Monday, October 28, 2013

အဆင့်မြင့်မြို့ပတ်ရထား ခရီးသည်အပြည့် လိုက်ပါစီးနင်းမှု မရှိပါက တစ်ခေါက်လျှင် ကျပ်နှစ်သိန်းကျော် အရှုံးရှိ

ရန်ကုန်မြို့ အတွင်း မကြာသေးမီက ပြေးဆွဲလျက် ရှိနေသည့်အဆင့်မြင့် မြို့ပတ်ရထား (RBE) ပြေးဆွဲမှုတွင် ခရီးသည်အပြည့် လိုက်ပါ စီးနင်းခြင်း မရှိပါက တစ်ခေါက်လျှင် ကျပ်နှစ်သိန်းကျော် အရှုံးရှိကြောင်း မြန်မာ့မီးရထားမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ အဆင့်မြင့် မြို့ပတ်ရထား (RBE) ပြေးဆွဲချိန်မှ စတင်၍ နိုင်ငံခြား ခရီးသွား များသာ စီးနင်းမှု များကြောင်း၊ ပြည်သူအများစုသည် ရိုးရိုးတန်း ကျပ် ၁ဝဝ၊ အထူးတန်း ကျပ် ၂ဝဝ သာရှိသော မြို့ပတ် ရထားများသာ စီးနင်းမှု ပိုများကြောင်း၊ ယင်းကဲ့သို့ ရှိနေမှုသည် ပြေးဆွဲကာလ အနည်းငယ်မျှသာ ရှိသေးပြီး သိရှိမှု နည်းပါးခြင်းကြောင့် စီးနင်းမှု နည်းနေခြင်း ဖြစ်ကြောင်း သိရှိရသည်။

''ပြည်သူတွေ အဆင်ပြေစွာ စီးနင်းနိုင်ဖို့ လက်မှတ်ခ ကိုလည်း အသင့် တော်ဆုံး ဆောင်ရွက် ပေးထားပါတယ်။ လက်ရှိပြေးဆွဲနေတဲ့ ရထားတွေလည်း အရှုံးခံ ဆွဲပေးနေတာ၊ သွားလာရေး အဆင်ပြေအောင်ပါ'' ဟု ၎င်းက ပြောကြားသည်။

ယင်းအဆင့်မြင့် မြို့ပတ်ရထား ခရီးစဉ် တစ်ကြောင်းလျှင် ဆီ ၇၅ ဂါလန် ကုန်ကျကြောင်း၊ လူအပြည့် ပါဝင်မှသာ ကုန်ကျ ဆီဖိုးငွေ ပြန်လည် ရရှိမည်ဖြစ်ရာ လက်ရှိတွင် အပြည့်ပါဝင်မှု နည်းကြောင်း၊ ရထား စီးနင်းခ အနေဖြင့် ကျပ် ၄ဝဝ သတ်မှတ်ပေးထားပြီး နေ့စဉ် ခရီးမိုင် ၂၉ မိုင် ပြေးဆွဲပေးလျက် ရှိနေကြောင်း သိရှိရသည်။

ဂျပန်နိုင်ငံမှ တင်သွင်း ပြေးဆွဲနေ သော အဆင့်မြင့် (RBE) မြို့ပတ် ရထားများတွင် အဆင့်မြင့် အိမ်သာ စနစ် ပါဝင်ပြီး ခရီးစဉ် တစ်ကြောင်းလျှင် ကုန်ကျငွေ ကျပ် ၂၆ဝဝဝဝ ရှိကြောင်း၊ အခြားမြို့ပတ် ရထား များ လမ်းကြောင်းအတိုင်း ပြေးဆွဲ ပေးလျက် ရှိနေပြီး ယင်းအတွက် အများပြည်သူများမှာ ရိုးရိုးမြို့ပတ် ရထားသာ အသုံးပြု သွားလာမှု များကြောင်း သိရှိရသည်။

မြ၀တီ
ရန်ကုန်မြို့ အတွင်း မကြာသေးမီက ပြေးဆွဲလျက် ရှိနေသည့်အဆင့်မြင့် မြို့ပတ်ရထား (RBE) ပြေးဆွဲ မှုတွင် ခရီးသည်အပြည့် လိုက်ပါ စီးနင်းခြင်း မရှိပါက တစ်ခေါက်လျှင် ကျပ်နှစ်သိန်းကျော် အရှုံး ရှိကြောင်း မြန်မာ့မီးရထားမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ အဆင့်မြင့် မြို့ပတ်ရထား (RBE) ပြေးဆွဲချိန်မှ စတင်၍ နိုင်ငံခြား ခရီးသွား များသာ စီးနင်းမှု များကြောင်း၊ ပြည်သူအများစုသည် ရိုးရိုးတန်း ကျပ် ၁ဝဝ၊ အထူးတန်း ကျပ် ၂ဝဝ သာရှိသော မြို့ပတ် ရထားများသာ စီးနင်းမှု ပိုများကြောင်း၊ ယင်းကဲ့သို့ ရှိနေမှုသည် ပြေးဆွဲကာလ အနည်းငယ်မျှသာ ရှိသေးပြီး သိရှိမှု နည်းပါးခြင်းကြောင့် စီးနင်းမှု နည်းနေခြင်း ဖြစ်ကြောင်း သိရှိရသည်။

''ပြည်သူတွေ အဆင်ပြေစွာ စီးနင်းနိုင်ဖို့ လက်မှတ်ခ ကိုလည်း အသင့် တော်ဆုံး ဆောင်ရွက် ပေး ထားပါ တယ်။ လက်ရှိပြေးဆွဲနေတဲ့ ရထားတွေလည်း အရှုံးခံ ဆွဲပေးနေတာ၊ သွားလာရေး အဆင်ပြေအောင်ပါ'' ဟု ၎င်းက ပြောကြားသည်။

ယင်းအဆင့်မြင့် မြို့ပတ်ရထား ခရီးစဉ် တစ်ကြောင်းလျှင် ဆီ ၇၅ ဂါလန် ကုန်ကျကြောင်း၊ လူအပြည့် ပါဝင်မှသာ ကုန်ကျ ဆီဖိုးငွေ ပြန်လည် ရရှိမည်ဖြစ်ရာ လက်ရှိတွင် အပြည့်ပါဝင်မှု နည်းကြောင်း၊ ရထား စီးနင်းခ အနေဖြင့် ကျပ် ၄ဝဝ သတ်မှတ်ပေးထားပြီး နေ့စဉ် ခရီးမိုင် ၂၉ မိုင် ပြေးဆွဲပေးလျက် ရှိနေကြောင်း သိရှိရသည်။

ဂျပန်နိုင်ငံမှ တင်သွင်း ပြေးဆွဲနေ သော အဆင့်မြင့် (RBE) မြို့ပတ် ရထားများတွင် အဆင့်မြင့် အိမ်သာ စနစ် ပါဝင်ပြီး ခရီးစဉ် တစ်ကြောင်းလျှင် ကုန်ကျငွေ ကျပ် ၂၆ဝဝဝဝ ရှိကြောင်း၊ အခြားမြို့ပတ် ရထား များ လမ်းကြောင်းအတိုင်း ပြေးဆွဲ ပေးလျက် ရှိနေပြီး ယင်းအတွက် အများပြည်သူများမှာ ရိုးရိုးမြို့ပတ် ရထားသာ အသုံးပြု သွားလာမှု များကြောင်း သိရှိရသည်။

မြ၀တီ

No comments:

Post a Comment