Monday, December 9, 2013

ကားအက်ဆီးဒင့်အကြောင်း လူမှုကွန်ယက်စာမျက်နှာမှာ Share ပြုလုပ်ခဲ့သည့် အမျိုးသမီး အဆိုပါကား အက်ဆီးဒင့်မှာ ခင်ပွန်းဖြစ်သူသေဆုံးသွားကြောင်း နောက်ပိုင်းမှ သိရှိရ

Photo: ကားအက်ဆီးဒင့်အကြောင်း လူမှုကွန်ယက်စာမျက်နှာမှာ Share ပြုလုပ်ခဲ့သည့် အမျိုးသမီး အဆိုပါကား အက်ဆီးဒင့်မှာ ခင်ပွန်းဖြစ်သူသေဆုံးသွားကြောင်း နောက်ပိုင်းမှ သိရှိရ
Monday, December 09, 2013

အမေရိကန်မှ အမျိုးသမီးကြီး တစ်ဦးသည် ခင်ပွန်းသည် သေဆုံးကြောင်း သတင်းကို ကိုယ်တိုင်ကြိုမသိဘဲ Twitterတွင် တိုက်ရိုက် သတင်းမျှဝေ လွှင့်တင်ခဲ့ကြောင်း သိရသည်။

ဝါရှင်တန် ပြည်နယ်တွင် နေထိုင်သည့် ကာရန်ဂျွန်ဆင်သည် ရဲတပ်ဖွဲ့သုံး Scanner တစ်ခုကို နားထောင်ပြီးနောက် ယာဉ်တိုက်မှုတစ်ခု သတင်းကို သိရှိရခဲ့သည်။ သူမက "တကယ့်ကို ဆိုးရွားတဲ့ ကိစ္စပဲ"ဟု Twitterတွင် မှတ်ချက်ပြုခဲ့သည်။ သူမသည် ယာဉ်တိုက်မှု မည်သို့မည်ပုံ ဖြစ်ပွားကြောင်း၊ တစ်ဦးသေ ဆုံးကြောင်း စသည်တို့ကို တိုက်ရိုက် သတင်းတင်ဆက်နေခဲ့သေးသည်။ ထို့နောက်တွင်မူ ယာဉ်တိုက်မှု ဖြစ်သည့်နေရာသည် ခင်ပွန်းသည်က နေအိမ်ကို ကားမောင်းပြန်လာသည့် လမ်းပေါ်တွင် ဖြစ်နေကြောင်း သိရှိရသွားသည်။ ထို့နောက်တွင်မူ သူမက "အဲဒါ သူပဲ။ ကျွန်မယောက်ျား သေသွားပြီ"ဟု Twitterတွင် ရေးသားခဲ့ပြန်သည်။

ဝါရှင်တန် ပြည်နယ်မှ ရဲတပ်ဖွဲ့ဝင်များက ကရိတ်ဂ်ျဂျွန်ဆင်သည် နေအိမ်သို့အပြန် ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ယာဉ်တိုက်မှုအတွင်း သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့သည်။ ခင်ပွန်းသည် သေဆုံးသည်ကို အကြောင်းမှန် မသိဘဲ Twitterတွင် ရေးသားလွှင့်တင်မိသည့် အမျိုးသမီး၏ အကြောင်းကို အမေရိကန် သတင်းဌာနများက အထူးအဆန်းအဖြစ် ဖော်ပြခဲ့ကြသည်။ ယာဉ်တိုက်မှုအတွင်း အခြားကား တစ်စင်းပေါ်မှ အမျိုးသမီးတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ကာရန်က နောက်ပိုင်းတွင် ရဲများထံမှ သတင်းပေးပို့ အတည်ပြုချက်ကို လက်ခံရရှိခဲ့သည်။

"ခုတော့ ကျွန်မ အရမ်းမတုန်လှုပ်ဖို့ ကြိုးစားနေပါတယ်။ ကျွန်မရဲ့ ယောက်ျားက မနက်စောစော အလုပ် သွားခဲ့တာပါ။ အိမ်ပြန်ဖို့အတွက် I-205လမ်းမကို ဖြတ်ရပါတယ်။ ကျွန်မ သတိရလို့ ဖုန်းဆက်ချိန်မှာတော့ သူဖုန်းမကိုင်နိုင်တော့ပါဘူး"ဟု ကာရန်က ဆက်လက် ရေးသားခဲ့သည်။ ထို့အပြင် "ကျွန်မအတွက် ဆုတောင်းပေးကြသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ခုလောလောဆယ်တော့ ကျွန်မအပေါ်မှာ အင်္ဂတေတုံးကြီး ပိနေသလို ခံစားရပါတယ်"ဟုလည်း ဖွင့်ဟသွားသည်။ 

