Tuesday, January 20, 2015

IFFHS ၏ ထိပ်တန်း ဂိုးသွင်းရှင် အဖြစ် စီရော်နယ်ဒို ရွေးချယ်ခံရပြီး ကျော်ကိုကိုမှာ အဆင့် ၇ ဖြင့် ရွေးချယ်ခြင်းခံရ

Photo: IFFHS ၏ ထိပ်တန်း ဂိုးသွင်းရှင် အဖြစ် စီရော်နယ်ဒို ရွေးချယ်ခံရပြီး ကျော်ကိုကိုမှာ အဆင့် ၇ ဖြင့် ရွေးချယ်ခြင်းခံရ

International Federation of Football History & Statistics ( IFFHS) မှ ရွေးချယ်သည့် ထိပ်တန်းဂိုးသွင်းရှင်အဖြစ် စီရော်နယ်ဒိုမှ သွင်းဂိုး ၂၀ ဖြင့် ထိပ်ဆုံးမှ ရွေးချယ်ခံခဲ့ရသည်။

၂၀၁၄ ခုနှစ်အတွက် ပေါ်တီဂီနိုင်ငံအသင်းအတွက် သွင်းဂိုး ၅ ဂိုးနှင့် ရီးရဲလ် မက်ဒရစ် အသင်းအတွက် သွင်းဂိုး ၁၅ ဂိုးဖြင့် IFFHS ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

၂၀၁၃ ခုနှစ် တွင်လည်း သွင်းဂိုး ၂၅ ဂိုးဖြင့် ဆုရရှိခဲ့ပြီး ယခု ဒုတိအကြိမ် အဖြစ် ဆက်တိုက် ရရှိခဲ့ဖြင်းဖြစ်သည်။

ယင်းဆုကို ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ တို့တွင် မက်ဆီ မှ ရရှိခဲ့ဘူးသည်။

နိုင်င်ငံအသင်းအတွက် ကစားသမား သုံးယောက်သာ ၁၀ ဂိုးနှင့် အထက် သွင်းယူခဲ့ပြီး ဘရာဇီးလ်အသင်းအတွက် နေမာ- ၁၅ ဂိုး၊ ဂျာမနီ အသင်းအတွက် သောမတ်စ် မူလာ နှင့် အီကွေဒေါ အသင်းအတွက် အန်နာ ဗလန်စီယာ က ၁၀ ဂိုး သွင်းယူခဲ့ကြသည်။

ကလပ်အသင်းများအတွက် သွင်း ဂိုး ၁၀ နှင့် အထက်ကို ကစားသမား ခြောက်ယောက်က သွင်းယူပေးနိုင်ခဲ့ပြီး Real Madrid CF အတွက် စီရော်နယ်ဒို က ၁၅ ဂိုး၊ AL Ain FC အတွက် အဆာမိုဂျန် က ၁၂ ဂိုး၊ Kitchee SC အသင်းအတွက် ဂျူယန် ဘယ်လန်ကိုဆို နှင့် Shakhtar Donetsk FC အတွက် လူးဝစ် အယ်ဒရီယန်နို က ၁၁ စီ နှင့် Barcelona အတွက် မက်ဆီ နှင့် Al-Hilal Riyadh အသင်းအတွက် နာဆာ အယ်လ် ရှန်ရာနီ က ၁၀ ဂိုးစီဖြင့် အသီးသီးသွင်းယူခဲ့ကြသည်။

IFFHS မှ ရွေးချယ်သည့် ထိပ်တန်းဂိုးသွင်းရှင်များစာရင်းတွင် မြန်မာ့လက်ရွေးစင် အသင်းမှ တိုက်စစ်မှူး ကျော်ကိုကိုမှာ ရန်ကုန်ယူနိုက်တက် ကလပ် အသင်းအတွက် သွင်းဂိုး (၆) ဂိုးနှင့် နိုင်ငံအသင်းအတွက် သွင်းဂိုး (၆) ဂိုး စုစုပေါင်း ၁၂ ဂိုးဖြင့် အဆင့် ၇ နေရာတွင် ရွေးချယ်ခြင်းခံခဲ့ရသည်။

yangon media group

No comments:

Post a Comment