Thursday, April 7, 2016

အဝေးပြေးယာဉ်လက်မှတ် ဈေးတင်ရောင်းချမှု ကျပ်ရှစ်သိန်းကျော် မထသစိုက်လျော်ထားဟုဆို

အဝေးပြေးလက် မှတ်များ ဈေးတင်ရောင်းချမှုနှင့်ပတ် သက် ၍ မထသ(အဝေးပြေး)မှစိုက် ထုတ်ပြန်လျော်ပေးမှု မှာ ကျပ် ၈၀၇၇၀၀ ရှိပြီဖြစ်ကြောင်း သိရ သည်။ ဧပြီ ၅ ရက်အထိ တိုင်ကြားခံ ရသည့် အဝေးပြေးယာဉ်လိုင်းစုစု ပေါင်း ၂၀ လိုင်းရှိပြီး တိုင်ကြားသူ ၅၁ ဦးရှိကာ အဆိုပါယာဉ်လိုင်း များက ပိုမိုရောင်းချခဲ့သည့်လက်မှတ် ၁၆၂ စောင် အတွက် ကျပ်ရှစ် သိန်း ကျော်ကို မ.ထ.သ(အဝေးပြေး)မှ စိုက်ထုတ်လျော်ပေး ထားကြောင်း သိရသည်။
ယင်းကဲ့သို့လက်မှတ်ခများကို သတ်မှတ်နှုန်းထားထက် ပိုရောင်း သည့်ယာဉ်လိုင်းများအား ဒဏ်ငွေ ကျပ်ငါးသောင်းရိုက်ကာ အရေးယူ နေပြီး ကြိုတင်လက်မှတ်ရောင်းချ နေမှုမှာ ဈေးကွက်စီးပွားရေးအရ ဖြစ်သည့်အတွက် ထိန်းချုပ်၍မရနိုင် ကြောင်း သိရသည်။
လက်မှတ်ခ ပိုမိုတောင်းခံ သည့် ယာဉ်လိုင်းများကို ဒဏ်ရိုက် အရေးယူခြင်းနှင့် ခရီးသည်များကို စိုက်ထုတ်ပေးလျော်ခဲ့ရသည့်ငွေ များနှင့်ပတ်သက်၍ ဧပြီလကုန်မှ သာ ဖြေရှင်းဆောင်ရွက်သွားမည် ဖြစ်ပြီး လက်ရှိ ပိုရောင်းသည့် လက်မှတ်ခများကို စိုက်ထုတ်ပေး ရာတွင် မထသ(အဝေးပြေး)၏ ရန် ပုံငွေထဲမှ စိုက်ထုတ်ဖြေ ရှင်းပေး နေခြင်းဖြစ်ကြောင်း သိရသည်။
သင်္ကြန်ဝန်းကျင် ဧပြီ ၁၂ ရက် မတိုင်မီ ရန်ကုန်တိုင်းဒေသကြီးမှ ပြည်နယ်နှင့်တိုင်ဒေသကြီးအသီးသီး သို့ပြန်လိုသည့်ခရီးသည် ၈၀၄ ဦး ကို လက်မှတ်ရရှိရေးအတွက် မထသ (အဝေးပြေး)မှ ကူညီဖြေရှင်းပေးထား ကြောင်း သိရသည်။သင်္ကြန်ကာလအဝေးပြေးကား လက်မှတ်များကို သတ်မှတ်နှုန်းထား ထက် ပိုမိုရောင်းချခြင်းနှင့်ပတ်သက် ၍ "မဟာသင်္ကြန်ကာလ လက်မှတ် ရောင်းချစီစဉ်ကြီးကြပ်ရေးအဖွဲ့ " ကို ဖွဲ့စည်းကာဖြေရှင်းဆောင် ရွက်နေ ကြောင်းမ.ထ.သ(အဝေး ပြေး)မှ သိရသည်။
ယင်းအဖွဲ့ကို မတ် ၁၅ ရက် တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဧပြီလကုန် ပိုင်းအထိ တည်ရှိမည်ဖြစ်ကြောင်း မ.ထ.သ(အဝေးပြေး)မှဥက္ကဋ္ဌ ဦးညွန့် ဝေက ဧပြီ ၆ ရက်တွင် ဒီမိုကရေစီတူ ဒေးသို့ပြောသည်။
