Thursday, December 12, 2013

ယခင်အပတ်ထက် ဆန်တစ်အိတ် ကျပ်တစ်ထောင်ခန့် မြင့်တက်

Photo: ယခင်အပတ်ထက် ဆန်တစ်အိတ် ကျပ်တစ်ထောင်ခန့် မြင့်တက်
Thursday, December 12, 2013

ယခုအပတ် ဆန်ကုန်စည်ဒိုင်အဖွင့်တွင် ခြောက်သွေ့၍ အထားခံသော ဧရာဝတီပေါ်ဆန်း ဆန်သစ်များ ၀င်ရောက် လာသဖြင့် ယခင်အပတ်ထက် ဆန်ချော၊ ဆန်ကြမ်းတစ်အိတ် ကျပ်တစ်ထောင်ခန့်မြင့်တက် လာကြောင်း ၀ါတန်းလမ်း ဆန် ကုန်စည်ဒိုင်အတွင်းရှိ ဆန်ကုန်သည်များ ထံမှ စုံစမ်းသိရသည်။

ကုန်စည်ဒိုင်အတွင်း၌ ၀ယ်လက်များကြိုက်သည့် ဆန်သစ်များ ၀င်ရောက်နေသဖြင့် အရောင်းအ၀ယ်ကောင်းနေပြီး နယ်မှ ကုန်သည်များက လည်း တိုက်ရိုက်ရောင်းချမှုများရှိနေကြောင်း လပွတ္တာမြို့နယ်အတွင်းရှိ ၀ါရင့် ဆန်ကုန်သည်ကြီး ဦးဝင်းနိုင်က ပြောကြားသည်။

“ဈေးက ပစ္စည်းပြတ်လို့ မဟုတ်ဘူး။ ၀ယ်သူအကြိုက်ဆန် ဖြစ်လို့ပဲ ကုန်စည်ဒိုင်ကို ဆန်ရောက်တာနဲ့ ကုန်ဖြစ်နေတာ”ဟု ၎င်းက ပြောကြား သည်။

ယခုနှစ် ဆန်ဈေးမြင့်တက်ခြင်းသည် ယခင်နှစ်ထက် ဆန်ချော တစ်အိတ်ကျပ် ၃၀၀၀နှင့် ဆန်ကြမ်းတစ်အိတ် ကျပ် ၁၀၀၀ခန့် ဈေးပိုမြင့် ကြောင်း တောင်ဒဂုံမြို့နယ်အတွင်းရှိ ၀ါရင့်ဆန်ကုန် သည်ကြီးတစ်ဦးက ပြောကြားသည်။

“ယခင်နှစ်က မြောင်းမြပေါ်ဆန်းတစ်အိတ် ကျပ် ၁၉၀၀၀ ဒီနှစ်မှာက ၂၂၀၀၀က အနိမ့်ဆုံးပဲ၊ အကြမ်းဆိုရင် မြောင်းမြ ရွှေပြည့်စုံတစ်အိတ် ကျပ် ၁၈၅၀၀ပဲရှိတယ်၊ ဒီနှစ်ကတော့ တစ်အိတ်ကျပ် ၂၂၀၀၀အနိမ့်ဆုံးပဲ”ဟု ၎င်းက ပြောကြားသည်။

ယခုအပတ်အတွင်း ရွှေဘိုဆန်ဟောင်းတစ်အိတ် ၃၄၀၀၀ကျပ်မှ ၃၅၀၀၀ကျပ်၊ ဧရာဝတီပေါ်ဆန်းဟောင်း တစ်အိတ်ကျပ် ၂၇၀၀၀မှ ၃၂၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်းသစ်တစ်အိတ် ၂၁၀၀၀ကျပ်မှ ၂၄၀၀၀ကျပ်၊ တောင်ပျံဟောင်းတစ်အိတ် ၂၅၀၀၀ကျပ်မှ ၃၀၀ ၀၀ကျပ်၊ တောင်ပျံသစ် တစ်အိတ် ၂၀၀၀၀ကျပ်မှ ၂၄၀၀၀ကျပ်၊ ပေါ်ကျွဲတစ်အိတ် ၂၄၀၀၀ကျပ်မှ ၂၅၀၀၀ကျပ်နှင့် အကြမ်းဟောင်း တစ်အိတ် ၁၉၀၀၀ကျပ်မှ ၁၅၅၀၀ ကျပ်တို့ဖြင့် ရောင်းဝယ်လျက် ရှိကြောင်း ၀ါးတန်းလမ်းဆန်ကုန်စည်ဒိုင်အတွင်းမှ စုံစမ်းသိရသည်။

