Friday, January 10, 2014

ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်လမ်းကြောင်း ထုတ်ပြန်ကြေညာ


နိုင်ငံပေါင်း ၄ဝကျော်မှ ပြိုင်ပွဲဝင် ၂၄ဝဝ ကျော် ပါဝင်ယှဉ်ပြိုင်မည့် ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြေးပွဲကို ဇန်နဝါရီ ၁၉ ရက်တွင် ကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲ ပွဲစဉ်နှစ်ခု ဖြစ်သော ၄၂ ကီလိုမီတာနှင့် ၂၁ ကီလိုမီတာတို့၏ လမ်းကြောင်းများကို ဇန်နဝါရီ ၆ ရက်က ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော် မတီမှ သတ်မှတ်ထားကြောင်း ထုတ်ပြန်ချက် အရသိရသည်။ ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင် ရာမာရသွန် ပြိုင်ပွဲအား နိုင်ငံတကာ မာရသွန်ပြိုင်ပွဲ ကျင်းပရေး အဖွဲ့၏ ကမ်းလှမ်းချက်ဖြင့် နိုင်ငံသားများ ကျန်းမာသန်စွမ်း၍ နိုင်ငံတကာ အဆင့်မီ အားကစား စိတ်ဓာတ် နှင့် အားကစား အသိအမြင်ဗဟု သုတ ပိုမိုကြွယ်ဝ လာစေရန် ရည်ရွယ်ကာ ကျင်းပခြင်းဖြစ်ပြီး ခရီးသွား လုပ်ငန်းများနှင့် စီးပွားရေး တိုးတက်မြှင့်တင်စေရန် တစ်ဖက်တစ်လမ်းမှ ရည်ရွယ် ကျင်းပခြင်း ဖြစ်သည်။ အဆိုပါပွဲများ ကို နှစ်စဉ် ကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံတကာ မာရသွန်ပြိုင်ပွဲ ကျင်းပရေး အဖွဲ့မှ သိရသည်။ ၄၂ ကီလိုမီတာ လမ်းကြောင်းမှာ - (အစဉ်လိုက်) အမျိုးသား အားကစားရုံ(၁) သုဝဏ္ဏမှ တာထွက်၍ ဝေဇယန္တာလမ်း၊ သံသုမာလမ်း၊ ကြက်ဘဲဈေးလမ်းဆုံ၊ ပုဇွန်တောင်လမ်း၊ ကမ်းနားလမ်း၊ အထက်ကြည့်မြင်တိုင်လမ်း၊ အင်းစိန်လမ်းမ၊ ပါရမီလမ်းဆုံ၊ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေအတွင်း လမ်းမှ ပြည်လမ်း၊ အင်းလျားလမ်း၊ တက္ကသိုလ် ရိပ်သာလမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ စက်မှု(၁)လမ်း၊ ကျောက်ကုန်းလမ်း၊ မိုးကောင်းလမ်း၊ အရှေ့မြင်းကွင်းလမ်း၊ လေးထောင့်ကန် လမ်း၊ ဝေဇယန္တာလမ်း၊ သုဝဏ္ဏ အမျိုးသား အားကစားရုံ (၁) သို့ ပြန်လည်ပန်းဝင်မည် ဖြစ်သည်။ ၂၁ ကီလိုမီတာ လမ်းကြောင်းမှာ -(အစဉ်လိုက်) အမျိုးသား အားကစားရုံ(၁) သုဝဏ္ဏမှ တာထွက် ၍ ဝေဇယန္တာလမ်း၊ သံသုမာ လမ်း၊ ကြက်ဘဲဈေးလမ်းဆုံ၊ ပုဇွန်တောင်လမ်း၊ ဗိုလ်တထောင် ဈေးလမ်း၊ ကမ်းနားလမ်း၊ ရွှေတိဂုံ ဘုရားလမ်းဆုံ၊ ဦးထောင်ဘိုလမ်း၊ ကန်ပတ်လမ်း၊ စက်ရုံလမ်း၊ မင်္ဂလာ ဈေးရှေ့မှ (၁၅) ပေ ခုံးတံတား၊ အထက်ပုဇွန်တောင်လမ်း၊ သံသုမာလမ်း၊ ဝေဇယန္တာလမ်း၊ သုဝဏ္ဏ အမျိုးသား အားကစားရုံ (၁) သို့ ပြန်လည်၍ ပန်းဝင် မည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲ ပွဲစဉ်နှစ်ခုဖြစ်သော ၄၁ ကီလိုမီတာနှင့် ၂၁ ကီလိုမီတာတို့၏ လမ်းကြောင်းများကို ထုတ်ပြန်ကြေညာ ခဲ့ပြီး ပွဲစဉ် သုံးခု လုံးအတွက် တာထွက်၊ တာဝင်နေရာအဖြစ် သုဝဏ္ဏ အမျိုးသား အားကစားရုံ (၁) ကို သတ်မှတ်ထားကြောင်း သိရပြီး ပွဲစဉ်သုံး (၅ကီလိုမီတာ အပျော်တမ်း ပြေးလမ်းကြောင်း) ကို မကြာမီ ရိုးမ-ရန်ကုန် မာရသွန်ပြိုင်ပွဲ Web-sites များဖြစ်သော https: // www. facebook.com /Yoma Yangon International Marathon နှင့် http:// www. yomayangonmarathon.com စာမျက်နှာများ တွင် ဖော်ပြ သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
 

No comments:

Post a Comment