ယင်းကဲ့သို့ မီးလောင်ကျွမ်းခြင်းသည် မီးကြွင်းမီးကျန်ကြောင့် မီးလောင်ကျွမ်းရခြင်း ဖြစ်သည်ဟု ဆိုသည်။ မီးလောင်ကျွမ်း မှုကြောင့် ပေ ၂ဝ×၃ဝ ထရံကာသွပ်မိုး၊ မြေစိုက်အိမ် ၂လုံး၊ ပေ ၂ဝ× ပေ ၆ဝ နံကပ် ၂ထပ်တိုက်၏ အပေါ်ထပ်နှင့် အာစီလေးထပ် တိုက်၏ မှန်များကွဲကြေပျက်စီး ဆုံရှုံးခဲ့သည်။
မီးစတင်လောင်ကျွမ်းသည့် ပျဉ်ထောင်အိမ် ပြိုကျပြီးနောက် ဘေးဘက် အိမ်များကို ကူးစက် လောင်ကျွမ်းခဲ့သည်။
မီးလောင်ချိန်မှာ နေ့လယ် ၃ နာရီခန့်က စတင်လောင်ကျွမ်းခဲ့ပြီး ၁၅ မိနစ်ခန့် ကြာမြင့်ပြီး မီးသတ်ယာဉ် ၅၄ စီးဖြင့် ငြှိမ်းသတ်ခဲ့ရသည်။ မီးလောင်ကျွမ်းခြင်းနှင့် ပတ်သက်၍ အိမ်ရှင်ကို နယ်မြေခံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနနှင့် လျှပ်စစ်ဌာန တို့မှ စစ်ဆေးနေပြီး အရေးယူ ဆောင်ရွက်သွားမည် ဖြစ်သည်။
Mizzima - News in Burmese
No comments:
Post a Comment