Monday, October 7, 2013

မွန်ပြည်နယ်ကမ်းခြေ သဲသောင်ပြင်မှ ရှားပါးသတ္တုပါ အလေးချိန်စီးသဲ စမ်းသပ်တူးဖော်ခွင့်အတွက် ဒေသခံများ၏ သဘောထား ရယူ

မွန်ပြည်နယ်ကမ်းခြေ သဲသောင်ပြင်တွင် ၂၀၁၃ ခုနှစ် ဇွန်လက ဘီးလင်း-ဇုက္ကလိမှ ရေးမြို့နယ်-၀ါးကျွန်းထိ သဲနမူနာယူ စမ်းသပ်ရာ ရှားပါးသည့် ဇာကွန်၊ ရူတိုင်းလ်၊ ဂါးနက်၊ မဂ္ဂနက်တိုက်၊ အင်လ်မနိုက် ပါဝင်မှု ကနဦး တွေ့ရှိချက်ကို ဖြစ်မြောက်နိုင်စွမ်း တိုင်းတာတူးဖော်ရန် ပြည်နယ်အစိုးရထံ တင်ပြရာ ဒေသခံ များ၏ သဘောထား ရယူတင်ပြရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ညွှန်ကြားချက်အရ ၂၀၁၃ ခုနှစ် အောက်တိုဘာ-၄ ရက်တွင် ဘီလူးကျွန်း (ကမာကေး၊ ဆယ်ပလာ)၊ အောက်တိုဘာ-၅ ရက်တွင် သံဖြူဇရပ် (၀ဲဂလောင်၊ အံခဲ၊ ရသေ့တောင်) ဒေသခံများထံ သြစတြေးလျနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့တွင် အခြေပြုထားသည့် Asia Mining Limited (AML) တာဝန်ရှိသူများ သွားရောက်ရှင်းလင်း တင်ပြဆန္ဒ ရယူခဲ့ပြီး လေ့လာတူးဖော်မှုကို ဒေသခံများက ကန့်ကွက်ရန် မရှိကြောင်း သတင်းရရှိသည်။

"ပြီးခဲ့တဲ့ ဇွန်လ ရက် ၂၀ လောက်နဲ့ ဘီးလင်းဇုက္ကလိကနေ ရေးမြို့နယ် ၀ါးကျွန်းထိ လက်လှည့်လွန် တူးစက်နဲ့ အနက်ပေ (၇၅-၃၀၀) ခန့် တွင်းပေါင်း ၄၀၀ ကျော်တူးပြီး သဲနမူနာတွေကို ဓာတ်ခွဲခဲ့ပါတယ်။ ကနဦး တွေ့ရှိတာက အလေးစီး သဲတွေမှာ ဇာကွန်၊ ရူတိုင်းလ်၊ ဂါးနက်၊ မဂ္ဂနက်တိုက်၊ အင်လ်မနိုင်တို့ ပါတယ်။ ဖြစ်မြောက်နိုင်စွမ်း လေ့လာတူးဖော်ဖို့ အခုလို လာရှင်းပြတာပါ" ကုမ္ပဏီ တာဝန်ရှိ သူက ပြောကြားသည်။

(ရှားပါးသတ္တုပါ အလေးချိန်စီးသဲ ထွက်ပေါ်သည့် ဒေသ၀န်းကျင်ကို တွေ့ရစဉ်)

Eleven

No comments:

Post a Comment