Monday, October 7, 2013

ဆွာရက်ဇ် ဧ။် အကောင်းဆုံး ပုံစံ နဲ့  ပြန်လာခဲ့ခြင်း နင့်အတူ ဇယားထိပ်ဆုံး တက်လှမ်း လာနိုင်မှုကြောင့် ကျေနပ်ပျော်ရွှင် နေသည့် ရော့်ဂျာ

လီဗာပူးလ် အသင်းဧ။် နည်းပြ ဘရန်ဒန် ရော့်ဂျာ က ပွဲပယ်ပြစ်ဒါဏ် က နေ ပြန်လည် လွတ်မြောက်လာ ခဲ့သည့် ဥရုဂွေး တိုက်စစ်မှူး ဧ။် အကောင်းဆုံး ပြန်လာ ခဲ့မှု နင့်အတူ ဇယား ထိပ်ကို တက်လှမ်း လာနိုင်မှုကြောင့် ကျေနပ် မိကြောင်း ပြောကြား သွားခဲ့ကြောင်း သိရသည်။
        
ကြိုးကြာနီ အသင်း သည် ရာသီ အစပိုင်း ကတည်းက ထူးခြားတဲ့ နောက်တန်း ၃ ယောက် သာထားပြီး ကစားသည့် ၃ - ၅ - ၂ ကစားကွက် နဲ့  အတူ ခြေစွမ်းပြနိုင်ခဲ့ပြီး မနေ့ ည ကလည်း အသင်းခေါင်းဆောင် ဂျာရတ် ၊ လူငယ်တိုက်စစ်မှူးလေး စတားရိုက် နင့် လူးဝစစ်ဆွာရက်ဇ် တို့ ဧ။် သွင်းဂိုးများ ဖြင့် တန်းတက် ခရစ္စတယ်ပဲလေ့စ် အသင်းအား အိမ်ကွင်း အန်ဖီးလ် တွင်  ၃ - ၁ ဖြင့် အေးဆေး သက်သာ စွာ အနိုင်ရရှိခဲ့သည်။
          ထို့ အပြင် ပွဲပယ် ပြစ်ဒါဏ် မှ ပြန်လည် လွတ်မြောက်လာသည့် ဥရုဂွေး တိုက်စစ် မှူး ဆွာရက်ဇ် ဧ။် အကောင်း ဆုံးခြေစွမ်းပြ ဂိုးသွင်း နိုင် ခဲ့မှု နင့်အတူ ပွဲစဉ်ဧ။် အကောင်းဆုံး ကစသမား ဆုကို ပါ ဆွတ်ခူး နိုင်ခဲ့ မှု တို့ ကြောင့် ကြိုးကြာနီ နည်းပြ ရော့်ဂျာ က သူဧ။် တိုက်စစ်မှူး နင့်ပါတ်သတ်ပြီး အထူး ကျေ နပ် နေခြင်း ဖြစ် သည်။
          " ခုတော့ သူဟာ အကောင်းဆုံး တွေ သယ်ဆောင်ပြီး ပြန်လာပါပြီ ။ ကျနော် တို့ မှာ အသင်း လူစာရင်း အတွက် စိတ်ကူး လေးတွေ ရှိနေတာက အသင်း ရဲ့  အားထားရတဲ့ တစ်စုံတစ်ယောက်ဟာ အသင်း နင့် လွဲချော သွားခဲ့ရင် သူ့ နေရာ နောက်တစ်ယောက် လာပြီး နေရာ ယူရမှာက လွဲပြီး ဘာမှ မရှိပါဘူး ။ အဲဒါကပဲ မျှော်လင့်ချက် ကြီးစွာ နဲ့ ကျနော် တို့  ရဲ့  လမ်းကြောင်း ကို အထောက် ကူပြု တိုးတက် စေမှာ ဖြစ်ပါတယ် " ဟု လက်၇ှိ အသင်း အခြေအနေ အား အားရသည့် ဟန် ဖြင့် ပြောကြားသွား ခဲ့ ကြောင်း သိရသည်။
Written by ၀ိုင်း ( ကျိန်းရိပ် )

No comments:

Post a Comment