Planet Myanmar Network3
အမေရိကန်မှ အမျိုးသမီးကြီး တစ်ဦးသည် ခင်ပွန်းသည် သေဆုံးကြောင်း သတင်းကို ကိုယ်တိုင်ကြိုမသိဘဲ Twitterတွင် တိုက်ရိုက် သတင်းမျှဝေ လွှင့်တင်ခဲ့ကြောင်း သိရသည်။ဝါရှင်တန် ပြည်နယ်တွင် နေထိုင်သည့် ကာရန်ဂျွန်ဆင်သည် ရဲတပ်ဖွဲ့သုံး Scanner တစ်ခုကို နားထောင် ပြီးနောက် ယာဉ်တိုက်မှုတစ်ခု သတင်းကို သိရှိရခဲ့သည်။ သူမက "တကယ့်ကို ဆိုးရွားတဲ့ ကိစ္စပဲ"ဟု Twitterတွင် မှတ်ချက်ပြုခဲ့သည်။ သူမသည် ယာဉ်တိုက်မှု မည်သို့မည်ပုံ ဖြစ်ပွားကြောင်း၊ တစ်ဦးသေ ဆုံးကြောင်း စသည်တို့ကို တိုက်ရိုက် သတင်းတင်ဆက်နေခဲ့သေးသည်။ ထို့နောက်တွင်မူ ယာဉ်တိုက်မှု ဖြစ်သည့်နေရာသည် ခင်ပွန်းသည်က နေအိမ်ကို ကားမောင်းပြန်လာသည့် လမ်းပေါ် တွင် ဖြစ်နေကြောင်း သိရှိရသွားသည်။ ထို့နောက်တွင်မူ သူမက "အဲဒါ သူပဲ။ ကျွန်မယောက်ျား သေ သွားပြီ"ဟု Twitterတွင် ရေးသားခဲ့ပြန်သည်။

ဝါရှင်တန် ပြည်နယ်မှ ရဲတပ်ဖွဲ့ဝင်များက ကရိတ်ဂ်ျဂျွန်ဆင်သည် နေအိမ်သို့အပြန် ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ယာဉ်တိုက်မှုအတွင်း သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့သည်။ ခင်ပွန်းသည် သေဆုံးသည်ကို အကြောင်းမှန် မသိဘဲ Twitterတွင် ရေးသားလွှင့်တင်မိသည့် အမျိုးသမီး၏ အကြောင်းကို အမေရိကန် သတင်းဌာနများက အထူးအဆန်းအဖြစ် ဖော်ပြခဲ့ကြသည်။ ယာဉ်တိုက်မှုအတွင်း အခြားကား တစ်စင်းပေါ်မှ အမျိုးသမီး တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ကာရန်က နောက်ပိုင်းတွင် ရဲများထံမှ သတင်းပေးပို့ အတည်ပြုချက် ကို လက်ခံရရှိခဲ့သည်။

"ခုတော့ ကျွန်မ အရမ်းမတုန်လှုပ်ဖို့ ကြိုးစားနေပါတယ်။ ကျွန်မရဲ့ ယောက်ျားက မနက်စောစော အလုပ် သွားခဲ့တာပါ။ အိမ်ပြန်ဖို့အတွက် I-205လမ်းမကို ဖြတ်ရပါတယ်။ ကျွန်မ သတိရလို့ ဖုန်းဆက်ချိန်မှာတော့ သူဖုန်းမကိုင်နိုင်တော့ပါဘူး"ဟု ကာရန်က ဆက်လက် ရေးသားခဲ့သည်။ ထို့အပြင် "ကျွန်မအတွက် ဆုတောင်းပေးကြသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ခုလောလောဆယ်တော့ ကျွန်မအပေါ်မှာ အင်္ဂတေတုံးကြီး ပိနေသလို ခံစားရပါတယ်"ဟုလည်း ဖွင့်ဟသွားသည်။

Planet Myanmar Network

No comments:

Post a Comment