Monday, December 9, 2013

စင်္ကာပူ အဓိကရုဏ်းနှင့် ဆူပူအကြမ်းဖက်မှု

စင်္ကာပူနိုင်ငံရှိ Little India တွင် ဒီဇင်ဘာ ၈ ရက်၊ တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့သော အဓိကရုဏ်းနှင့် ဆူပူအကြမ်းဖက်မှုများ။

အဆိုပါ ဆူပူမှုအဓိကရုဏ်းတွင် ပါဝင်သူ ၄၀၀ ခန့်ရှိကြောင်း၊ အဓိကရုဏ်းအတွင်း ရဲတပ်ဖွဲ့မော်တော်ယာဉ် ၅ စီးနှင့် အရေးပေါ်ယာဉ်တစ်စီး ပျက်စီးခဲ့ကြောင်း၊ အခြားသော ကိုယ်ပိုင်မော်တော်ယာဉ် အများအပြားလည်း ပျက်စီးမှုများရှိခဲ့ကြောင်း စင်္ကာပူရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ရဲအရာရှိ ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ရဲတပ်ဖွဲ့က အထူးစစ်ဆင်ရေးအသွင်ဖြင့် အဓိကရုဏ်းကို ကိုင်တွယ်ဆောင်ရွက်ခဲ့ပြီး ယခုအခါ အခြေအနေကို ထိန်းသိမ်းနိုင်ပြီဖြစ်ကြောင်း စင်္ကာပူရဲတပ်ဖွဲ့က ၎င်းတို့၏ Facebook စာမျက်နှာတွင် ပြောကြားသည်။

Planet Myanmar Network



No comments:

Post a Comment