Sunday, October 6, 2013

ယူနီဖောင်းဝတ်ထားသူများက အကြမ်းဖက်စစ်ဆေးမေးမြန်း မှုကြောင့် ဆေးရုံတက်ရောက်ကုသနေရ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ညအချိန်၌ ပြည်သူ့စစ် ယူနီဖောင်း ၀တ်ဆင်ထားသူများနှင့် ရဲ အရာရှိယူနီဖောင်းဝတ်ဆင်ထားသူများက ဒေသခံတစ်ဦးအား စက်တင်ဘာလ(၂၇)ရက်နေ့ညက ရဲစခန်း မဟုတ်သော အဝေးတစ်နေရာသို့ ခေါ်ဆောင်သွား၍ ညုင်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ပြင်း ထန်သော ဒဏ်ရာများရရှိကာ လားရှိုးပြည့်သူ့ ဆေးရုံသို့ တက်ရောက်ကုသနေ ရကြောင်း ကာယကံရှင် ထံမှ သိရသည်။
လားရှိုးမြို့ရပ်ကွက်(၁၂)၊ နယ်မြေ(၁၂)၊ အိမ်အမှတ်(၂၈၅)၊ အားကစား ခန်းမရုံ အနီးနေထိုင်သူ ဦးရန်ချုံ ကွမ်း အသက်(၅၄)နှစ်အား မျက်နှာချင်းဆိုင်နေသူ ဦးအောင်မြင့်(ကောင်းခါးပြည်သူ့စစ်-စီးပွားရေး တာဝန်ခံ) ၊ နယ်မြေမှုးများအပါအ၀င် ရဲအရာရှိဝတ်စုံဝတ်ထားသူ တစ်ဦးနှင့်အတူ ပြည်သူ့ စစ်ယူနီဖောင်း ၀တ်လူငါးဦက ညနေ၆နာရီ အချိန်တွင် သမက်ဖြစ်သူ မျိုးသက်ပိုင်အလုပ် လုပ်ကိုင်နေ သောကျွဲ ၊ နွားကယ်ရီပို့ဆောင်ရေးလုပ်ငန်းမှ ငွေစာရင်းစာအုပ် ပျောက်ဆုံးနေသည့် ကိစ္စနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းရန်ရှိသည်ဟုဆိုကာ ကားဖြင့်ဖမ်း ဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ဆက်လက် သိရသည်။

“ကျွန်တော့်ကို ဖမ်းသွားတဲ့ကိစ္စက သူတိုရဲ့စာရင်းစာအုပ်နဲ့ ပတ်သက်ပြီး မေးစရာရှိတယ်ဆိုလို့ ကျတော် လိုက်သွားခဲ့တာပါ။ လာခေါ်တုန်းက ရဲအရာရှိတစ်ယောက်နဲ့ နယ်မြေမှုးတစ်ယောက်လဲ ပါတယ်ဆိုပြီး ယုံကြည်ပြီး လိုက်သွားခဲ့ပါတယ်။ ကားပေါ်တက်ချိန်မှာ သူတို့နှစ်ယောက်က ပါမလာဘဲ ဦးအောင်မြင့် နဲ့ ပြည်သူ့စစ်တွေက လားရှိုးနဲ့ မိုင် (၅၀)လောက်ဝေးတဲ့ ကုန်းခါးမြို့သစ်က အိမ် တစ်အိမ်ကို ခေါ်သွားကြ တယ်။ အဲဒီအိမ်မှာပဲ(၃)ရက်လုံးလုံး နည်းမျိုးစုံနဲ့ ရိုက်နှက်စစ်ဆေးယုံတင် မကဘူး လက်ချောင်းလေးတွေ ကို ပလက်ယာနဲ့ ညုပ်ပြီးစစ်ဆေးကြတယ်။ ပြီးတော့ကျွန်တော့်ကို မေးတယ်။ ခင်များသမက်လာအပ် ထားတဲ့ စာအုပ်နဲ့ ပိုက်ဆံတွေ ရှိလားဆိုပြီး ရိုက်နှက်ပြီးမေးတယ်။ ဘာမှမရှိတဲ့အကြောင်း ကျတော် က ပြန်ပြောပါတယ်။ သူတို့လိုချင်တဲ့ အဖြေမရတော့ ကျတော့်ကို လူသူဝေးရာ သင်္ချိုင်းတစ်နေရာ ကို ခေါ်သွားကြတယ်။ 

