုဗက်ကွက်ဇ် ဟာ ရဲတစ်ဦး၊ ကချေသည် ၁ ဦး၊ သူ့ရဲ့ပြိုင်ဘက်တွေ နဲ့ ဘေးကရပ်ကြည့်သူတွေကို သတ်မှုနဲ့ စွပ်စွဲခံထားရတာဖြစ်ပါတယ်။ မွန်တာရေးနဲ့ ပတ်ဝန်းကျင်ဒေသ ဟာ အမြတ်ထုတ်တတ်တဲ့ မူးယစ်ဆေးရောင်းဝယ်သူ တွေနဲ့ပြည့်နေတဲ့ နေရာလည်းဖြစ်ပြီး  ဗက်ကွက်ဇ် ကို အောက်တိုဘာလ ၈  ရက်နေ့မှာ အမျိုးသမီး အဖော်တစ်ဦးအပါအ၀င် ဆေးခြောက်၃၅ ထုတ်၊ ကိုကင်း ၂၂ ထုပ်နဲ့အတူ ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။

 ဗက်ကွက်ဇ် က သူဟာ လူ၄၅ ဦးကို သတ်တယ်လို့ ၀န်ခံထားပြီး ၃၄ ဦးမှာ  ၂၀၁၁ ခုနှစ်မှ ယခုနှစ်အထိ သတ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။  ဗက်ကွက်ဇ် ဟာ တခြား လူသတ်သမားတွေလို အန်္တရာယ်ကြီးတဲ့ သူမဟုတ်ကြောင်း၊ လူသတ်မှုတွေမှာ ကိုယ်တိုင်လူသတ်ခဲ့တာ မျိုး (ဒါမှမဟုတ်) မျက်မြင်သက်သေ လုပ်တာမျိုး အနေနဲ့ ပါဝင်ခဲ့ပြီး သူဟာအမြတ်ထုတ်မူးယစ်ဆေး ရောင်းတဲ့အဖွဲ့တစ်ဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်ကြောင်းကို အရာရှိတွေက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အသက်၂၀အရွယ်ရှိ  ဗက်ကွက်ဇ် ဟာ သေဆုံးသူ ၇၉ ဦးနဲ့ပတ်သက်နေတာဟာ အလွန်အကျွံ ဖြစ်နေတယ်လို့ ထင်ရပေမယ့် အာဏာပိုင်တွေကတော့ သေဆုံးသူတွေရဲ့အမည်နာမည်နဲ့ နေ့စွဲတွေကို ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

MRTV 4

No comments:

Post a Comment