Thursday, January 2, 2014

ပြည်သူရွေးချယ်သည့် အရပ်သားအစိုးရ ပေါ်ပေါက်လာစေရေး ပုဒ်မ ၅၉ (ဃ)နှင့် ၅၉ (စ)အား ပယ်ဖျက်ပေးရန် ဆန္ဒထုတ်ဖော်မည်ဟုဆို

အရပ်သား ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အတွက် ပုဒ်မ ၅၉ (ဃ) နှင့် ၅၉ (စ) အား ပယ်ဖျက်ပေးရန် ဇန်န၀ါရီ ၃ ရက် နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်တိုင်း ဒေသကြီး ကျောက်တံတားမြို့နယ် အတွင်းရှိ ဧမာနွေလ ဘုရားရှိခိုးကျောင်းမှစ၍ ဆန္ဒထုတ်ဖော်မည့် အကြောင်း သတင်းရရှိသည်။
1000 Strong Support for Daw Aung San Suu Kyi Website မှ စတင်စုစည်းပြီး ထိုသို့ စုစည်း ခဲ့ခြင်းမှာလည်း ၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) နှင့် ၅၉ (ဃ) သည် ပြည်သူလိုလားသည့် အရပ်သား အစိုးရ မပေါ်ပေါက်စေရန် ဟန့်တားထားသည့် ဥပဒေဖြစ်ကြောင်း သိရသည်။
ကန့်ကွက်ဆန္ဒပြမည့်သူ တစ်ဦးက "၂၀၀၈ အခြေခံ ဥပဒေမှာပါတဲ့ သမ္မတ အရည်အချင်း သတ်မှတ် ချက်ကြောင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မှ ကျွန်တော်တို့တိုင်းပြည် အကျိုးဖြစ်ထွန်းမှာပါ။ ၅၉ (ဃ) ကြောင့် ကျွန်တော်တို့ တိုင်းပြည်မှာ အရပ်သား သမ္မတ မဖြစ်နိုင်ဘူး။ ဒါမျိုးက မဖြစ်သင့်ဘူးလို့ ယူဆတယ်။ ၅၉ (စ) ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဟန့်တားထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကန့်ကွက်ဆန္ဒပြမှာပါ" ဟု ပြောကြားသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ၅၉ (ဃ) ၌ သမ္မတအဖြစ် ရွေးချယ်ခံမည့်သူ အနေနှင့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး စစ်ရေးအမြင် ရှိရမည်ဟူ၍ ဖော်ပြထားပြီး ထိုဖော်ပြချက်အား အငြိမ်းစား ကျောင်းဆရာ တစ်ဦးဖြစ်သူ ဦးမြင့်အောင်က "သမ္မတဖြစ်ရင် သူကိုယ်တိုင်ထပြီး လိုက်ကြည့်၊ လိုက်ပါနေရမှာ မဟုတ်ဘူး။ တတ်သိနားလည်သူတွေကို အနားမှာခေါ်ထားရမှာ။ တစ်ကမ္ဘာလုံးမှာရှိတဲ့ သမ္မတတွေက ဒီအတိုင်းပဲ။ ဒါကို ဟန့်တားလိုက်ခြင်းအားဖြင့် သာမန်အရည်အချင်း ရှိတဲ့ အရပ်သားတွေ သမ္မတဖြစ်ခွင့် မရတော့ဘူး။ တိုင်းပြည်နစ်နာတာပေါ့" ဟု ပြောကြားသည်။
ထို့ပြင် ၎င်းကဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်အား သမ္မတအဖြစ် လုပ်ကိုင်ခွင့် ပေးကြည့်သင့်ပြီး အများပြည်သူ လက်မခံပါက နောက်ထပ်မဲမပေးခြင်းဖြင့် ပယ်ဖျက်ခွင့် ရှိနေသောကြောင့် တားဆီး မထား သင့်ဟုလည်း ပြောကြားသည်။

ပြည်သူရွေးချယ်သည့် အရပ်သားအစိုးရ ပေါ်ပေါက်လာစေရေး ပုဒ်မ ၅၉ (ဃ)နှင့် ၅၉ (စ)အား ပယ်ဖျက်ပေးရန် ဆန္ဒထုတ်ဖော်မည်ဟုဆို