သချိင်္င်းကုန်းရောက်မှ ကျတော့်သမက်ကိုပါ တွေ့လိုက်ရတယ်။ ကျနော်တို့ နှစ်ယောက်စလုံးကို အသင့် တူးထားတဲ့ မြေကျင်းထဲ ဆင်းအိပ်ခိုင်းပါတယ်။ ပြီးတော့တစ် ကိုယ်လုံး မြေဖို့ခံရတယ်။ မြေဖို့နေစဉ် အတွင်းမှာ ကျနော်ပါးစပ်ထဲကို ပလပ်စတစ်ပိုက်တစ်ချောင်းထည့်ပေးထားပေမယ့် အသက်ရှုကြပ်ပြီး သတိလစ်မေ့မျှော်သွားတယ်”ဟု ဖမ်းဆီးခံရသူ ဦးရန်ချုံကွမ်းက ပြောသည်။ အဆိုပါလုပ်ရပ်နှင့်ပတ်သက် ၍ ဦးရန်ချုံကွမ်းနှင့် မိသားစုကသက်ဆိုင်ဌာနတွင် အမှုဖွင့်တိုင်ကြားခြင်း မရှိသေးကြောင်း၊ ဦးရန်ချုံကွမ်း မှာ လားရှိုးပြည်သူ့ဆေးရုံကြီး၊ ခွဲစိပ်ကုသဆောင်၌ ဒဏ်ရာများအား ဆေးဝါးကုသလျက် ရှိကြောင်းသိရ သည်။ ဦးရန်ချုံကွမ်း၏ ဇနီးက “ကျွန်မယောင်္ကျားကို စက်တင် ဘာ(၂၇)ရက်နေ့ညကထဲက သူတို့ လားဖမ်းသွားကြတာ အိမ်အနားက ရဲစခန်းကို ကျွန်မသွားမေးတော့ တာဝန်ကျရဲတစ်ယောက်က ခင်ဗျားယောင်္ကျား ဘာမှမဖြစ်ဘူး။ ပြန်ခေါ်ပေးမယ်လို့ ပြောပါတယ်။ စက်တင်ဘာ(၃၀)ရက်နေ့ ညနေ လေးနာရီလောက်မှ ကျွန်မယောက်ျားကို ဒဏ်ရာတွေနဲ့ ရဲစခန်းမှာ ပြန်တွေ့ရတယ်။ စခန်းမှုး က ဆေးရုံကို တန်းတင်ခိုင်း လိုက်ပြီး ကျွန်မသမက်ကိုတော့ ရဲစခန်းမှာပဲ ဆက်ဖမ်းထားပါတယ်” ဟုပြော သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ှ ဦးရန်ချုံကွမ်း၏ ဇနီးအား သက်ဆိုင်ရာသို့ အမှုဖွင့်တိုင်ကြားထားခြင်းရှိ/မရှိ မီဒီယာများမှ မေးမြန်းရာ ၎င်းက “ကျွန်မတို့ဘာမှလည်း မလုပ်တတ်ဘူး။ ဘယ်ကိုတိုင်ရမှန်းလည်း မသိလို့ ကြောက်နေ တာပဲရှိတယ်” ဟုပြောသည်။ အဆိုပါအမှုအား လားရှိုးမြို့ နယ်မြေပိုင်ရဲစခန်း၌ှ ဦးရန်ချုံကွမ်း၏ သမက်ဖြစ်သူ လောက်စီ(ခ)မျိုးသက်ပိုင်၊ (ဘ)-ဦးရင်သီကို ကျပ်သိန်းပေါင်း တစ်ထောင့် ကိုးရာငါးဆယ် စာရင်းကွာဟမှု၊ အလွှဲသုံးစားလုပ်မှုနှင့် ဦးအောင်မြင့်မှ တရားလိုပြုလုပ်ကာ လားရှိုး နယ်မြေပိုင် ရဲစခန်းတွင် ပြစ်မှုပုဒ်မ(၄၀၈)၊ ရဲစခန်းအမှု အမှတ်(ပ-၁၂၈/၂၀၁၃)ဖြင့် ဖမ်းဆီးအရေးယူ ထားကြောင်း သိရပြီး ဦးရန်ချုံကွမ်းကိုမူ ယင်းအမှုတွဲတွင် ပါဝင်တရားစွဲဆိုထားခြင်း မရှိကြောင်း သက်ဆိုင် ရာမှ သိရသည်။

တင်ဦး
The Myanma Age

No comments:

Post a Comment