Tuesday, October 29, 2013

ရခိုင်က ဟိုတယ် လုံခြုံရေး ၀န်ထမ်းတွေကို သင်တန်းပေးမယ်

Photo: ရခိုင်က ဟိုတယ် လုံခြုံရေး ၀န်ထမ်းတွေကို သင်တန်းပေးမယ်
Tuesday, October 29, 2013

ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပြီးတဲ့နောက် ရခိုင်ပြည်နယ်အတွင်းရှိ ဟိုတယ်ဝန်ထမ်းတွေကို စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှာ လုံခြုံရေးဆိုင်ရာ သင်တန်းတစ်ရပ် ပေးနေ
တယ်လို့ သိရပါတယ်။

အဆိုပါ လုံခြုံရေး သင်တန်းကို အောက်တိုဘာ၂၈ရက်ကနေ နိုဝင်ဘာ
၁ ရက်နေ့အထိ ၅ရက်ကြာ ပြုလုပ်ပေးမှာဖြစ်ပြီး စစ်တွေ မြို့နဲ့
မြောက်ဦးမြို့ရှိတဲ့ ဟိုတယ် ဝန်ထမ်း ၃၅ ယောက်ကို သင်တန်းပေးတာ
ဖြစ်ပါတယ်။

ဟိုတယ်နဲ့ခရီးသွားလာရေဝန်ကြီးနဲ့ ပြည်ထဲရေးဝန်ကြီးရဲ့ ညှိနှိုင်းအချက်
အရ လုံခြုံရေးဆိုင်ရာ သင်တန်းကို ဖွင့်လှစ်တာဖြစ်ကြောင်း ရခိုင်ပြည်နယ်
ရဲတပ်ဖွဲ့ပြည်နယ်ရဲမှူးကြီး ဦးနေမျိုးက ပြောသည်။

သင်တန်းမှာ သတင်းနဲ့ စာရွက်စာတမ်းလုံခြုံရေး၊ ပစ္စည်းနဲ့ အဆောက်
အဦးလုံခြုံရေး၊ လုံခြုံရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်း ကိုယ်တွယ်
အသုံးပြုနည်း လုံခြုံမှုလေ့လာခြင်းအကြောင်းကို ရဲတပ်ဖွဲ့က ပို့ချမည်ဖြစ်ပြီး မိုင်းရှင်းလင်းရှာဖွေရေးနဲ့ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အခြေခံသဘော
တရား၊ XRay-set အသုံးပြုနည်း၊ ဝင်ရောက်လာသူ ခရီးသည်တွေအပေါ် သတ္တုအာရုံခံစစ်ဆေး ခြင်းတွေကိုပါ ပို့ချမှာ ဖြစ်ပါတယ်။

အဲ့ဒါ့အပြင် ရခိုင်ပြည်နယ်ရှိ ဟိုတယ်တွေမှာ CCTV လုံခြုံရေး ကင်မရာ တပ်ဆင်ထားခြင်း ရှိမရှိကိုလည်း စစ်ဆေးသွားမှာဖြစ်ပြီး သတ်မှတ်ချက် မပြည့်မှီရင် ဟိုတယ်လုပ်ငန်းတွေ မချပေးဘူးလို့လည်း အစိုးရ
အရာရှိက ပြောကြောင်း မြစ်မခ သတင်းအရ သိရပါတယ်။

ABC
ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပြီးတဲ့နောက် ရခိုင်ပြည်နယ်အတွင်းရှိ ဟိုတယ်ဝန်ထမ်းတွေကို စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှာ လုံခြုံရေးဆိုင်ရာ သင်တန်း တစ်ရပ် ပေးနေတယ်လို့ သိရပါတယ်။

အဆိုပါ လုံခြုံရေး သင်တန်းကို အောက်တိုဘာ၂၈ရက်ကနေ နိုဝင်ဘာ၁ ရက်နေ့အထိ ၅ရက်ကြာ ပြုလုပ်ပေးမှာဖြစ်ပြီး စစ်တွေ မြို့နဲ့မြောက်ဦးမြို့ရှိတဲ့ ဟိုတယ် ဝန်ထမ်း ၃၅ ယောက်ကို သင်တန်းပေးတာဖြစ်ပါတယ်။

ဟိုတယ်နဲ့ခရီးသွားလာရေဝန်ကြီးနဲ့ ပြည်ထဲရေးဝန်ကြီးရဲ့ ညှိနှိုင်းအချက်အရ လုံခြုံရေးဆိုင်ရာ သင်တန်း ကို ဖွင့်လှစ်တာဖြစ်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ပြည်နယ်ရဲမှူးကြီး ဦးနေမျိုးက ပြောသည်။

သင်တန်းမှာ သတင်းနဲ့ စာရွက်စာတမ်းလုံခြုံရေး၊ ပစ္စည်းနဲ့ အဆောက်အဦးလုံခြုံရေး၊ လုံခြုံရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်း ကိုယ်တွယ်အသုံးပြုနည်း လုံခြုံမှုလေ့လာခြင်းအကြောင်းကို ရဲတပ်ဖွဲ့က ပို့ချမည်ဖြစ်ပြီး မိုင်းရှင်းလင်းရှာဖွေရေးနဲ့ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အခြေခံသဘောတရား၊ XRay-set အသုံးပြု နည်း၊ ဝင်ရောက်လာသူ ခရီးသည်တွေအပေါ် သတ္တုအာရုံခံစစ်ဆေး ခြင်းတွေကိုပါ ပို့ချမှာ ဖြစ်ပါ တယ်။

အဲ့ဒါ့အပြင် ရခိုင်ပြည်နယ်ရှိ ဟိုတယ်တွေမှာ CCTV လုံခြုံရေး ကင်မရာ တပ်ဆင်ထားခြင်း ရှိမရှိကိုလည်း စစ်ဆေးသွားမှာဖြစ်ပြီး သတ်မှတ်ချက် မပြည့်မှီရင် ဟိုတယ်လုပ်ငန်းတွေ မချပေးဘူးလို့လည်း အစိုးရ
အရာရှိက ပြောကြောင်း မြစ်မခ သတင်းအရ သိရပါတယ်။

ABC

No comments:

Post a Comment