Saturday, January 25, 2014

ချင်းအမျိုးသားနေ့တွင် ချင်းတိုင်းရင်းသူကြီးများ သိန်း ၄၀ တန် ရိုးရာလည်ဆွဲ ဝတ်ဆင်၍ ပွဲတက်မည်

ချင်းတိုင်းရင်းသားတို့၏ ၂၀၁၄ ခုနှစ် ချင်းအမျိုးသားနေ့ကို ချင်းပြည် နယ်တောင်ပိုင်း မင်းတပ် မြို့တွင် ထူးခြားစွာ ကျင်းပမည်ဖြစ်ရာ မင်းတပ်ဒေသရှိ ဂုဏ်သရေရှိ အမျိုးသမီးကြီးများက သိန်း ၄၀ တန် ရှေးရိုးရာ လည်ဆွဲရတနာ ကိုဝတ်ဆင်ကာ ပွဲတက်မည်ဖြစ် ကြောင်း မင်းတပ်မြို့ တွင်နေ ထိုင်သည့် ဦးဝမ္မသူးမျိုးနွယ်စု မှ အမျိုးသမီးကြီး မောင်စိုးလာ (ခေါ်)ခေါလမ်းက ပြောသည်။

““ကျွန်မတို့ချင်းတိုင်းရင်း သားတွေမှာ မျိုးနွယ်စုခေါင်း ဆောင်နဲ့ ခေါင်းဆောင်မျိုးနွယ် စုဆိုတာရှိတယ်။ ဒေ သ အခေါ်အရ ပြောရမယ်ဆိုရင်တော့ စော်ဘွားမျိုးနွယ်စုလို့လဲ ပြောနိုင်သလို ရှေးအခေါ်ပြော ရရင် တောင်ပိုင်ဆိုပါတော့။ အခု ခေတ်မှာ တချို့ကကန့်ကွက်မှု တွေလဲရှိနိုင်တယ်။ ဆိုချင်တာ က ချင်း တိုင်း ရင်းသားတွေမှာ ဝတ်စုံဝတ် အဆင့်အတန်းဆို တာရှိတယ်။ ဟားခါးမှာဆိုရင် ခါးမှာပတ်တဲ့ငွေကွင်းကို ကြည့် ရတယ်။ ကျွန်မတို့က ကိုယ်ပေါ် မှာဝတ်ဆင်ထားတဲ့ အဝတ် တန် ဆာကို ကြည့်ပြီးတော့ အမျိုး အနွယ်၊ အဆင့်အတန်းကို ခွဲ ကြရတယ်””ဟု ယင်းအမျိုးသမီး ကြီးက ပြောသည်။

တောင်ပိုင်းချင်းတောင် အမျိုးသမီးတို့၏ အဝတ်တန် ဆာများတွင် တန်ဖိုးအများဆုံး မှာ ချေစွယ် (ဂျီအစွယ်)နှင့် ရက် လုပ်ထားသော လည်ဆွဲရတနာ ဖြစ်သည်။ တောင်ပိုင်းချင်းအမျိုး သမီးတို့၏ နားကပ်၊ လည်ဆွဲ၊ လက်ဝတ် ရတနာများ၊ ဆေးအိုး၊ ခြေဝတ် တန်ဆာများ ယခုအ ခါ ရရှိရန်မလွယ်တော့ကြောင်း ယင်း အမျိုးသမီးကြီးက ထပ်မံ ပြောသည်။ တောင်ပိုင်းချင်း အမျိုးသမီးတို့၏ လက်ဝတ်တန် ဆာများ မှာ တောကောင်သား ကောင်တို့မှရရှိသော အစွယ်၊ အရိုး၊ ချိုတို့ဖြင့် ပြုလုပ် ထားခြင်း ဖြစ်ရာ ယခုအခါ တောကောင် သားကောင်များ ရှားပါးလာပြီ ဖြစ်၍ ပစ္စည်းအစစ်ရရှိရန်ခက် ခဲလာပြီဖြစ်ကြောင်း သိရသည်။

ပန်သစ္စာ
Yangon Media Group

No comments:

Post a Comment