Wednesday, December 4, 2013

သမ္မတဖြစ်ရေးမဟုတ် နိုင်ငံ့အကျိုးအတွက် ကောင်းအောင် လုပ်နေခြင်းဖြစ်

သူရဦးရွှေမန်းက သမ္မတ ဖြစ်ရေးအတွက်လုပ်ဆောင်မှု များထက် နိုင်ငံနှင့်နိုင်ငံသား အကျိုးအတွက် လုပ်ဆောင်နေ ခြင်းဖြစ်သည်ဟုပြောကြားသည်။ ''သမ္မတဖြစ်ရေးအတွက် လုပ် နေခြင်းမဟုတ် ပါဘူး။ နိုင်ငံနဲ့ နိုင်ငံသားများအတွက်၊ အများအကျိုး၊ နိုင်ငံ့အကျိုးအတွက် လုပ်ငန်းတွေဆောင် ရွက်နေခြင်း ဖြစ်တယ်''ဟုတိုကျိုမြို့၌ယနေ့ နံနက်မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောသည်။

၂ဝ၁၅ တွင်သမ္မတ ဖြစ်လျှင်မည်သို့ဆောင်ရွက်ရန်ရှိ ပါသလဲဆိုသည့်မေးခွန်းကိုယခု ကဲ့သို့ဖြေကြားခြင်းဖြစ် သည်။
ယခုအချိန်တွင်လည်းနိုင်ငံ နှင့် နိုင်ငံသားများအကျိုးကို ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ကာလ၌ အများ အကျိုး၊ နိုင်ငံ့အကျိုးလုပ်ဆောင်ရေးသာ အဓိကဖြစ်သည့်အတွက် နောင် သမ္မတဖြစ်မှဆောင် ရွက် သည် ထက် ယခုကတည်းကအဆိုပါ လုပ်ငန်းများလုပ်ဆောင်နေခြင်းသည် ပို၍မွန်မြတ်သည်ဟု ယုံ ကြည်ကြောင်းပြော ကြားသည်။
သူရဦးရွှေမန်းက ၂ဝ၁၅ သမ္မတဖြစ်ရေးနှင့်ပတ်သက် ပြီး ဘာလုပ်မလဲဆိုရာတွင်၎င်း ၌အတွေ့အကြုံများ ရှိကြောင်း၊ပြည်တွင်းနှင့် ပြည်ပနိုင်ငံများမှ သင်ခန်းစာများရယူနေကြောင်း၊ ၂ဝ၁၅၌ နိုင်ငံ တိုးတက် ဖွံ့ဖြိုး အောင် လုပ်ရန်ခွန်အားနှင့်အရည် အချင်းရှိကြောင်းကို ပြောကြား ထားပြီးဖြစ်သည်ဟု ဆိုသည်။

တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေးနှင့်အမျိုးသားပြန်လည် သင့်မြတ်ရေး၊တည်ငြိမ်အေးချမ်း ၍ ဖွံ့ဖြိုးတိုးတက်အောင် လုပ် ဆောင်ရန် အခြေအနေများရှိ ကြောင်း၊ အသေးစိတ် မပြောလို သေးကြောင်းပြော ကြားသည်။

သူရဦးရွှေမန်းသည် ပြည်သူ များအကျိုးအတွက်ဆောင်ရွက် ရန်သမ္မတထက်ပိုကောင်း သည့် နေရာရှိ လျှင်လည်း လုပ်ဆောင် လိုကြောင်းပြောကြားထားသူ ဖြစ်သည်။

The Union Daily

No comments:

Post a Comment