ရေးသားသူ- မျိုးပပစန်း၊
တည်းဖြတ်- နီတိုး

People power
ယခုအပတ် ဆန်ကုန်စည်ဒိုင်အဖွင့်တွင် ခြောက်သွေ့၍ အထားခံသော ဧရာဝတီပေါ်ဆန်း ဆန်သစ်များ ၀င်ရောက် လာသဖြင့် ယခင်အပတ်ထက် ဆန်ချော၊ ဆန်ကြမ်းတစ်အိတ် ကျပ်တစ်ထောင်ခန့်မြင့်တက် လာကြောင်း ၀ါတန်းလမ်း ဆန် ကုန်စည်ဒိုင်အတွင်းရှိ ဆန်ကုန်သည်များ ထံမှ စုံစမ်းသိရသည်။

ကုန်စည်ဒိုင်အတွင်း၌ ၀ယ်လက်များကြိုက်သည့် ဆန်သစ်များ ၀င်ရောက်နေသဖြင့် အရောင်း အ၀ယ်ကော င်းနေပြီး နယ်မှ ကုန်သည်များက လည်း တိုက်ရိုက်ရောင်းချမှုများရှိနေကြောင်း လပွတ္တာမြို့နယ်အတွင်းရှိ ၀ါရင့် ဆန်ကုန်သည်ကြီး ဦးဝင်းနိုင်က ပြောကြားသည်။

“ဈေးက ပစ္စည်းပြတ်လို့ မဟုတ်ဘူး။ ၀ယ်သူအကြိုက်ဆန် ဖြစ်လို့ပဲ ကုန်စည်ဒိုင်ကို ဆန်ရောက်တာနဲ့ ကုန်ဖြ စ်နေ တာ”ဟု ၎င်းက ပြောကြား သည်။

ယခုနှစ် ဆန်ဈေးမြင့်တက်ခြင်းသည် ယခင်နှစ်ထက် ဆန်ချော တစ်အိတ်ကျပ် ၃၀၀၀နှင့် ဆန်ကြမ်း တစ်အိတ် ကျပ် ၁၀၀၀ခန့် ဈေးပိုမြင့် ကြောင်း တောင်ဒဂုံမြို့နယ်အတွင်းရှိ ၀ါရင့်ဆန်ကုန် သည်ကြီး တစ်ဦးက ပြောကြားသည်။

“ယခင်နှစ်က မြောင်းမြပေါ်ဆန်းတစ်အိတ် ကျပ် ၁၉၀၀၀ ဒီနှစ်မှာက ၂၂၀၀၀က အနိမ့်ဆုံးပဲ၊ အကြမ်းဆို ရင် မြောင်းမြ ရွှေပြည့်စုံတစ်အိတ် ကျပ် ၁၈၅၀၀ပဲရှိတယ်၊ ဒီနှစ်ကတော့ တစ်အိတ်ကျပ် ၂၂၀၀၀အနိမ့်ဆုံး ပဲ”ဟု ၎င်းက ပြောကြားသည်။

ယခုအပတ်အတွင်း ရွှေဘိုဆန်ဟောင်းတစ်အိတ် ၃၄၀၀၀ကျပ်မှ ၃၅၀၀၀ကျပ်၊ ဧရာဝတီပေါ်ဆန်းဟောင်း တစ်အိတ်ကျပ် ၂၇၀၀၀မှ ၃၂၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်းသစ်တစ်အိတ် ၂၁၀၀၀ကျပ်မှ ၂၄၀၀၀ ကျပ်၊ တောင်ပျံဟောင်းတစ်အိတ် ၂၅၀၀၀ကျပ်မှ ၃၀၀ ၀၀ကျပ်၊ တောင်ပျံသစ် တစ်အိတ် ၂၀၀၀၀ကျပ်မှ ၂၄၀၀၀ကျပ်၊ ပေါ်ကျွဲတစ်အိတ် ၂၄၀၀၀ကျပ်မှ ၂၅၀၀၀ကျပ်နှင့် အကြမ်းဟောင်း တစ်အိတ် ၁၉၀၀၀ကျပ်မှ ၁၅၅၀၀ ကျပ်တို့ဖြင့် ရောင်းဝယ်လျက် ရှိကြောင်း ၀ါးတန်းလမ်းဆန်ကုန်စည်ဒိုင်အတွင်းမှ စုံစမ်းသိရသည်။

ရေးသားသူ- မျိုးပပစန်း၊
တည်းဖြတ်- နီတိုး

People power

No comments:

Post a Comment