"သင်္ကြန်ရက်တွေက ၂၀ ရက် နေ့ဆိုပြီးမယ်ဆိုပေမယ့် ဒီအဖွဲ့ကို ဧပြီလကုန်ထိဖွဲ့စည်းပေးထားမယ်။ဘာကြောင့်လဲဆိုတော့ တချို့ကခရီး သွားနေလို့ မတိုင်ဖြစ်တာတွေဖြစ်မှာ စိုးလို့ တိုင်လို့ရအောင်ပါ" ဟု၎င်း က ပြောသည်။
ယင်းကဲ့သို့အဝေးပြေးကား လက်မှတ်များကို သတ်မှတ်နှုန်းထား ထက်ပိုမိုရောင်းချနေသော အဝေး ပြေးယာဉ်လိုင်းများကို ထိထိရောက် ရောက်အရေးယူနိုင်ရန် မော်တော် ယာဉ်ဥပဒေကို ကိုင်တွယ်ဖြေရှင်း နေသည့် သက်ဆိုင်ရာအဖွဲ့အစည်း များထံသို့လည်း အသိပေးတင်ပြ သွားမည်ဖြစ်ကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီး မော် တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်း သိမ်းကြီးကြပ်မှုကော်မတီ (အဝေး ပြေး)မှ တာဝန်ရှိသူများက မတ် လဒုတိယပတ်တွင် ယာဉ်လိုင်းများ မှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ သင်္ကြန်ကာလများတွင် လက်မှတ် ခများ ပိုမိုမရောင်းချရန်နှင့် အဝေး ပြေးယာဉ်ခရီးသည်များအန္တရာယ် ကင်းရှင်းစေရေးဆိုင်ရာများကို အသိ ပေးပြောကြားခဲ့ကြောင်း သိရသည်။
ယခုနှစ်သင်္ကြန်ရက်များတွင် မန္တလာမင်း(ရန်ကုန်-မန္တလေး) ယာဉ်လိုင်း၊ မန္တလာမင်း (ရန်ကုန် -နေပြည်တော်)၊ မန္တလာမင်း (ရန်ကုန် -မော်လမြိုင်)၊ စည်းစိမ်ရှင်(ရန်ကုန်-မန္တလေး)နှင့် မိဟာရ(ရန်ကုန်-မော် လမြိုင်) တို့ ပြေးဆွဲပေးသွားမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး မော် တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်း သိမ်းကြီးကြပ် မှုကော်မတီ(အဝေး ပြေး)မှ သိရသည်။
အောင်မင်္ဂလာအဝေးပြေး ယာဉ် ရပ်နားစခန်းနှင့်ဒဂုံဧရာအဝေးပြေး ယာဉ်ရပ်နားစခန်းတို့တွင် ရန်ကုန် တိုင်းဒေသကြီးမှ အခြားတိုင်းဒေသ ကြီးနှင့်ပြည်နယ်အသီးသီးသို့ ပြေးဆွဲ နေသည့်ယာဉ်လိုင်းပေါင်း ၃၁၆ လိုင်း၊ ယာဉ်စီးရေ ၃၀၆၈ စီးရှိ ကြောင်း သိရသည်။
သင်္ကြန်ကာလတွင် ရန်ကုန်မြို့ တွင်း၌ ယာဉ်လိုင်း ၁၁၄ လိုင်း၊ ယာဉ် စီးရေ ၁၆၃၈ စီးဖြင့် ပြေးဆွဲပေးသွား မည်ဖြစ်ကြောင်း မ.ထ.သ (ဗဟို)မှသိရသည်။
ရန်ကုန်မြို့တွင်း ပြေးဆွဲပေး မည့် ယာဉ်လိုင်းများမှလည်း သတ် မှတ်ယာဉ်စီးခထက် ပိုတောင်းပါက ဒဏ်ငွေကျပ်သုံးသောင်း ချမှတ်အ ရေးယူမည်ဖြစ်ကြောင်း သိရသည်။
TTMT
‪#‎Democracytoday‬

No comments:

Post a Comment