အရပ်သား ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အတွက် ပုဒ်မ ၅၉ (ဃ) နှင့် ၅၉ (စ) အား ပယ်ဖျက်ပေးရန် ဇန်န၀ါရီ ၃ ရက် နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်တိုင်း ဒေသကြီး ကျောက်တံတားမြို့နယ် အတွင်းရှိ ဧမာနွေလ ဘုရားရှိခိုးကျောင်းမှစ၍ ဆန္ဒထုတ်ဖော်မည့် အကြောင်း သတင်းရရှိသည်။
1000 Strong Support for Daw Aung San Suu Kyi Website မှ စတင်စုစည်းပြီး ထိုသို့ စုစည်းခဲ့ခြင်းမှာလည်း ၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) နှင့် ၅၉ (ဃ) သည် ပြည်သူလိုလားသည့် အရပ်သားအစိုးရ မပေါ်ပေါက်စေရန် ဟန့်တားထားသည့် ဥပဒေဖြစ်ကြောင်း သိရသည်။
ကန့်ကွက်ဆန္ဒပြမည့်သူ တစ်ဦးက "၂၀၀၈ အခြေခံ ဥပဒေမှာပါတဲ့ သမ္မတ အရည်အချင်း သတ်မှတ်ချက်ကြောင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မှ ကျွန်တော်တို့တိုင်းပြည် အကျိုးဖြစ်ထွန်းမှာပါ။ ၅၉ (ဃ) ကြောင့် ကျွန်တော်တို့ တိုင်းပြည်မှာ အရပ်သားသမ္မတ မဖြစ်နိုင်ဘူး။ ဒါမျိုးက မဖြစ်သင့်ဘူးလို့ ယူဆတယ်။ ၅၉ (စ) ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဟန့်တားထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကန့်ကွက်ဆန္ဒပြမှာပါ" ဟု ပြောကြားသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ၅၉ (ဃ) ၌ သမ္မတအဖြစ် ရွေးချယ်ခံမည့်သူ အနေနှင့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး စစ်ရေးအမြင် ရှိရမည်ဟူ၍ ဖော်ပြထားပြီး ထိုဖော်ပြချက်အား အငြိမ်းစား ကျောင်းဆရာ တစ်ဦးဖြစ်သူ ဦးမြင့်အောင်က "သမ္မတဖြစ်ရင် သူကိုယ်တိုင်ထပြီး လိုက်ကြည့်၊ လိုက်ပါနေရမှာ မဟုတ်ဘူး။ တတ်သိနားလည်သူတွေကို အနားမှာခေါ်ထားရမှာ။ တစ်ကမ္ဘာလုံးမှာရှိတဲ့ သမ္မတတွေက ဒီအတိုင်းပဲ။ ဒါကို ဟန့်တားလိုက်ခြင်းအားဖြင့် သာမန်အရည်အချင်း ရှိတဲ့ အရပ်သားတွေ သမ္မတဖြစ်ခွင့် မရတော့ဘူး။ တိုင်းပြည်နစ်နာတာပေါ့" ဟု ပြောကြားသည်။
ထို့ပြင် ၎င်းကဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်အား သမ္မတအဖြစ် လုပ်ကိုင်ခွင့် ပေးကြည့်သင့်ပြီး အများပြည်သူ လက်မခံပါက နောက်ထပ်မဲမပေးခြင်းဖြင့် ပယ်ဖျက်ခွင့် ရှိနေသောကြောင့် တားဆီးမထားသင့်ဟုလည်း ပြောကြားသည်။
- See more at: http://news-eleven.com/politic/%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%9E%E1%80%B0%E1%80%B1%E1%80%9B%E1%80%BC%E1%80%B8%E1%80%81%E1%80%BA%E1%80%9A%E1%80%B9%E1%80%9E%E1%80%8A%E1%80%B9%E1%80%B7-%E1%80%A1%E1%80%9B%E1%80%95%E1%80%B9%E1%80%9E%E1%80%AC%E1%80%B8%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B-%E1%80%B1%E1%80%95%E1%81%9A%E1%80%B1%E1%80%95%E1%80%AB%E1%80%80%E1%80%B9%E1%80%9C%E1%80%AC%E1%80%B1%E1%80%85%E1%80%B1%E1%80%9B%E1%80%B8-%E1%80%95%E1%80%AF%E1%80%92%E1%80%B9%E1%80%99-%E1%81%85%E1%81%89-%E1%80%83%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%81%85%E1%81%89-%E1%80%85%E1%80%A1%E1%80%AC%E1%80%B8-%E1%80%95%E1%80%9A%E1%80%B9%E1%80%96%E1%80%BA%E1%80%80%E1%80%B9%E1%80%B1%E1%80%95%E1%80%B8%E1%80%9B%E1%80%94%E1%80%B9#sthash.Wab2TrR7.dpuf

No comments:

Post a Comment