Thursday, January 9, 2014

ယနေ့အချိန်မှာ ဆေးလိပ်သောက်ခြင်းဟာ ကမ္ဘာ့တချို့ဒေသတွေမှာ လူကြိုက်နည်းလာပေမယ့်လည်း ကမ္ဘာ့ ဆေးလိပ်သောက်သူ အရေအတွက်ကတော့ သန်းတစ်ထောင်နီးပါး ရှိလာပြီ ဖြစ်ပါတယ်

နိုင်ငံပေါင်း ၁၈၇ နိုင်ငံမှာ ကောက်ယူခဲ့တဲ့ အချက်အလက်တွေအရ ၁၉၈၀ ပြည့်နှစ်မှာ ဆေးလိပ်သောက်သူ ၇၂၁ သန်း ရှိခဲ့ရာက ၂၀၁၂ ခုနှစ်မှာတော့ ၉၆၇ သန်း ရှိလာပါတယ်။
အခုလို ဆေးလိပ်သောက်သူ ဦးရေ တိုးပွားလာတာဟာ ကမ္ဘာ့လူဦးရေ တိုးလာတာနဲ့လည်း ဆက်စပ်နေ တယ်လို့ ဆိုပါတယ်။

လက်ရှိ ကမ္ဘာ့လူဦးရေဟာ သန်း ၇ ထောင် ရှိလာပြီး ပြီးခဲ့တဲ့ နှစ် ၅၀ အတွင်းမှာ ၂ ဆ တိုးလာတာဖြစ် ပါတယ်။

အခုလို တိုးလာတဲ့ လူဦးရေကြောင့် ဆေးလိပ်သောက်သူ ဦးရေနဲ့ လူဦးရေ အချိုးအစားမှာတော့ ယခင်ထက် လျော့ကျသွားတယ်လို့ ဆိုပါတယ်။

၁၉၈၀ ပြည့်နှစ်က အမျိုးသား ၁၀ ယောက်မှာ ၄ ယောက်နှုန်းနဲ့ အမျိုးသမီး ၁၀ ယောက်မှာ ၁ ယောက်နှုန်း နေ့စဉ် ဆေးလိပ်သောက်သုံးခဲ့ပြီး၊ အခု လက်ရှိအချိန်မှာတော့ အမျိုးသား ၁၀ ယောက်မှာ ၃ ယောက်နှုန်းနဲ့ အမျိုးသမီး အယောက် ၂၀ မှာမှ ၁ ယောက်နှုန်း အထိ လျော့ကျသွားပါတယ်။

BBC Burmese

No comments:

Post a Comment