Monday, October 28, 2013

တန်ဖိုးနည်း အငှား အိမ်ရာများ ဆောက်လုပ်ရန် စီစဉ်

တန်ဖိုးနည်းအိမ်ရာများ စီမံကိန်း များ အပြင် တန်ဖိုးနည်း အငှားအိမ် ရာများကိုလည်း တည်ဆောက် သွားမည်ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိ ရသည်။ လက်ရှိမြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဆောက် လုပ်နေသည့် တန်ဖိုးနည်း အိမ်ရာ များမှာ အခြေခံလူတန်းစားများ လတ်တလောဝယ်ယူရန် မတတ် နိုင်သေးသည့်အတွက် အိမ်ရာ မဝယ်နိုင်ခင် ငှားရမ်းနေထိုင်နိုင် မည့် တန်ဖိုးနည်းအငှားအိမ်ရာ များ ပိုမို တည်ဆောက် သင့်ကြောင်း ကုလသမဂ္ဂ မြို့ရွာနှင့်အိုးအိမ်ပြန် လည်ထူထောင်ရေးအစီအစဉ် မြို့ပြသုတေသနနှင့် ဖွံ့ဖြိုးရေး ဌာန (UN-HABITAT) မှလည်း အကြံပြုထားကြောင်း သိရသည်။

မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ''အခြေခံလူတန်း စားတွေ အိမ်ရာမဝယ်နိုင်ခင် တန် ဖိုးနည်းနည်းနဲ့ အိမ်ငှားနေထိုင် နိုင်မယ့် တန်ဖိုးနည်းအငှားအိမ် ရာတွေကို ဆောက်လုပ်သွားနိုင် ဖို့စီစဉ်နေပါ တယ်'' ဟု ပြောသည်။ အဆိုပါအငှားအိမ်ရာများ ဆောက်လုပ်ပါက လိုအပ်သည့် လျှပ်စစ်၊ ရေ၊ မိလ္လာစနစ်နှင့် အ ခြား အခြေခံအိမ်ရာလိုအပ်ချက် များအတွက် လိုအပ်သည့်ဘတ် ဂျက်ငွေတချို့အား UN-HAB -ITAT မှ ထောက်ပံ့ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

ဦးမင်းထိန်က ''တန်ဖိုးနည်း အငှားအိမ်ရာတွေ ဆောက်လုပ် နိုင်ဖို့ လောလောဆယ်တော့ အိမ် ရာတည်ဆောက်မယ့် မြေနေရာ နဲ့ လိုအပ်တဲ့လျှပ်စစ်၊ ရေ၊ မိလ္လာ စနစ်တည်ဆောက်မှုတွေအတွက် တိုင်းဒေသကြီးအစိုးရ အပါအ ဝင် ဌာနဆိုင်ရာ တာဝန် ရှိသူ တွေ နဲ့ ညှိနှိုင်းမှုတွေလုပ်နေပါတယ်'' ဟု ပြောသည်။

လက်ရှိမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် အခန်း ပေါင်း ၁၉ဝဝဝ ကျော် ပါဝင်သည့် ရတနာတန်ဖိုးနည်းအိမ်ရာ စီမံ ကိန်းနှင့် ဧရာဝဏ်တန်ဖိုးနည်းအိမ် ရာစီမံကိန်းများ၊ လှိုင်သာယာမြို့ နယ်တွင် အခန်း ပေါင်း ၃ဝဝဝကျော် ပါဝင်မည့် ကျန်စစ်မင်းတန်ဖိုးနည်း အိမ်ရာအား တည်ဆောက်သွား မည်ဖြစ်ပြီး အဆိုပါမြို့နယ်မှ အ ခန်းပေါင်း ၈ဝဝကျော်ပါဝင်သည့် ရွှေလင်ပန်းစက်မှုမြို့သစ် တန် ဖိုးနည်းအိမ်ရာအား ကျပ်သိန်း ၁၀၀ ဝန်းကျင် ဖြင့် ၂၀၁၄ခု ဇန်န ဝါရီလတွင် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ တာ မွေမြို့နယ် ကျောက်မြောင်း တွင် နေသူ ဦးကျော်ဝင်းက ''အခု ဆောက်နေတဲ့ တန်ဖိုးနည်းအိမ် ရာတွေကို ကျပ်သိန်း ၁ဝဝပတ် ဝန်းကျင်၊ ကျပ်သိန်း၂ဝဝနဲ့ရောင်း ပေးမယ်ဆိုပေမယ့် အခြေခံလူ တန်းစားတွေ အတွက် ကတော့ ဝယ်နိုင် ဖို့မလွယ်ဘူး။ အခုလို အ စိုးရက အငှားအိမ်ရာတွေဆောက် ပေးမယ်ဆိုတော့ ပိုကောင်းတာ ပေါ့။ ဒါပေမဲ့ အခုအပြင်မှာ အိမ် ငှားနေရတဲ့လခတွေထက် မများ ဖို့လိုတယ်''ဟု သုံးသပ်ပြောသည်။

UN-HAB -ITAT မှ ဆောက် လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံ၏ ပြည် သူ့ဆောက်လုပ်ရေးလုပ်ငန်းများ နှင့် မြို့ပြဆောက်လုပ်ရေးလုပ် ငန်းများတွင် အထောက်အကူပြု သွားမည့် နိုင်ငံတကာ အဆောက် အအုံဆောက်လုပ်ခြင်းဆိုင်ရာ နည်းပညာများကို လေ့လာနိုင် မည့် Urban Resource Center နှင့် fh Urban Research and De-velopment Institute (URDI) ကို ရန်ကုန်တိုင်းဒေသကြီး မြို့ရွာ နှင့် အိုးအိမ် ဖွံ့ဖြိုး ရေး ဦးစီးဌာနရုံး တွင် ဖွင့်လှစ်ထားသည်။

ဖြိုးလွင်အောင်
Yangon Media Group

No comments:

Post a Comment